အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ လန်ဒန်မြို့ခံ ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းကို အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ ပွဲချိန် ကတော့ စက်တင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁း၃၀ နာရီ မှာပါ။
ဒီပွဲစဉ် အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ သုံးသပ်မှုတွေ ပြုလုပ်ပြီး ရလဒ်ကိုပါ ခန့်မှန်းထားပါတယ်။
အိုဝင်က ” အာဆင်နယ်က ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာ အထင်ကြီးလောက်ဖွယ် ပုံစံကောင်း ပြသသွားပါတယ်။ မီခေးလ် အာတီတာက အာဆင်နယ် အသင်းရဲ့ ဟန်ပန်၊ ကစားပုံနဲ့ ယုံကြည်မှုတွေကို သူ တာဝန်စယူတည်းကနေ ပြောင်းလဲ ယူလာခဲ့ပါတယ်။
အထူးသဖြင့် ကစားသမားသစ် ဂါဘရီရယ် ရဲ့ ပုံစံနဲ့ အာဆင်နယ် ခံစစ်က ပိုပြီး ကျစ်လစ်နေပါတယ်။ နောက် တစ်ဦး ဖြစ်တဲ့ ချယ်ဆီးက ခေါ်ထားတဲ့ ဝီလီယံကလည်း ခြေစွမ်းကောင်းတွေ ပြခဲ့တယ်။ ဂန်းနားတွေက လုံး၀ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပြီ ယူဆရပါတယ်။
ဒီရာသီမှာ ဝက်စ်ဟမ်းက အမှတ်ပေးဇယား အပေါ်ပိုင်း တဝက်ထဲ ပါမယ်လို့ မှန်းခဲ့ပေမယ့် သူတို့က ကလပ်အသင်းမှာရော ကွင်းပြင်မှာပါ ပြသနာတွေ ရှိနေပုံ ရပါတယ်။ ဒေးဗစ် မိုယက်စ်ဟာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးခဲ့တဲ့နောက် တော်တော် မပျော်ရွှင် ဖြစ်နေတာေ တွ့ရပါတယ်။ သူတို့ အနေနဲ့ ပုံစံကောင်းရနေတဲ့ မြောက်လန်ဒန် ပြိုင်ဘက် အသင်းနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ဒါတွေကို ပြောင်းလဲနိုင်မလား ကြည့်ရမှာပါ။ ” လို့ သုံးသပ်ထားပါတယ်။
ပွဲ ရလဒ်ကိုတော့ ” ဒီပွဲက ဂိုးများမှာပါ။ ကျနော့် အမြင်တော့ ဂန်းနားတွေပဲ ၃-၀ နဲ့ ဂိုးပြတ် နိုင်ပါလိမ့်မယ်။ ” လို့ ဆိုထားပါတယ်။
Zawgyi – အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ မွာ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ တစ္သင္း ျဖစ္တဲ့ ၀က္စ္ဟမ္း အသင္းကို အမ္းမရိတ္မွာ ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။ ပြဲခ်ိန္ ကေတာ့ စက္တင္ဘာလ ၂၀ ရက္ (တနဂၤေႏြေန႔) နံနက္ ၁း၃၀ နာရီ မွာပါ။
ဒီပြဲစဥ္ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ သံုးသပ္မႈေတြ ျပဳလုပ္ျပီး ရလဒ္ကိုပါ ခန္႔မွန္းထားပါတယ္။
အို၀င္က ” အာဆင္နယ္က ျပီးခဲ့တဲ့အပတ္က ဖူလ္ဟမ္နဲ႕ အဖြင့္ပြဲမွာ အထင္ၾကီးေလာက္ဖြယ္ ပံုစံေကာင္း ျပသသြားပါတယ္။ မီေခးလ္ အာတီတာက အာဆင္နယ္ အသင္းရဲ႕ ဟန္ပန္၊ ကစားပံုနဲ႕ ယံုၾကည္မႈေတြကို သူ တာ၀န္စယူတည္းကေန ေျပာင္းလဲ ယူလာခဲ့ပါတယ္။
အထူးသျဖင့္ ကစားသမားသစ္ ဂါဘရီရယ္ ရဲ႕ ပံုစံနဲ႕ အာဆင္နယ္ ခံစစ္က ပိုျပီး က်စ္လစ္ေနပါတယ္။ ေနာက္ တစ္ဦး ျဖစ္တဲ့ ခ်ယ္ဆီးက ေခၚထားတဲ့ ၀ီလီယံကလည္း ေျခစြမ္းေကာင္းေတြ ျပခဲ့တယ္။ ဂန္းနားေတြက လံုး၀ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနျပီ ယူဆရပါတယ္။
ဒီရာသီမွာ ၀က္စ္ဟမ္းက အမွတ္ေပးဇယား အေပၚပိုင္း တ၀က္ထဲ ပါမယ္လို႔ မွန္းခဲ့ေပမယ့္ သူတို႔က ကလပ္အသင္းမွာေရာ ကြင္းျပင္မွာပါ ျပသနာေတြ ရွိေနပံု ရပါတယ္။ ေဒးဗစ္ မိုယက္စ္ဟာ နယူးကာဆယ္ကို အိမ္ကြင္းမွာ ၂-၀ နဲ႕ ရွံဳးခဲ့တဲ့ေနာက္ ေတာ္ေတာ္ မေပ်ာ္ရႊင္ ျဖစ္ေနတာေ တြ႔ရပါတယ္။ သူတို႔ အေနနဲ႕ ပံုစံေကာင္းရေနတဲ့ ေျမာက္လန္ဒန္ ျပိဳင္ဘက္ အသင္းနဲ႕ ရင္ဆိုင္ေတြ႔ခ်ိန္မွာ ဒါေတြကို ေျပာင္းလဲနုိင္မလား ၾကည့္ရမွာပါ။ ” လို႔ သံုးသပ္ထားပါတယ္။
ပြဲ ရလဒ္ကိုေတာ့ ” ဒီပြဲက ဂိုးမ်ားမွာပါ။ က်ေနာ့္ အျမင္ေတာ့ ဂန္းနားေတြပဲ ၃-၀ နဲ႕ ဂိုးျပတ္ နုိင္ပါလိမ့္မယ္။ ” လို႔ ဆိုထားပါတယ္။