မန်ချက်စတာ ယူနိက်တက်ဟာ ဘာစီလိုနာ တောင်ပံတိုက်စစ်သမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ယူနိုက်တက်က ပြင်သစ်သား ကို တစ်ရာသီ အငှား ခေါ်ယူချင်ပေမယ့် လာလီဂါကလပ်ကတော့ အပြီးသတ် ရောင်းချလိုနေပြီး အငှားပဲ ခေါ်မယ် ဆိုရင်တော့ အပြီးဝယ်ခွင့် ထည့်သွင်းပေးလိုနေပါတယ်။
ဘာစီလိုနာက ဒမ်ဘီလီကို အပြီး ရောင်းထုတ်ချင်တာ ဖြစ်ပြီး လောလောဆယ်တော့ တန်ကြေး ယူရို သန်း ၁၀၀ လို့ သတ်မှတ်ထားပါတယ်။ ယူနိုက်တက်နဲ့ ဘာစီလိုနာကြား ပြောဆိုဆွေးနွေးမှုတွေကတော့ တိုးတက်မှုတွေ ရှိထားပြီး ဆက်လက် အရှီန်မြှင့်နေတယ်လို့ သိရပါတယ်။
အက် ဝုဒ်ဝပ် အပါအဝင် အိုးထရက်ဖို့ဒ်မှ အကြီးတန်း တာဝန်ရှိသူတွေကိုယ်တိုင် ဘာစီလိုနာနဲ့ အကြိတ်အနယ် ဆွေးနွေးမှုမှာ ပါဝင်နေတယ် လို့ သိရပါတယ်။ ကတ်တလန်ကပ်အသင်းဟာ သူတို့ တိုက်စစ်သမားကို အောက်တိုဘာ ၅ ရက် အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင် ရှင်းထုတ်ချင်သလို ကစားသမား ကိုယ်တိုင်ကလည်း လာလီဂါကနေ ပြောင်းရွှေ့ ထွက်ခွာလိုနေပါတယ်။
အသက် ၂၃ နှစ် အရွယ် ပြင်သစ်သားကို ဘာစီလိုနာက ၂၀၁၇ နွေမှာ ဒေါ့မွန်ထံကနေ ယူရို ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး မျှော်လင့်ချက်ကြီး ထားခဲ့ပေမယ့် ဒမ်ဘီလီက ဒဏ်ရာများနဲ့သာ ရုန်းကန်နေခဲ့ရပါတယ်။
ယူနိုက်တက် အတွက်တော့ ဒမ်ဘီလီက ဦးစားပေး ပစ်မှတ် ကစားသမားတော့ မဟုတ်ခဲ့ဘဲ ဆန်ချို ကို မခေါ်နိုင်ချိန် တိုက်စစ် အင်အားမြှင့်လိုနေတဲ့ အပြင် ကစားသမားသစ်တွေ ထပ်မခေါ်နိုင်တာကြောင့် ဖိအားတွေ တိုးလာတဲ့ အပေါ် ထွက်ပေါက် တစ်ခု အနေနဲ့ ရှုမြင်ဟန် ရှိနေပါတယ်။
ဒေါ့မွန်ဘက်ကတော့ ဆန်ချိုကို ဒီရာသီ သူတို့နဲ့ အတူ ရှိမယ် အကြိမ်ကြိမ် ဆိုထားတာကြောင့် ယူနိုက်တက်တို့ လက်လျှော့ရတော့မှာ ဖြစ်ပြီး အပြောင်းအရွှေ့ မပိတ်ခင် နည်းပြဆိုးရှားကို ဖြေသိမ့်နိုင်ဖို့ ကစားသမား တစ်ဦး ရှာဖွေ ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိက္တက္ဟာ ဘာစီလိုနာ ေတာင္ပံတိုက္စစ္သမား ဒမ္ဘီလီ ကို ေခၚယူဖို႔ ေျပာဆို ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။
