ဘိုင်ယန်ကို မရှုမလှရှုံးခဲ့တဲ့ ချယ်ဆီးပွဲ ကြည့်ပြီး အသင်းပြောင်းမယ့် ဆုံးဖြတ်ချက်အပေါ် တွေဝေခဲ့ကြောင်း ဗာနာ ဝန်ခံ

ချယ်ဆီး တိုက်စစ်မှူးသစ် တီမိုဗာနာ က အသင်းပြောင်းဖို့ ကြေငြာ အပြီးမှာ ကလပ်အသင်းသစ် ချယ်ဆီးက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ် ကို ဂိုးပြတ် မရှှုမလှ ရှုံးနိမ့်ခဲ့တဲ့ ပွဲကို ကြည့်ပြီးတဲ့နောက် သူ့ ဆုံးဖြတ်ချက် အပေါ် သူ မှန်ရဲ့လား သံသယဝန်ခဲ့မိကြောင်း ဝန်ခံ စကား ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လီဗာပူးအသင်းနဲ့ အပြိုင် ဗာနာကို ချိတ်ဆက် ခဲ့ပြီး ဇွန်လထဲမှာ ပေါင် ၄၇.၅ သန်းနဲ့ လိုက်ပ်ဇစ်ထံကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဂျာမန်သားဟာ သူနဲ့ နိုင်ငံသားတူ နည်းပြ ကလော့ပ်ရှိတဲ့ လီဗာပူးကို ငြင်းပြီး ချယ်ဆီးကို ရွေးချယ်ခဲ့တာဖြစ်ပေမယ့် ဘိုင်ယန်ကို ဒုတိယ အကျော့မှာ ၄-၁ နဲ့ ရှုံးပြီး နှစ်ကျောေ့ပါင်း ၇-၁ နဲ့ ချန်ပီယံလိဂ် က ထွက်ခဲ့တဲ့ ချယ်ဆီးအသင်းကို မြင်ချိန်မှာ တွေဝေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အနောက်လန်ဒန်ကလပ်ရဲ့ ချန်ပီယံလိဂ် ပွဲကို မြင်တော့ ဘယ်လို ခံစားရသလဲ၊ နောင်တ မရဘူးလား လို့ ဂျာမန်အားကစားသတင်းထောက်က အမေးကို ဗာနာ က – ” ကျနော်က ဘာမှ မဖြစ်ပါဘူး ပြောရင် လိမ်ရာ ကျမှာပါ။ ချယ်ဆီးက ပထမအကျော့မှာတည်းက ဘိုင်ယန်ကို ၃-၀ နဲ့ ရှုံးထားတာကြောင့် အခြေအနေက အသာစီးတော့ မရှိခဲ့ဘူး။

ပွင့်ပွင့်လင်းလင်း ပြောရရင် လိုက်ပ်ဇစ်နဲ့ ဆို ဘိုင်ယန်ကို ရင်ဆိုင်ရတိုင်း အကြိတ်အနယ် ပွဲကောင်း ကစားရတာချည်းပဲကိုး။ ဒါပေမယ့် အဲဒီပွဲကနေ ချယ်ဆီးက အားနည်းချက်တွေကို မြင်ခဲ့ ပြင်ဆင်ခဲ့တယ်။ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲသွားခဲ့တဲ့ ဘိုင်ယန်ကို ရင်ဆိုင်ခဲ့ရတဲ့ ပွဲကနေ သင်ယူနိုင်ခဲ့တယ်။ အဲဒါ ချယ်ဆီး ပြန်လုပ်ပြခဲ့တာပဲ။ ” လို့ ရှင်းလင်း တုန့်ပြန်ခဲ့ပါတယ်။

