ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ ကမ်းလှမ်းမှုတွေအကြောင်း နှိုင်းယှဉ် ဖွင့်ဟလာတဲ့ တိုက်စစ်မှူး တီမိုဗာနာ

ပရီးမီးယားလိဂ်မှ ထိပ်သီးနှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ ဂျာမန်သား တိုက်စစ်မှူး တီမိုဗာနာကို ဒီနွေမှာ အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် ဗာနာက ချယ်ဆီးအသင်းကို ရွေးချယ် ဖြစ်ခဲ့ပါတယ်။

အသင်း မပြောင်းခင်က ကမ်းလှမ်းမှုတွေ အကြောင်းကို ဂျာမန်သားက ဖွင့်ဟခဲ့ရင်း လီဗာပူးနဲ့ အဆင်မပြေတာမျိုး မရှိခဲ့ဘဲ ချယ်ဆီး ကမ်းလှမ်းတာက ပိုမို ကောင်းမွန်ခဲ့တယ်လို့ ရှင်းလင်း ပြောဆိုလာခဲ့တာပါ။

လီဗာပူးနဲ့ အဆင်မပြေခဲ့တဲ့ အကြောင်းကို ဗာနာက – ” လီဗာပူးနဲ့ ပြသနာ တစုံတရာ မရှိပါဘူး။ လီဗာပူးအသင်းက ခေါ်ယူချင်တယ်ဆိုရင် ဒါကို နားထောင် စဉ်းစားရမှာပါ။ သူတို့က ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်း ဖြစ်တယ်။ စူပါနည်းပြလည်း ရှိတယ် အထူးသဖြင့် ဂျာမန်သားဗျာ။

ဒီတော့ ဒါကို ထည့်စဉ်းစားရတာပေါ့။ ဒါပေမယ့် အဆုံးမှာ ကျနော် ချယ်ဆီးကို ရွေးချယ် ဖြစ်တယ်။ ဒါက လီဗာပူးနဲ့ ဆွေးနွေးမှုမှာ ပြသနာ ရှိလို့ မဟုတ်ဘူး။ ချယ်ဆီး ကမ်းလှမ်းမှုမှာက အလုံးစုံ ကျနော့်အတွက် ကွက်တိ အဆင်ပြေလွန်းတယ်။ ” လို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးအသင်းဟာ တီမိုဗာနာကို အချိန် အတော်ကြာ စောင့်ကြည့် ချိတ်ဆက်ခဲ့ပေမယ့် အဆုံးမှာတော့ ဗာနာက လိုက်ပ်ဇစ် အသင်းကနေ ချယ်ဆိးအသင်းထံ ပေါင် ၄၇.၅ သန်းနဲ့ ပြောင်းရွှေ့ ဖြစ်ခဲ့ပြီး လေးနှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ ထိပ္သီးနွစ္သင္း ျဖစ္တဲ့ လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔ဟာ ဂ်ာမန္သား တိုက္စစ္မွဴး တီမိုဗာနာကို ဒီေႏြမွာ အျပိဳင္ ကမ္းလွမ္းမႈေတြ လုပ္ခဲ့ေပမယ့္ ဗာနာက ခ်ယ္ဆီးအသင္းကို ေရြးခ်ယ္ ျဖစ္ခဲ့ပါတယ္။

အသင္း မေျပာင္းခင္က ကမ္းလွမ္းမႈေတြ အေၾကာင္းကို ဂ်ာမန္သားက ဖြင့္ဟခဲ့ရင္း လီဗာပူးနဲ႕ အဆင္မေျပတာမ်ိဳး မရွိခဲ့ဘဲ ခ်ယ္ဆီး ကမ္းလွမ္းတာက ပိုမို ေကာင္းမြန္ခဲ့တယ္လို႔ ရွင္းလင္း ေျပာဆိုလာခဲ့တာပါ။

လီဗာပူးနဲ႕ အဆင္မေျပခဲ့တဲ့ အေၾကာင္းကို ဗာနာက – ” လီဗာပူးနဲ႕ ျပသနာ တစံုတရာ မရွိပါဘူး။ လီဗာပူးအသင္းက ေခၚယူခ်င္တယ္ဆိုရင္ ဒါကို နားေထာင္ စဥ္းစားရမွာပါ။ သူတို႔က ကမၻာ့အေကာင္းဆံုး ကလပ္အသင္းေတြထဲက တစ္သင္း ျဖစ္တယ္။ စူပါနည္းျပလည္း ရွိတယ္ အထူးသျဖင့္ ဂ်ာမန္သားဗ်ာ။

ဒီေတာ့ ဒါကို ထည့္စဥ္းစားရတာေပါ့။ ဒါေပမယ့္ အဆံုးမွာ က်ေနာ္ ခ်ယ္ဆီးကို ေရြးခ်ယ္ ျဖစ္တယ္။ ဒါက လီဗာပူးနဲ႕ ေဆြးေႏြးမႈမွာ ျပသနာ ရွိလို႔ မဟုတ္ဘူး။ ခ်ယ္ဆီး ကမ္းလွမ္းမႈမွာက အလံုးစံု က်ေနာ့္အတြက္ ကြက္တိ အဆင္ေျပလြန္းတယ္။ ” လို႔ ဖြင့္ဟခဲ့ပါတယ္။

လီဗာပူးအသင္းဟာ တီမိုဗာနာကို အခ်ိန္ အေတာ္ၾကာ ေစာင့္ၾကည့္ ခ်ိတ္ဆက္ခဲ့ေပမယ့္ အဆံုးမွာေတာ့ ဗာနာက လိုက္ပ္ဇစ္ အသင္းကေန ခ်ယ္ဆိးအသင္းထံ ေပါင္ ၄၇.၅ သန္းနဲ႕ ေျပာင္းေရႊ႕ ျဖစ္ခဲ့ျပီး ေလးနွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။