ဒီရာသီ ယူနိုက်တက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း နဗီးလ် ဖွင့်ဟ

ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့ကလပ်အသင်းဟောင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖြစ်ဖို့ဆိုတာ လီဗာပူး၊ စီးတီးတို့နဲ့ အလှမ်းကွာလွန်းတဲ့ အနေအထားကြောင့် ဖြစ်လာနိုင်စရာ နည်းလမ်း တစ်နည်းပဲ ရှိတယ်လို့ ဖွင့်ဟသွားပါတယ်။ နဗီးလ်က အပြောင်းအရွှေ့ မပိတ်ခင် လိုအပ်နေတဲ့ နေရာတွေ အတွက် ယူနိုက်တက် ထိပ်တန်း ကစားသမား လေးဦး ခေါ်မှ ရမယ်လို့ ဆိုခဲ့တာပါ။

ဆိုးရှားရဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံ ဖြစ်သွားတဲ့ လီဗာပူးနောက် ၃၃ မှတ်ထိ ကွာဟကာ အဆင့် ၃ နေရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ ရာသီဝက်မှာ ယူနိုက်တက်က တဟုန်ထိုး တိုးတက်လာတာကြောင့် ရာသီသစ် အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိကောင်း ရှိနေကြမှာ ဖြစ်ပေမယ့် နဗီးလ်ကတော့ လက်ရှိ အင်အားနဲ့ မလုံလောက်ဘူးလို့ ယုံကြည်နေပါတယ်။

ယူနိုက်တက် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်မလား ဆိုတဲ့ အမေးကို ဆွေးနွေးမှုမှာ နဗီးလ်က – ” ကျနော့် အတွက်တော့ ဒီမေးခွန်းကြီးက ခုနေ ဖြေဖို့ အဆင်မပြေသေးဘူးထင်တယ်။ သူတို့ ရှိထားတဲ့ လူစာရင်းက မလုံလောက်ူဘး။ တကယ်လို့သာ ယူနိုက်တက်က ထူးချွန်တဲ့ တိုက်စစ်သမား နှစ်ဦး၊ သိပ်တော်တဲ့ ဗဟိုခံစစ် တစ်ယောက်နဲ့ လုံး၀ အလန်းစား ဘယ်စွန်ခံစစ် တစ်ယောက်ကို လာမယ့် သုံးပတ် အတွင်းမှာ ခေါ်နိုင်မယ်ဆိုရင်တော့ ချန်ပီယံ ဖြစ်သွားနိုင်ပါတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

” ကျနော် တစ်ခု အာမခံနိုင်တာကတော့ ယူနိုက်တက်က ချန်ပီယံတော့ ပြန်ဖြစ်ဦးမှာပါ။ ဒီနှစ်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ နောက်နှစ်တွေမှာ ဖြစ်လာနိုင်ပါတယ်။ ဒီလို အသင်းကို ပြန်စုစည်း တည်ဆောက်ပြီး ဆုဖလားတွေ ယူနိုင်ရင် အဲဒီကျ သိပ်ကို ကောင်းတဲ့ အခိုက်အတန့် ဖြစ်မှာပါ။

ကျနော် အခု ယူနိုက်တက်ဖန် တစ်ယောက် အနေနဲ့ ထိုင်ပြောနေတာ မဟုတ်ဘူး။ ငါတို့ ဒီနှစ် ချန်ပီယံ ဖြစ်ရမယ် ဆိုတဲ့ ပရိသတ် အတွေးမျိုးနဲ့ မဟုတ်ဘူး။ ကျနော်တို့လည်း ဖြစ်ချင်တာပေါ့ ဒါပေမယ့် အခုက အချိန်မဟုတ်သေးဘူး အချိန်မကျသေးဘူး။

နောက်နှစ် နည်းနည်းကြာရင် ကလော့ပ်တို့ ဂွာဒီယိုလာတို့လည်း လီဗာပူး၊ မန်စီးတီးတို့ကနေ ခွာဖို့ မျှော်လင့်တယ်။ အဲဒီအချိန်ဆိုရင် ယူနိုက်တက်ကလည်း အားပြည့် အင်ပြည့် အချိန်ကောင်း ဖြစ်မှာပါ။ ကျနော်တို့လိုပဲ ချယ်ဆီးကလည်း တွေးနေပါလိမ့်မယ်။” လို့ နဗီးလ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ လာမယ့် သီတင်းပတ်ကုန်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲဦးထွက် ကစားပြီး စတင်မှာဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ ခံစစ္မွဴးေဟာင္း ဂယ္ရီနဗီးလ္ကေတာ့ သူ႔ရဲ႕ကလပ္အသင္းေဟာင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ျဖစ္ဖို႔ဆိုတာ လီဗာပူး၊ စီးတီးတို႔နဲ႕ အလွမ္းကြာလြန္းတဲ့ အေနအထားေၾကာင့္ ျဖစ္လာနုိင္စရာ နည္းလမ္း တစ္နည္းပဲ ရွိတယ္လို႔ ဖြင့္ဟသြားပါတယ္။ နဗီးလ္က အေျပာင္းအေရႊ႕ မပိတ္ခင္ လိုအပ္ေနတဲ့ ေနရာေတြ အတြက္ ယူနိုက္တက္ ထိပ္တန္း ကစားသမား ေလးဦး ေခၚမွ ရမယ္လို႔ ဆိုခဲ့တာပါ။

