ကြားရက် ကာရာဘောင်းပွဲမှာ ဂိုးပြတ်နိုင်ပွဲ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။
ပွဲချိန် ကတော့ လာမယ့် စက်တင်ဘာလ ၂၆ ရက် (စနေနေ့) ညနေ ၆ နာရီ မှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင်က – ” နယူးကာဆယ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ရတဲ့ပွဲအတွင်း ဘရိုက်တန်က တောက်ပခဲ့တယ်။ အစောပိုင်း မိနစ်တွေ ကတည်းက မော်ပေးရဲ့ သွင်းဂိုးတွေဟာ သက်တောင့် သက်သာ နိုင်ပွဲကို ရစေခဲ့တယ်။ လမ့်တေးကလည်း ညာအစွန်မှာ သူ့ရဲ့ တောက်ပတဲ့ ကစားပုံကို ပြသခဲ့တာနဲ့အတူ ပထမဆုံးသော နိုင်ပွဲအတွက် ဘရိုက်တန်က အထင်ကြီးဖို့ ကောင်းခဲ့ပါတယ်။
အခြားတစ်ဘက်မှာတော့ ယူနိုက်တက်က အဖွင့်ပွဲစဉ်မှာ စိတ်ပျက်စရာ ရလဒ်တွေပဲ ရယူထားခဲ့နိုင်တယ်။ အိုထရတ်ဖိုဒ့်မှာ ပဲလေစ့်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအတွင်း ယူနိုက်တက်ကို ကြည့်ရတာ နှေးကွေးလေးလံပြီး ထုံထိုင်းလွန်းနေခဲ့တယ်။ ဆိုးရှားက ဒီကာလတွေမှာ သူ့အသင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ပါလိမ့်မယ်။
ယူနိုက်တက် မန်နေဂျာက အသင်းထံကနေလည်း အများကြီး ပိုမျှော်လင့်နေမှာဖြစ်ကာ ဒီတစ်ကြိမ် ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲမှာတော့ အနိုင် သုံးမှတ် ရဖို့ ကြိုးစားမှာဖြစ်တယ်။ ပွဲက အရမ်းကြီး ဂိုးပြတ်မယ့်ပွဲမျိုး မဟုတ်ဘဲ ယူနိုက်တက်က ၁-၀ နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ် ပြောဆိုထားပါတယ်။
Zawgyi – ၾကားရက္ ကာရာေဘာင္းပြဲမွာ ဂိုးျပတ္နုိင္ပြဲ ရထားတဲ့ မန္ခ်က္စတာ ယူနုိက္တက္ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ဘရိုက္တန္ အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာပါ။
ပြဲခ်ိန္ ကေတာ့ လာမယ့္ စက္တင္ဘာလ ၂၆ ရက္ (စေနေန႔) ညေန ၆ နာရီ မွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
အို၀င္က – ” နယူးကာဆယ္ကို အေဝးကြင္းမွာ ၃-၀ နဲ႔ အႏုိင္ရတဲ့ပြဲအတြင္း ဘရိုက္တန္က ေတာက္ပခ့ဲတယ္။ အေစာပိုင္း မိနစ္ေတြ ကတည္းက ေမာ္ေပးရဲ႕ သြင္းဂိုးေတြဟာ သက္ေတာင့္ သက္သာ ႏုိင္ပြဲကို ရေစခဲ့တယ္။ လမ့္ေတးကလည္း ညာအစြန္မွာ သူ႔ရဲ႕ ေတာက္ပတဲ့ ကစားပံုကို ျပသခဲ့တာနဲ႔အတူ ပထမဆံုးေသာ ႏုိင္ပြဲအတြက္ ဘရိုက္တန္က အထင္ၾကီးဖို႔ ေကာင္းခဲ့ပါတယ္။
အျခားတစ္ဘက္မွာေတာ့ ယူႏုိက္တက္က အဖြင့္ပြဲစဥ္မွာ စိတ္ပ်က္စရာ ရလဒ္ေတြပဲ ရယူထားခဲ့ႏုိင္တယ္။ အိုထရတ္ဖိုဒ့္မွာ ပဲေလစ့္ကို ၃-၁ နဲ႔ အေရးနိမ့္ခဲ့တဲ့ ပြဲအတြင္း ယူႏုိက္တက္ကို ၾကည့္ရတာ ေႏွးေကြးေလးလံျပီး ထံုထိုင္းလြန္းေနခဲ့တယ္။ ဆိုးရွားက ဒီကာလေတြမွာ သူ႔အသင္းကို ျပင္ဆင္မႈေတြ ျပဳလုပ္ပါလိမ့္မယ္။
ယူႏုိက္တက္ မန္ေနဂ်ာက အသင္းထံကေနလည္း အမ်ားၾကီး ပိုေမွ်ာ္လင့္ေနမွာျဖစ္ကာ ဒီတစ္ၾကိမ္ ရင္ဆိုင္ရမယ့္ အေဝးကြင္းပြဲမွာေတာ့ အႏုိင္ သံုးမွတ္ ရဖို႔ ၾကိဳးစားမွာျဖစ္တယ္။ ပြဲက အရမ္းၾကီး ဂိုးျပတ္မယ့္ပြဲမ်ိဳး မဟုတ္ဘဲ ယူႏုိက္တက္က ၁-၀ နဲ႔ အႏိုင္ရသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္ ေျပာဆိုထားပါတယ္။