မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ပေါလ် ပါကာ ကတော့ လက်ရှိ အသင်းခေါင်းဆောင် မက်ဂွဲရားက ပေါင် သန်း ၈၀ ပေး ခေါ်ယူထားရတဲ့ ဈေးကြောင့်သာ အသင်းခေါင်းဆောင် လက်ပတ်ကို ရထားတာ ဖြစ်ကြောင်း ထောက်ပြလိုက်ပြီး ခံစစ်မှာ စုစည်း ဦးဆောင်နိုင်မယ့် နောက်ထပ် တစ်ဦး လိုအပ်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။
မက်ဂွဲရားနဲ့ တွဲဖက် ကစားနေတဲ့ လင်ဒီလော့ဖ် ခြေစွမ်းက မတည်ငြိမ်ရာကနေ ဆိုးဝါးလာတာကြောင့် ခံစစ် တစ်ဦး ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိနေကြေပေမယ့် ပေါလ် ပါကာ ကတော့ ဒီအတွက် စမောလင်းက ဖြေရှင်းပေးနိုင်တယ်လို့ ယုံကြည်နေပါတယ်။
ဆိုးရှား လတ်တလော ချိတ်ဆက်နေတဲ့ထဲမှာ ခံစစ်နေရာ အတွက် ပေါ်တိုမှ ဘယ်စွန်ခံစစ်သမား အဲလက်စ် တဲလက်စ် ပါဝင်နေပြီး ဗဟိုခံစစ် အတွက် ရေရာတဲ့ ချိတ်ဆက်မှု မရှိသေးပါဘူး။ ဒီအပေါ်လည်း ပါကာက ထောက်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
” ယူနိုက်တက်က အခု ပေါ်တိုရဲ့ အဲလက်စ် တဲလက်စ်ကို ချိတ်ဆက်နေတယ်။ ကျနော်ကတော့ သူတို့ကို ဘယ်စွန် တစ်ယောက် လိုတယ် ပြောတာ တော်တော်တောင် ကြာခဲ့ပြီ။ လုခ်ရှောက တော်တော် ကောင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေကြောင့် သူက အရင်လို မဟုတ်တော့ပါဘူး။
ကျနော့် အနေနဲ့ သူတို့ဟာ ခံစစ်လိုင်းမှာ အမိန့်ပေး ဦးဆောင်နိုင်မယ့် ဗဟိုခံစစ် တစ်ဦးလည်း လိုတယ် ထင်ပါတယ်။ ခင်ဗျားတို့မှာ ပေါင် သန်း ၈၀ တန် ကစားသမား မက်ဂွဲရား ရှိတယ်။ ဒါပေမယ့် ကျနော်ကတော့ သူက အဲဒီ တန်ကြေးကြောင့်သာ ကပ္ပတိန် လက်ပတ်ကို ရထားတယ်လို့ ခံစားမိနေတယ်။
အသင်း ခံစစ်မှာ အသင်းဖော်တွေကို နေရာမှန် ဖြစ်အောင် အော်ဟစ် သတိပေး စုစည်းနိုင်မယ့် သူ လိုအပ်တယ်။ ဒါက ဒေးဗစ် ဒီဂီယာ ကိုလည်း အကူအညီ ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ အရင်က စတိဗ် ဘရုစ်၊ ဂျပ် စတန်း တို့ ဗီဒစ်တို့ တော်ခဲ့ကြတယ်။ အခုနေ ဂျွန်ဆန်တို့ ဝက်စ်ဘရောင်းတို့ ဆိုရင်တောင် သူတို့ အကောင်းဆုံး ခြေစွမ်း ရနေရင် လက်ရှိ ယူနိုက်တက် ခံစစ်ကို ၃၀-၄၀% လောက် ပိုကောင်းအောင် ကူညီနိုင်လိမ့်မယ်။ မက်ဂွဲရားထက်လေ။
