မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘောလုံးရာသီသစ်ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ဒီတစ်ပတ်မှ ကစားရမှာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ် အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။
ပွဲချိန် ကတော့ လာမယ့် စက်တင်ဘာလ ၁၉ ရက် (စနေနေ့) ည ၁၁ နာရီ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို ဆိုထားပါတယ်။
” ဒီပွဲက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ ပထမဆုံးပွဲပါ။ ခရစ္စတယ်ပဲလေ့စ် ကတော့ ပွဲဦးထွက်မှာ ဆောက်သမ်တန်နဲ့ ကန်ပြီး နိုင်ပွဲကောင်း ရထားပါတယ်။
ဘတ်ရှူဝါရီကို ချယ်ဆီးကနေ အငှား ခေါ်လိုက်ပြီးနောက် ပဲလေ့စ်ဟာ ယခင် ပြသနာ ရှိထားတဲ့ သွင်းဂိုးတွေ အတွက် အနည်းငယ်တော့ စိတ်အေးရဖွယ် ရှိပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်ကနေတော့ သူတို့ ဘာမှ ယူသွားနိုင်မယ် ကျနော် ထင်မထားပါဘူး။
ပီးခဲ့တဲ့ ရာသီကတော့ ပဲလေ့စ်တို့ ဒီမှာ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ယူနိုက်တက်က ဒါကို လုံး၀ ပြောင်းလဲပြပြီး အမှတ်ရအောင် လုပ်ပြပါလိမ့်မယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာယူနိုက်တက် 2-0 ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေဘာလံုးရာသီသစ္ရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္ကို ဒီတစ္ပတ္မွ ကစားရမွာ ျဖစ္ျပီး ခရစၥတယ္ပဲေလ့စ္ အသင္းကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားမွာပါ။
ပြဲခ်ိန္ ကေတာ့ လာမယ့္ စက္တင္ဘာလ ၁၉ ရက္ (စေနေန႔) ည ၁၁ နာရီ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို ဆိုထားပါတယ္။
” ဒီပြဲက မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဒီရာသီ ပထမဆံုးပြဲပါ။ ခရစၥတယ္ပဲေလ့စ္ ကေတာ့ ပြဲဦးထြက္မွာ ေဆာက္သမ္တန္နဲ႕ ကန္ျပီး နုိင္ပြဲေကာင္း ရထားပါတယ္။
ဘတ္ရွဴ၀ါရီကို ခ်ယ္ဆီးကေန အငွား ေခၚလိုက္ျပီးေနာက္ ပဲေလ့စ္ဟာ ယခင္ ျပသနာ ရွိထားတဲ့ သြင္းဂိုးေတြ အတြက္ အနည္းငယ္ေတာ့ စိတ္ေအးရဖြယ္ ရွိပါတယ္။ ဒါေပမယ့္ အိုးထရက္ဖို႔ဒ္ကေနေတာ့ သူတို႔ ဘာမွ ယူသြားနိုင္မယ္ က်ေနာ္ ထင္မထားပါဘူး။
ပီးခဲ့တဲ့ ရာသီကေတာ့ ပဲေလ့စ္တို႔ ဒီမွာ နုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ယူနိုက္တက္က ဒါကို လံုး၀ ေျပာင္းလဲျပျပီး အမွတ္ရေအာင္ လုပ္ျပပါလိမ့္မယ္။ ” လို႔ ေလာ္ရိုးက သံုးသပ္ထားပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာယူနိုက္တက္ 2-0 ခရစၥတယ္ပဲေလ့စ္ ျဖစ္ပါတယ္။