ဆိုးရွားရဲ႕ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံ ျဖစ္သြားတဲ့ လီဗာပူးေနာက္ ၃၃ မွတ္ထိ ကြာဟကာ အဆင့္ ၃ ေနရာ ရခဲ့တာ ျဖစ္ပါတယ္။ ဒုတိယ ရာသီ၀က္မွာ ယူနုိက္တက္က တဟုန္ထိုး တိုးတက္လာတာေၾကာင့္ ရာသီသစ္ အတြက္ ေမွ်ာ္လင့္ခ်က္ေကာင္းေတြ ရွိေကာင္း ရွိေနၾကမွာ ျဖစ္ေပမယ့္ နဗီးလ္ကေတာ့ လက္ရွိ အင္အားနဲ႕ မလံုေလာက္ဘူးလို႔ ယံုၾကည္ေနပါတယ္။

ယူနိုက္တက္ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္နိုင္မလား ဆိုတဲ့ အေမးကို ေဆြးေႏြးမႈမွာ နဗီးလ္က – ” က်ေနာ့္ အတြက္ေတာ့ ဒီေမးခြန္းၾကီးက ခုေန ေျဖဖို႔ အဆင္မေျပေသးဘူးထင္တယ္။ သူတို႔ ရွိထားတဲ့ လူစာရင္းက မလံုေလာက္ူဘး။ တကယ္လို႔သာ ယူနိုက္တက္က ထူးခၽြန္တဲ့ တိုက္စစ္သမား နွစ္ဦး၊ သိပ္ေတာ္တဲ့ ဗဟိုခံစစ္ တစ္ေယာက္နဲ႕ လံုး၀ အလန္းစား ဘယ္စြန္ခံစစ္ တစ္ေယာက္ကို လာမယ့္ သံုးပတ္ အတြင္းမွာ ေခၚနိုင္မယ္ဆိုရင္ေတာ့ ခ်န္ပီယံ ျဖစ္သြားနုိင္ပါတယ္။ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

” က်ေနာ္ တစ္ခု အာမခံနုိင္တာကေတာ့ ယူနုိက္တက္က ခ်န္ပီယံေတာ့ ျပန္ျဖစ္ဦးမွာပါ။ ဒီနွစ္ေတာ့ ဟုတ္ခ်င္မွ ဟုတ္မွာေပါ့။ ေနာက္နွစ္ေတြမွာ ျဖစ္လာနိုင္ပါတယ္။ ဒီလို အသင္းကို ျပန္စုစည္း တည္ေဆာက္ျပီး ဆုဖလားေတြ ယူနိုင္ရင္ အဲဒီက် သိပ္ကို ေကာင္းတဲ့ အခိုက္အတန္႔ ျဖစ္မွာပါ။

က်ေနာ္ အခု ယူနိုက္တက္ဖန္ တစ္ေယာက္ အေနနဲ႕ ထိုင္ေျပာေနတာ မဟုတ္ဘူး။ ငါတို႔ ဒီနွစ္ ခ်န္ပီယံ ျဖစ္ရမယ္ ဆိုတဲ့ ပရိသတ္ အေတြးမ်ိဳးနဲ႕ မဟုတ္ဘူး။ က်ေနာ္တို႔လည္း ျဖစ္ခ်င္တာေပါ့ ဒါေပမယ့္ အခုက အခ်ိန္မဟုတ္ေသးဘူး အခ်ိန္မက်ေသးဘူး။

ေနာက္နွစ္ နည္းနည္းၾကာရင္ ကေလာ့ပ္တို႔ ဂြာဒီယိုလာတို႔လည္း လီဗာပူး၊ မန္စီးတီးတို႔ကေန ခြာဖို႔ ေမွ်ာ္လင့္တယ္။ အဲဒီအခ်ိန္ဆိုရင္ ယူနိုက္တက္ကလည္း အားျပည့္ အင္ျပည့္ အခ်ိန္ေကာင္း ျဖစ္မွာပါ။ က်ေနာ္တို႔လိုပဲ ခ်ယ္ဆီးကလည္း ေတြးေနပါလိမ့္မယ္။” လို႔ နဗီးလ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ၂၀၂၀-၂၁ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ျပိဳင္ပြဲကေတာ့ လာမယ့္ သီတင္းပတ္ကုန္မွာ ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲဦးထြက္ ကစားျပီး စတင္မွာျဖစ္ပါတယ္။