ကျနော့် အတွက်တော့ အသင်းခေါင်းဆောင် ဆိုတာ အဲဒီအတွက် အရည်အချင်း တစ်ခုခု ထူးချွန်နေရမယ်။ ဈေးနှုန်းကြောင့် မဖြစ်ရဘူး။ အထူးသဖြင့် အရင်ကလပ်မှာ အသင်းခေါင်းဆောင် မလုပ်ဖူးဘူး ဆိုရင် ပိုတောင် စဉ်းစားရမယ်။ ” လို့ ပေါလ် ပါကာ ကတော့ သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ခံစစ္မွဴးေဟာင္းၾကီး ေပါလ္ ပါကာ ကေတာ့ လက္ရွိ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ေပါင္ သန္း ၈၀ ေပး ေခၚယူထားရတဲ့ ေစ်းေၾကာင့္သာ အသင္းေခါင္းေဆာင္ လက္ပတ္ကို ရထားတာ ျဖစ္ေၾကာင္း ေထာက္ျပလိုက္ျပီး ခံစစ္မွာ စုစည္း ဦးေဆာင္နုိင္မယ့္ ေနာက္ထပ္ တစ္ဦး လိုအပ္ေၾကာင္း သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
မက္ဂြဲရားနဲ႕ တြဲဖက္ ကစားေနတဲ့ လင္ဒီေလာ့ဖ္ ေျခစြမ္းက မတည္ျငိမ္ရာကေန ဆိုး၀ါးလာတာေၾကာင့္ ခံစစ္ တစ္ဦး ေခၚယူဖို႔ တိုက္တြန္းမႈေတြ ရွိေနေၾကေပမယ့္ ေပါလ္ ပါကာ ကေတာ့ ဒီအတြက္ စေမာလင္းက ေျဖရွင္းေပးနုိင္တယ္လို႔ ယံုၾကည္ေနပါတယ္။
ဆိုးရွား လတ္တေလာ ခ်ိတ္ဆက္ေနတဲ့ထဲမွာ ခံစစ္ေနရာ အတြက္ ေပၚတိုမွ ဘယ္စြန္ခံစစ္သမား အဲလက္စ္ တဲလက္စ္ ပါ၀င္ေနျပီး ဗဟိုခံစစ္ အတြက္ ေရရာတဲ့ ခ်ိတ္ဆက္မႈ မရွိေသးပါဘူး။ ဒီအေပၚလည္း ပါကာက ေထာက္ျပမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
” ယူနိုက္တက္က အခု ေပၚတိုရဲ႕ အဲလက္စ္ တဲလက္စ္ကို ခ်ိတ္ဆက္ေနတယ္။ က်ေနာ္ကေတာ့ သူတို႔ကို ဘယ္စြန္ တစ္ေယာက္ လိုတယ္ ေျပာတာ ေတာ္ေတာ္ေတာင္ ၾကာခဲ့ျပီ။ လုခ္ေရွာက ေတာ္ေတာ္ ေကာင္းျပခဲ့ပါတယ္။ ဒါေပမယ့္ ဒဏ္ရာေတြေၾကာင့္ သူက အရင္လို မဟုတ္ေတာ့ပါဘူး။
က်ေနာ့္ အေနနဲ႕ သူတို႔ဟာ ခံစစ္လိုင္းမွာ အမိန္႔ေပး ဦးေဆာင္နုိင္မယ့္ ဗဟိုခံစစ္ တစ္ဦးလည္း လိုတယ္ ထင္ပါတယ္။ ခင္ဗ်ားတို႔မွာ ေပါင္ သန္း ၈၀ တန္ ကစားသမား မက္ဂြဲရား ရွိတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ သူက အဲဒီ တန္ေၾကးေၾကာင့္သာ ကပၸတိန္ လက္ပတ္ကို ရထားတယ္လို႔ ခံစားမိေနတယ္။
အသင္း ခံစစ္မွာ အသင္းေဖာ္ေတြကို ေနရာမွန္ ျဖစ္ေအာင္ ေအာ္ဟစ္ သတိေပး စုစည္းနိုင္မယ့္ သူ လိုအပ္တယ္။ ဒါက ေဒးဗစ္ ဒီဂီယာ ကိုလည္း အကူအညီ ျဖစ္ပါလိမ့္မယ္။ ဒီေနရာမွာ အရင္က စတိဗ္ ဘရုစ္၊ ဂ်ပ္ စတန္း တို႔ ဗီဒစ္တို႔ ေတာ္ခဲ့ၾကတယ္။ အခုေန ဂၽြန္ဆန္တို႔ ၀က္စ္ဘေရာင္းတို႔ ဆိုရင္ေတာင္ သူတို႔ အေကာင္းဆံုး ေျခစြမ္း ရေနရင္ လက္ရွိ ယူနိုက္တက္ ခံစစ္ကို ၃၀-၄၀% ေလာက္ ပိုေကာင္းေအာင္ ကူညီနိုင္လိမ့္မယ္။ မက္ဂြဲရားထက္ေလ။
က်ေနာ့္ အတြက္ေတာ့ အသင္းေခါင္းေဆာင္ ဆိုတာ အဲဒီအတြက္ အရည္အခ်င္း တစ္ခုခု ထူးခၽြန္ေနရမယ္။ ေစ်းနႈန္းေၾကာင့္ မျဖစ္ရဘူး။ အထူးသျဖင့္ အရင္ကလပ္မွာ အသင္းေခါင္းေဆာင္ မလုပ္ဖူးဘူး ဆိုရင္ ပိုေတာင္ စဥ္းစားရမယ္။ ” လို႔ ေပါလ္ ပါကာ ကေတာ့ သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။