ပဲလေ့စ်ကို ပေးရတဲ့ သုံးဂိုးလုံးနဲ့ မကင်းတဲ့ လင်ဒီလော့ဖ်ကို အပြစ်တင်ဖို့ ဆိုးရှား ငြင်းဆန်

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ညက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့တဲ့ ပွဲမှာ ပေးလိုက်ရတဲ့ သုံးဂိုးလုံးနဲ့ အပြစ် မကင်းခဲ့တဲ့ ခံစစ်မှူး လင်ဒီလော့ဖ်ကို အပြစ်တင်ဖို့ ငြင်းဆန်လိုက်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ ဘောလုံးရာသီ ပွဲဦးထွက်ပွဲမှာ ယူနိုက်တက်တို့ စိတ်ပျက်ဖွယ် အရှုံးရလဒ် တွေ့ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် ခံစစ်မှူးတွေဟာ ဘောလုံးသုံးသပ်သူတွေရဲ့ ဝေဖန်မှုကို အလူးအလဲ ခံခဲ့ရပါတယ်။ လင်ဒီလော့ဖ်ဟာ ပျော့လွန်းတယ်လို့ ယူနိုက်တက် ဂန္တဝင် နဗီးလ်က တည့်တိုး ပြောဆိုခဲ့ပါတယ်။

ဆိုးရှားကတော့ ရှုံးပွဲ အပေါ် လင်ဒီလော့ဖ်ကို အပြစ်တင်ဖို့ ငြင်းဆန်လိုက်ပြီး ယူနိုက်တက် တစ်သင်းလုံးက ထက်မြက်မှု ကင်းမဲ့နေခဲ့တာ ဖြစ်တယ်လို့ ပွဲ အပေါ် သုံးသပ်ပြောဆိုခဲ့ပါတယ်။

” အားလုံးက ပွဲဆက်ပြတ်နေကြတော့ ကျနေ်ာတို့ ပွဲကစားဖို့ လိုအပ်နေတယ်။ ထက်မြက်မှုတွေ လိုတယ်။ ကျနော်တို့ အကောင်းဆုံး အနေအထားကို ပြန်ရဖို့ အချိန်လိုပါတယ်။ အခုလို ပွဲကစားပြီး အသင်းက ပိုကောင်းလာတော့မယ် ကျနော်ထင်ပါတယ်။

ဒီနေ့ကတော့ ကျနော်တို့ ခံစစ်မှာ ကောင်းကောင်း မကစားနိုင်ခဲ့သလို တခြား ပိုလုပ်နိုင်မယ့် အရာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ကစားသမား တစ်ဦးချင်းကိုတော့ ကျနော်က လက်ညှိုးထိုးပြီး အပြစ်တင်မှာ မဟုတ်ဘူး။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ကစားသမား မဝယ်တာတွေကို အပြစ် တင်နေမယ့် အစား ပွဲက စွမ်းဆောင်ရည်ဟာ ယူနိုက်တက် အသင်းသားတွေထဲ သိပ်မြင်ရလေ့ ရှိတဲ့ အနေအထား မဟုတ်ဘဲ ကစားသမားတွေ အနေနဲ့ မှန်ထဲ ပြန်ကြည့်ပြီး ကိုယ့်ကိုယ် မြင်တတ်ဖို့ လိုနေပြီလို့လည်း ဆိုးရှားက ဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ညက ခရစၥတယ္ပဲေလ့စ္ကို ရွံုးခဲ့တဲ့ ပြဲမွာ ေပးလိုက္ရတဲ့ သံုးဂိုးလံုးနဲ႕ အျပစ္ မကင္းခဲ့တဲ့ ခံစစ္မွဴး လင္ဒီေလာ့ဖ္ကို အျပစ္တင္ဖို႔ ျငင္းဆန္လိုက္ပါတယ္။

အိုးထရက္ဖုိ႔ဒ္မွာ ကစားရတဲ့ ေဘာလံုးရာသီ ပဲြဦးထြက္ပြဲမွာ ယူနိုက္တက္တို႔ စိတ္ပ်က္ဖြယ္ အရွံဳးရလဒ္ ေတြ႔ခဲ့တာ ျဖစ္ျပီး ယူနိုက္တက္ ခံစစ္မွဴးေတြဟာ ေဘာလံုးသံုးသပ္သူေတြရဲ႕ ေ၀ဖန္မႈကို အလူးအလဲ ခံခဲ့ရပါတယ္။ လင္ဒီေလာ့ဖ္ဟာ ေပ်ာ့လြန္းတယ္လို႔ ယူနိုက္တက္ ဂႏၱ၀င္ နဗီးလ္က တည့္တိုး ေျပာဆိုခဲ့ပါတယ္။

ဆိုးရွားကေတာ့ ရွံဳးပြဲ အေပၚ လင္ဒီေလာ့ဖ္ကို အျပစ္တင္ဖို႔ ျငင္းဆန္လိုက္ျပီး ယူနိုက္တက္ တစ္သင္းလံုးက ထက္ျမက္မႈ ကင္းမဲ့ေနခဲ့တာ ျဖစ္တယ္လို႔ ပြဲ အေပၚ သံုးသပ္ေျပာဆိုခဲ့ပါတယ္။

” အားလံုးက ပြဲဆက္ျပတ္ေနၾကေတာ့ က်ေန္ာတို႔ ပြဲကစားဖို႔ လိုအပ္ေနတယ္။ ထက္ျမက္မႈေတြ လိုတယ္။ က်ေနာ္တို႔ အေကာင္းဆံုး အေနအထားကို ျပန္ရဖို႔ အခ်ိန္လိုပါတယ္။ အခုလို ပြဲကစားျပီး အသင္းက ပိုေကာင္းလာေတာ့မယ္ က်ေနာ္ထင္ပါတယ္။

ဒီေန႕ကေတာ့ က်ေနာ္တို႕ ခံစစ္မွာ ေကာငး္ေကာင္း မကစားနုိင္ခဲ့သလို တျခား ပိုလုပ္နုိင္မယ့္ အရာေတြလည္း ရွိခဲ့တယ္။ ဒါေပမယ့္ ကစားသမား တစ္ဦးခ်င္းကိုေတာ့ က်ေနာ္က လက္ညွိဳးထိုးျပီး အျပစ္တင္မွာ မဟုတ္ဘူး။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ကစားသမား မ၀ယ္တာေတြကို အျပစ္ တင္ေနမယ့္ အစား ပြဲက စြမ္းေဆာင္ရည္ဟာ ယူနိုက္တက္ အသင္းသားေတြထဲ သိပ္ျမင္ရေလ့ ရွိတဲ့ အေနအထား မဟုတ္ဘဲ ကစားသမားေတြ အေနနဲ႕ မွန္ထဲ ျပန္ၾကည့္ျပီး ကိုယ့္ကုိယ္ ျမင္တတ္ဖို႔ လိုေနျပီလို႔လည္း ဆိုးရွားက ဆိုခဲ့ပါတယ္။