ဗာနာက ချယ်ဆီးအသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲဦးထွက် ဘရိုက်တန်၊ လီဗာပူးတို့နဲ့ ပွဲတွေက စွမ်းဆောင်ရည်ကို အထင်ကြီး သဘောကျနေပြီး သူ့အနေနဲ့တော့ ချယ်ဆီး အသင်း ဂျာစီနဲ့ ဂိုးသွင်းယူဖို့ ဆက်လက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး တိုက္စစ္မွဴးသစ္ တီမိုဗာနာ က အသင္းေျပာင္းဖို႔ ေၾကျငာ အျပီးမွာ ကလပ္အသင္းသစ္ ခ်ယ္ဆီးက ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္ ကို ဂိိုးျပတ္ မရွႈမလွ ရွံဳးနိမ့္ခဲ့တဲ့ ပြဲကို ၾကည့္ျပီးတဲ့ေနာက္ သူ႔ ဆံုးျဖတ္ခ်က္ အေပၚ သူ မွန္ရဲ႕လား သံသယ၀န္ခဲ့မိေၾကာင္း ၀န္ခံ စကား ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လီဗာပူးအသင္းနဲ႕ အျပိဳင္ ဗာနာကို ခ်ိတ္ဆက္ ခဲ့ျပီး ဇြန္လထဲမွာ ေပါင္ ၄၇.၅ သန္းနဲ႕ လိုက္ပ္ဇစ္ထံကေန ေခၚယူနုိင္ခဲ့ပါတယ္။

ဂ်ာမန္သားဟာ သူနဲ႕ နုိင္ငံသားတူ နည္းျပ ကေလာ့ပ္ရွိတဲ့ လီဗာပူးကို ျငင္းျပီး ခ်ယ္ဆီးကို ေရြးခ်ယ္ခဲ့တာျဖစ္ေပမယ့္ ဘိုင္ယန္ကို ဒုတိယ အေက်ာ့မွာ ၄-၁ နဲ႕ ရွံဳးျပီး နွစ္ေက်ာေ့ပါင္း ၇-၁ နဲ႕ ခ်န္ပီယံလိဂ္ က ထြက္ခဲ့တဲ့ ခ်ယ္ဆီးအသငး္ကုိ ျမင္ခ်ိန္မွာ ေတြေ၀ခဲ့တယ္လို႔ ၀န္ခံခဲ့ပါတယ္။

အေနာက္လန္ဒန္ကလပ္ရဲ႕ ခ်န္ပီယံလိဂ္ ပြဲကို ျမင္ေတာ့ ဘယ္လို ခံစားရသလဲ၊ ေနာင္တ မရဘူးလား လို႔ ဂ်ာမန္အားကစားသတင္းေထာက္က အေမးကို ဗာနာ က – ” က်ေနာ္က ဘာမွ မျဖစ္ပါဘူး ေျပာရင္ လိမ္ရာ က်မွာပါ။ ခ်ယ္ဆီးက ပထမအေက်ာ့မွာတည္းက ဘိုင္ယန္ကို ၃-၀ နဲ႕ ရွံဳးထားတာေၾကာင့္ အေျခအေနက အသာစီးေတာ့ မရွိခဲ့ဘူး။

ပြင့္ပြင့္လင္းလင္း ေျပာရရင္ လိုက္ပ္ဇစ္နဲ႕ ဆို ဘိုင္ယန္ကို ရင္ဆိုင္ရတိုင္း အၾကိတ္အနယ္ ပြဲေကာင္း ကစားရတာခ်ည္းပဲကိုး။ ဒါေပမယ့္ အဲဒီပြဲကေန ခ်ယ္ဆီးက အားနည္းခ်က္ေတြကို ျမင္ခဲ့ ျပင္ဆင္ခဲ့တယ္။ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲသြားခဲ့တဲ့ ဘိုင္ယန္ကို ရင္ဆိုင္ခဲ့ရတဲ့ ပြဲကေန သင္ယူနုိင္ခဲ့တယ္။ အဲဒါ ခ်ယ္ဆီး ျပန္လုပ္ျပခဲ့တာပဲ။ ” လို႔ ရွင္းလင္း တုန္႔ျပန္ခဲ့ပါတယ္။

ဗာနာက ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ပြဲဦးထြက္ ဘရိုက္တန္၊ လီဗာပူးတို႔နဲ႕ ပြဲေတြက စြမ္းေဆာင္ရည္ကို အထင္ၾကီး သေဘာက်ေနျပီး သူ႔အေနနဲ႕ေတာ့ ခ်ယ္ဆီး အသင္း ဂ်ာစီနဲ႕ ဂိုးသြင္းယူဖို႔ ဆက္လက္ ၾကိဳးစားေနဆဲ ျဖစ္ပါတယ္။