ယူနုိက္တက္က ျပင္သစ္သား ကို တစ္ရာသီ အငွား ေခၚယူခ်င္ေပမယ့္ လာလီဂါကလပ္ကေတာ့ အျပီးသတ္ ေရာင္းခ်လိုေနျပီး အငွားပဲ ေခၚမယ္ ဆိုရင္ေတာ့ အျပီး၀ယ္ခြင့္ ထည့္သြင္းေပးလိုေနပါတယ္။
ဘာစီလိုနာက ဒမ္ဘီလီကို အျပီး ေရာင္းထုတ္ခ်င္တာ ျဖစ္ျပီး ေလာေလာဆယ္ေတာ့ တန္ေၾကး ယူရို သန္း ၁၀၀ လို႔ သတ္မွတ္ထားပါတယ္။ ယူနိုက္တက္နဲ႕ ဘာစီလိုနာၾကား ေျပာဆိုေဆြးေႏြးမႈေတြကေတာ့ တိုးတက္မႈေတြ ရွိထားျပီး ဆက္လက္ အရွီန္ျမွင့္ေနတယ္လို႔ သိရပါတယ္။
အက္ ၀ုဒ္၀ပ္ အပါအ၀င္ အိုးထရက္ဖို႔ဒ္မွ အၾကီးတန္း တာ၀န္ရွိသူေတြကိုယ္တိုင္ ဘာစီလိုနာနဲ႕ အၾကိတ္အနယ္ ေဆြးေႏြးမႈမွာ ပါ၀င္ေနတယ္ လို႔ သိရပါတယ္။ ကတ္တလန္ကပ္အသင္းဟာ သူတို႔ တိုက္စစ္သမားကို ေအာက္တိုဘာ ၅ ရက္ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မတုိင္ခင္ ရွင္းထုတ္ခ်င္သလို ကစားသမား ကုိယ္တိုင္ကလည္း လာလီဂါကေန ေျပာင္းေရႊ႕ ထြက္ခြာလိုေနပါတယ္။
အသက္ ၂၃ နွစ္ အရြယ္ ျပင္သစ္သားကို ဘာစီလိုနာက ၂၀၁၇ ေႏြမွာ ေဒါ့မြန္ထံကေန ယူရို ၁၀၅ သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ျပီး ေမွ်ာ္လင့္ခ်က္ၾကီး ထားခဲ့ေပမယ့္ ဒမ္ဘီလီက ဒဏ္ရာမ်ားနဲ႕သာ ရုန္းကန္ေနခဲ့ရပါတယ္။
ယူနိုက္တက္ အတြက္ေတာ့ ဒမ္ဘီလီက ဦးစားေပး ပစ္မွတ္ ကစားသမားေတာ့ မဟုတ္ခဲ့ဘဲ ဆန္ခ်ိဳ ကို မေခၚနိုင္ခ်ိန္ တိုက္စစ္ အင္အားျမွင့္လိုေနတဲ့ အျပင္ ကစားသမားသစ္ေတြ ထပ္မေခၚနုိင္တာေၾကာင့္ ဖိအားေတြ တိုးလာတဲ့ အေပၚ ထြက္ေပါက္ တစ္ခု အေနနဲ႕ ရႈျမင္ဟန္ ရွိေနပါတယ္။
ေဒါ့မြန္ဘက္ကေတာ့ ဆန္ခ်ိဳကို ဒီရာသီ သူတို႔နဲ႕ အတူ ရွိမယ္ အၾကိမ္ၾကိမ္ ဆိုထားတာေၾကာင့္ ယူနိုက္တက္တို႔ လက္ေလွ်ာ့ရေတာ့မွာ ျဖစ္ျပီး အေျပာင္းအေရႊ႕ မပိတ္ခင္ နည္းျပဆိုးရွားကို ေျဖသိမ့္နိုင္ဖို႔ ကစားသမား တစ္ဦး ရွာေဖြ ေခၚယူရေတာ့မွာ ျဖစ္ပါတယ္။