အာဆင်နယ် Vs ဝက်စ်ဟမ်း လန်ဒန်ဒါဘီ ပွဲအတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ လာမယ့် စက်တင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁း၃၀ နာရီမှာပါ။

ဒီပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ အပတ်က ပွဲအပြီးမှာ အမှတ်ပေးဇယား ထိပ်ရောက်နေပါတယ်။ တစ်ပွဲ ကစားပြီးမှာ ဒီလို ဖြစ်တာက အများကြီး မထူးခြားသေးပေမယ့် တကယ်ကို အစကောင်း တစ်ခု ရရှိခဲ့တာက ယုံကြည်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ အားထားရတဲ့ တိုက်စစ်မှူး အူဘာမီးယန်းက စာချုပ်သစ် ချုပ်ဆိုလိုက်တာက ပို ယုံကြည်မှု ရှိစေနိုင်ပါတယ်။

တဖက်မှာတော့ ဝက်စ်ဟမ်းဟာ ပွဲဦးထွက်မှာ အပြောခံချင်စရာ နယူးကာဆယ်ကို ရှုံးနိမ့်ထားတာကြောင့် ကွင်းထဲမှာ ပေါက်ကွဲမယ့် ဟန် ရှိပါတယ်။

ဂန်းနားတွေကတော့ မတ်လထဲ ဆုံစဉ်မှာ နောက်ကျသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရထားပါတယ်။ အဲဒီတုန်းကတော့ လျေ့တိလျော့ရဲ ပွဲစဉ် ဖြစ်ခဲ့ပေမယ့် အခုချိန်မှာ အာဆင်နယ်က လမ်းကြောင်းမှန်ပေါ်မှာ တက်ကြွနေပါတယ်။ ဒီတကြိမ်မှာ အာဆင်နယ်က ၆ လ အတွင်း သူတို့ ဘယ်လောက် တိုးတက်လာလဲ ဆိုတာ ပြသပါလိမ့်မယ်။ ” လို့ ဆိုထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် 2-1 ဝက်စ်ဟမ်း ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ျမိဳ႔ခံျပိဳင္ဘက္ ၀က္စ္ဟမ္း အသင္းကို ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ လာမယ့္ စက္တင္ဘာလ ၂၀ ရက္ (တနဂၤေႏြေန႔) နံနက္ ၁း၃၀ နာရီမွာပါ။

ဒီပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္သံုးသပ္သူ ေလာ္ရုိးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” အာဆင္နယ္ကေတာ့ ျပီးခဲ့တဲ့ အပတ္က ပြဲအျပီးမွာ အမွတ္ေပးဇယား ထိပ္ေရာက္ေနပါတယ္။ တစ္ပြဲ ကစားျပီးမွာ ဒီလို ျဖစ္တာက အမ်ားၾကီး မထူးျခားေသးေပမယ့္ တကယ္ကို အစေကာင္း တစ္ခု ရရွိခဲ့တာက ယံုၾကည္မႈေတြ ရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ အားထားရတဲ့ တိုက္စစ္မွဴး အူဘာမီးယန္းက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္တာက ပို ယံုၾကည္မႈ ရွိေစနိုင္ပါတယ္။

တဖက္မွာေတာ့ ၀က္စ္ဟမ္းဟာ ပြဲဦးထြက္မွာ အေျပာခံခ်င္စရာ နယူးကာဆယ္ကို ရွံဳးနိမ့္ထားတာေၾကာင့္ ကြင္းထဲမွာ ေပါက္ကြဲမယ့္ ဟန္ ရွိပါတယ္။

ဂန္းနားေတြကေတာ့ မတ္လထဲ ဆံုစဥ္မွာ ေနာက္က်သြင္းဂိုးေၾကာင့္ ၁-၀ နဲ႕ အနုိင္ရထားပါတယ္။ အဲဒီတုန္းကေတာ့ ေလ့်တိေလ်ာ့ရဲ ပြဲစဥ္ ျဖစ္ခဲ့ေပမယ့္ အခုခ်ိန္မွာ အာဆင္နယ္က လမ္းေၾကာင္းမွန္ေပၚမွာ တက္ၾကြေနပါတယ္။ ဒီတၾကိမ္မွာ အာဆင္နယ္က ၆ လ အတြင္း သူတို႔ ဘယ္ေလာက္ တိုးတက္လာလဲ ဆိုတာ ျပသပါလိမ့္မယ္။ ” လို႔ ဆိုထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ အာဆင္နယ္ 2-1 ၀က္စ္ဟမ္း ျဖစ္ပါတယ္။