လီဗာပူးမှာ တိုက်စစ်ကောင်း ရှိသလို ချယ်ဆီးမှာလည်း ကိုယ်ပိုင် လက်နက်ကောင်းတွေ ရှိပါတယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ ထိပ်တိုက်တွေ့ဆုံနေတဲ့ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းဟာ နာမည်ကျော် ဆာလက်၊ မာနေး၊ ဖာမီနို တို့ သုံးယောက် တိုက်စစ် အတွဲ ပိုင်ဆိုင်ထားပေမယ့် ချယ်ဆီးအသင်းမှာလည်း ကိုယ်ပိုင် လက်နက်ကောင်းတွေ ရှိထားကြောင်း ခံစစ်မှူး ကပ် ဇူးမားက ကြုံးဝါးလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်မှာ အမှတ်ပြတ်နဲ့ ထိပ်ဆုံးက ဦးဆောင် လွှမ်းမိုးခဲ့တာ မှန်ပေမယ့် အခုက ဘောလုံးရာသီ သစ် ဖြစ်ကြောင်း လည်း ဇူးမားက ဆိုခဲ့ပြီး ချယ်ဆီးအသင်းဟာ လက်ရှိ ချန်ပီယံကို ခံစား သွားအောင် လုပ်နိုင်တယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

” သူတို့ (လီဗာပူး)မှာ တိုက်စစ်သုံးယောက် သိပ်ကောင်းတယ် ဆိုတာ ဟုတ်ပေမယ့် ကျနော်တို့မှာလည်း ကိုယ်ပိုင် လက်နက်တွေ ရှိပါတယ်။ ကျနော်တို့က သူတို့ကို ခံစားသွားအောင် လုပ်နိုင်ပါတယ်။ ဒီပွဲက ကြည့်လို့ ကောင်းတဲ့ ပွဲ ဖြစ်မှာပါ။

ပြီးခဲ့တဲ့ ရာသီကတော့ လီဗာပူးက လုံး၀ လွှမ်းမိုးခဲ့တယ်။ နိုင်ပွဲတွေ ဆက်တိုက် ကောင်းကောင်း ရခဲ့ကြတယ်။ သူတို့က ရှုံးလည်း ရှုံးခဲတယ်။ ဒါပေမယ့် အခုက နောက်တစ်နှစ်ပါ။ လူတိုင်းက သုညကနေ ပြန်စတင်တာပါ။ ကျနော်တို့ကတော့ ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်ရမှာပါ။ ” လို့ ဇူးမားက ပြောဆိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ လီဗာပူးအသင်းဟာ စတန်းဖို့ဘရစ်ချ်မှာ ချယ်ဆီးကို လာရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး စိတ်ဝင်စားဖွယ် ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာပါ။ ပူလီဆစ် ဒါမှမဟုတ် ဇီယက် က ကြံ့ခိုင်မှု ပြည့်ရင်တော့ တီမိုဗာနာနဲ့ ပေါင်းစပ် ကစားနိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပွဲစဉ် ၁ မှာ တန်းတက်လာတဲ့ လိဒ်ယူနိုက်တက် အသင်းကို နိုင်ခဲ့ပေမယ့် ဂိုးတွေ ပေးခဲ့ရကာ ၄-၃ နဲ့ သာ အနိုင်ရထားပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ မွာ ထိပ္တိုက္ေတြ႔ဆံုေနတဲ့ လက္ရွိ ခ်န္ပီယံ လီဗာပူးအသင္းဟာ နာမည္ေက်ာ္ ဆာလက္၊ မာေနး၊ ဖာမီနို တို႔ သံုးေယာက္ တိုက္စစ္ အတြဲ ပိုင္ဆိုင္ထားေပမယ့္ ခ်ယ္ဆီးအသင္းမွာလည္း ကိုယ္ပိုင္ လက္နက္ေကာင္းေတြ ရွိထားေၾကာင္း ခံစစ္မွဴး ကပ္ ဇူးမားက ၾကံဳး၀ါးလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ ရာသီက လိဂ္မွာ အမွတ္ျပတ္နဲ႕ ထိပ္ဆံုးက ဦးေဆာင္ လႊမ္းမိုးခဲ့တာ မွန္ေပမယ့္ အခုက ေဘာလံုးရာသီ သစ္ ျဖစ္ေၾကာင္း လည္း ဇူးမားက ဆိုခဲ့ျပီး ခ်ယ္ဆီးအသင္းဟာ လက္ရွိ ခ်န္ပီယံကို ခံစား သြားေအာင္ လုပ္နိုင္တယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။

” သူတို႔ (လီဗာပူး)မွာ တိုက္စစ္သံုးေယာက္ သိပ္ေကာင္းတယ္ ဆိုတာ ဟုတ္ေပမယ့္ က်ေနာ္တို႔မွာလည္း ကိုယ္ပိုင္ လက္နက္ေတြ ရွိပါတယ္။ က်ေနာ္တို႔က သူတို႔ကို ခံစားသြားေအာင္ လုပ္နုိင္ပါတယ္။ ဒီပြဲက ၾကည့္လို႔ ေကာင္းတဲ့ ပြဲ ျဖစ္မွာပါ။

ျပီးခဲ့တဲ့ ရာသီကေတာ့ လီဗာပူးက လံုး၀ လႊမ္းမိုးခဲ့တယ္။ နိုင္ပြဲေတြ ဆက္တိုက္ ေကာင္းေကာင္း ရခဲ့ၾကတယ္။ သူတို႔က ရွံဳးလည္း ရွံဳးခဲတယ္။ ဒါေပမယ့္ အခုက ေနာက္တစ္နွစ္ပါ။ လူတိုင္းက သုညကေန ျပန္စတင္တာပါ။ က်ေနာ္တို႔ကေတာ့ ဘာလုပ္နုိင္မလဲ ဆိုတာ ၾကည့္ရမွာပါ။ ” လို႔ ဇူးမားက ေျပာဆိုခဲ့ပါတယ္။

ဒီတစ္ပတ္မွာ လီဗာပူးအသင္းဟာ စတန္းဖို႔ဘရစ္ခ်္မွာ ခ်ယ္ဆီးကို လာေရာက္ ရင္ဆိုင္ရမွာ ျဖစ္ျပီး စိတ္၀င္စားဖြယ္ ပြဲေကာင္း တစ္ပြဲ ျဖစ္လာမွာပါ။ ပူလီဆစ္ ဒါမွမဟုတ္ ဇီယက္ က ၾကံ႕ခိုင္မႈ ျပည့္ရင္ေတာ့ တီမိုဗာနာနဲ႕ ေပါင္းစပ္ ကစားနိုင္မွာ ျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ ပြဲစဥ္ ၁ မွာ တန္းတက္လာတဲ့ လိဒ္ယူနိုက္တက္ အသင္းကို နုိင္ခဲ့ေပမယ့္ ဂိုးေတြ ေပးခဲ့ရကာ ၄-၃ နဲ႕ သာ အနုိင္ရထားပါတယ္။