ချယ်ဆီးအသင်း နည်းပြ ဖရန့်လမ်းပတ်က လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းသား တချို့ရဲ့ သဘောထားတွေကတော့ သူ့ကို ဂုဏ်ယူ စေခဲ့ရတယ် လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။
လက်ရှိ ချန်ပီယံ လီဗာပူးအသင်းဟာ ခရစ္စတန်ဆန် ထုတ်ပယ်ခံခဲ့ရပြီး ဒုတိယပိုင်းကို ၁၀ ယောက်တည်းနဲ့ ယှဉ် ကစားသွားတဲ့ ချယ်ဆီး အသင်း အပေါ် အမှားအယွင်းမရှိ အခွင့်ကောင်းယူကာ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ မာနေးကချည်း နှစ်ဂိုးလုံး သွင်းယူသွားခဲ့တာ ဖြစ်ကာ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ လွဲချော်တာကလည်း ချယ်ဆီးကို ပိုမို အထိနာစေခဲ့ပါတယ်။
လမ်းပတ်ကတော့ သူ့အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကာကွယ်ပြောဆိုမှုတွေ ပွဲအပြီးမှာ ပြုလုပ်သွားပြီး သူ့ကို အထင်ကြီးစေခဲ့တဲ့ အသင်းသား သုံးဦးကိုလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
” သုံးမှတ် ဆုံးရှုံးရတာအတွက် ကျနော် စိတ်ပျက်မိပါတယ်။ ဒါမျိုးက အမြဲ ဒီလို ခံစားရမှာပါပဲ။ ဒါပေမယ့် ဒီနေ့ပွဲက ဘရိုက်တန်နဲ့တုန်းက သုံးမှတ် အပြည့်ရတာထက် ပိုတော့ ကျေနပ်မိတာတွေ ရှိတယ်။ ဒီနေ့မှာ အသင်းရဲ့ စိတ်ဓတ်ကောင်းတွေ မြင်ခဲ့ရတယ်။ အသင်းသားတွေရဲ့ ကာကွယ်လိုမှုတွေ မြင်ခဲ့ရတယ်။
အထူးသဖြင့် ရီစီ ဂျိမ်းစ်၊ ကော့ ဇူးမားနဲ့ ဖီကာယို တိုမိုရီတို့ ဝင်လာတဲ့ အချိန်မှာပေါ့။ ကွင်းလယ်ကလည်း အစွမ်းကုန် ကြိုးစားသွားခဲ့ကြတယ်။ ပွဲချိန်တဝက်လောက်ကို လူ ၁၀ ယောက်လောက်နဲ့ ကစားသွားခဲ့ရတာ ဖြစ်တယ်။ ဒုတိယ ဂိုးအတွက် အမှား မလုပ်မိရင်၊ ပင်နယ်တီသာ ဝင်သွားရင် ၁-၁ လောက်နဲ့ ပွဲက အဆုံးသတ်သွားနိုင်ပါတယ်။
ဘောလုံးမှာ အခုလို ပြောသလောက် မလွယ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါကိုလည်း ဖယ်ထုတ်လို့ မရပြန်ဘူး။ ဒါတွေက ဖြစ်လာနိုင်တဲ့ အရှိတရားတွေ ဖြစ်တယ်။ ကစားသမားတွေနဲ့ အနေနဲ့ ဒီလို စိတ်ဓာတ် အားမျိုးနဲ့ပဲ ရှေ့ဆက်သွားဖို့ လိုပါတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ ဖရန္႔လမ္းပတ္က လီဗာပူးကို ရွံဳးနိမ့္ခဲ့တဲ့ပြဲမွာ အသငး္သား တခ်ိဳ႕ရဲ႕ သေဘာထားေတြကေတာ့ သူ႔ကို ဂုဏ္ယူ ေစခဲ့ရတယ္ လို႔ ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။
လက္ရွိ ခ်န္ပီယံ လီဗာပူးအသင္းဟာ ခရစၥတန္ဆန္ ထုတ္ပယ္ခံခဲ့ရျပီး ဒုတိယပိုင္းကို ၁၀ ေယာက္တည္းနဲ႕ ယွဥ္ ကစားသြားတဲ့ ခ်ယ္ဆီး အသင္း အေပၚ အမွားအယြင္းမရွိ အခြင့္ေကာင္းယူကာ ဂိုးေတြ သြင္းနိုင္ခဲ့ပါတယ္။ မာေနးကခ်ည္း နွစ္ဂိုးလံုး သြင္းယူသြားခဲ့တာ ျဖစ္ကာ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီ လြဲေခ်ာ္တာကလည္း ခ်ယ္ဆီးကို ပိုမို အထိနာေစခဲ့ပါတယ္။
လမ္းပတ္ကေတာ့ သူ႔အသင္းရဲ႕ စြမ္းေဆာင္ရည္ အေပၚ ကာကြယ္ေျပာဆိုမႈေတြ ပြဲအျပီးမွာ ျပဳလုပ္သြားျပီး သူ႔ကို အထင္ၾကီးေစခဲ့တဲ့ အသင္းသား သံုးဦးကိုလည္း ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။
” သံုးမွတ္ ဆံုးရွံဳးရတာအတြက္ က်ေနာ္ စိတ္ပ်က္မိပါတယ္။ ဒါမ်ိဳးက အျမဲ ဒီလို ခံစားရမွာပါပဲ။ ဒါေပမယ့္ ဒီေန႔ပြဲက ဘရိုက္တန္နဲ႕တုန္းက သံုးမွတ္ အျပည့္ရတာထက္ ပိုေတာ့ ေက်နပ္မိတာေတြ ရွိတယ္။ ဒီေန႔မွာ အသင္းရဲ႕ စိတ္ဓတ္ေကာင္းေတြ ျမင္ခဲ့ရတယ္။ အသင္းသားေတြရဲ႕ ကာကြယ္လိုမႈေတြ ျမင္ခဲ့ရတယ္။
အထူးသျဖင့္ ရီစီ ဂ်ိမ္းစ္၊ ေကာ့ ဇူးမားနဲ႕ ဖီကာယို တိုမိုရီတို႔ ၀င္လာတဲ့ အခ်ိန္မွာေပါ့။ ကြင္းလယ္ကလည္း အစြမ္းကုန္ ၾကိဳးစားသြားခဲ့ၾကတယ္။ ပြဲခ်ိန္တ၀က္ေလာက္ကို လူ ၁၀ ေယာက္ေလာက္နဲ႕ ကစားသြားခဲ့ရတာ ျဖစ္တယ္။ ဒုတိယ ဂိုးအတြက္ အမွား မလုပ္မိရင္၊ ပင္နယ္တီသာ ၀င္သြားရင္ ၁-၁ ေလာက္နဲ႕ ပြဲက အဆံုးသတ္သြားနိုင္ပါတယ္။
ေဘာလံုးမွာ အခုလို ေျပာသေလာက္ မလြယ္ဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္ ဒါကိုလည္း ဖယ္ထုတ္လို႔ မရျပန္ဘူး။ ဒါေတြက ျဖစ္လာနိုင္တဲ့ အရွိတရားေတြ ျဖစ္တယ္။ ကစားသမားေတြနဲ႕ အေနနဲ႕ ဒီလို စိတ္ဓာတ္ အားမ်ိဳးနဲ႕ပဲ ေရွ႕ဆက္သြားဖို႔ လိုပါတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။