မန်ချက်စတာယူနိုက်တက် Vs ခရစ္စတယ်ပဲလေ့စ် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ် ခန့်မှန်း

ဒီတစ်ပတ် မှာတော့ မန်ချက်စတာယူနိုက်တက် ရဲ့ ပရီးမီးယားလိဂ် ပွဲတွေ စတင်ပြီ ဖြစ်ပြီး ပွဲဦးထွက်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

ပွဲချိန် ကတော့ လာမယ့် စက်တင်ဘာလ ၁၉ ရက် (စနေနေ့) ည ၁၁ နာရီမှာပါ။ ဒီပွဲအတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ဥရောပပွဲတွေ နောက်ကျ ကစားခဲ့ရတာကြောင့် အရင်တစ်ပတ်က ကစားခဲ့တဲ့ ပွဲစဉ် ၁ သီတင်းပတ်မှာ အနားရနေခဲ့ပါတယ်။ ဒီတစ်ပတ် သူတို့အတွက် ရာသီသစ် အစ ပွဲဦးထွက်မှာတော့ သုံးမှတ်အပြည့် ယူဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကတော့ ပြီးခဲ့တဲ့ အပတ်က အဖွင့်ပွဲမှာ ဆောက်သမ်တမ်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲ နိုင်ပွဲ ရထားပါတယ်။ ထိုပွဲက အနိုင် သုံးမှတ် အတွက် ဂိုးသမား ဂူအီတာ ကို ကျေးဇူးတင်ရမှာ ဖြစ်ပြီး ဒန်နီအင့်ရဲ့ ကန်သွင်းချက်ကို အချိန်ကောင်းမှာ ရအောင် ဖမ်းပေးနိုင်ခဲ့ပါတယ်။

ကျနော်ကတော့ ဒီရာသီ ရွိုင်းဟော့ဆန် နဲ့ သူ့အသင်း အတွက် ခက်ခဲ ရှည်ကြာတဲ့ ရာသီ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီ တစ်ပတ် ပွဲကတော့ မန်ချက်စတာ ယူနိုက်တက်ပဲ သက်တောင့်သက်သာနဲ့ အိမ်ကွင်းမှာ ပေးဂိုး မရှိ ၂-၀ နဲ့ နိုင်သွားမယ် ထင်ပါတယ်။

Zawgyi – ဒီတစ္ပတ္မွာေတာ့ မန္ခ်က္စတာယူနိုက္တက္ ရဲ႕ ပရီးမီးယားလိဂ္ ပြဲေတြ စတင္ျပီ ျဖစ္ျပီး ပြဲဦးထြက္မွာ ခရစၥတယ္ပဲေလ့စ္ အသင္းကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ကေတာ့ လာမယ့္ စက္တင္ဘာလ ၁၉ ရက္ (စေနေန႔) ည ၁၁ နာရီမွာပါ။ ဒီပြဲအတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ ျပီးခဲ့တဲ့ ရာသီက ဥေရာပပြဲေတြ ေနာက္က် ကစားခဲ့ရတာေၾကာင့္ အရင္တစ္ပတ္က ကစားခဲ့တဲ့ ပြဲစဥ္ ၁ သီတင္းပတ္မွာ အနားရေနခဲ့ပါတယ္။ ဒီတစ္ပတ္ သူတို႔အတြက္ ရာသီသစ္ အစ ပြဲဦးထြက္မွာေတာ့ သံုးမွတ္အျပည့္ ယူဖို႔ စိတ္အားထက္သန္ေနမွာ ျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ကေတာ့ ျပီးခဲ့တဲ့ အပတ္က အဖြင့္ပဲြမွာ ေဆာက္သမ္တမ္ကို ၁-၀ နဲ႕ ခက္ခက္ခဲခဲ နုိင္ပြဲ ရထားပါတယ္။ ထိုပြဲက အနုိင္ သံုးမွတ္ အတြက္ ဂိုးသမား ဂူအီတာ ကို ေက်းဇူးတင္ရမွာ ျဖစ္ျပီး ဒန္နီအင့္ရဲ႕ ကန္သြင္းခ်က္ကို အခ်ိန္ေကာင္းမွာ ရေအာင္ ဖမ္းေပးနုိင္ခဲ့ပါတယ္။

က်ေနာ္ကေတာ့ ဒီရာသီ ရြိဳင္းေဟာ့ဆန္ နဲ႕ သူ႔အသင္း အတြက္ ခက္ခဲ ရွည္ၾကာတဲ့ ရာသီ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဒီ တစ္ပတ္ ပြဲကေတာ့ မန္ခ်က္စတာ ယူနုိက္တက္ပဲ သက္ေတာင့္သက္သာနဲ႕ အိမ္ကြင္းမွာ ေပးဂိုး မရွိ ၂-၀ နဲ႕ နုိင္သြားမယ္ ထင္ပါတယ္။