ဂိုးတွေမြူးမယ် ဆိုထားတဲ့ လီဗာပူး Vs အာဆင်နယ် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်း

ကြားရက် ကာရာဘောင်းဖလားပွဲမှာ လက်စတာကို နိုင်ပွဲကောင်း ရယူကျော်ဖြတ်ထားတဲ့ အာဆင်နယ် ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ လက်ရှိ ချန်ပီယံ လီဗာပူးနဲ့ တွေ့ဆုံနေပြီး အန်းဖီးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲချိန် ကတော့ လာမယ့် စက်တင်ဘာလ ၂၉ ရက် (အင်္ဂါနေ့) နံနက် ၁း၃၀ နာရီမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” လီဗာပူးနဲ့ အာဆင်နယ်တို့ ရင်ဆိုင်ကြရမှာက ပွဲစဉ် ၃ အတွက် အကြီးကျယ်ဆုံးပွဲဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ဒီအခြေအနေမှာတော့ နှစ်သင်းလုံးမှာ အကောင်းမြင်နိုင်စရာတွေ ရှိနေကြတယ်။ ဒီရာသီဟာ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည် ဝင်ရောက်ဖို့ ကြိုးစားမယ့် ဘောလုံးရာသီ ဖြစ်လာနိုင်ပါတယ်။

လီဗာပူးကလည်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်ပြီး ကာကွယ်သွားလိုနေပြီး နှစ်သင်းလုံးက ရမှတ် ၆ မှတ် အပြည့်တွေ ရထားကြတယ်။ နှစ်သင်းလုံးက ကန်ခဲ့သလောက် ပွဲတွေမှာ ခံစစ်က အားနည်းချက်တွေရှိထားပြီး ဒီပွဲက ပွဲစဉ် ၃ မှာ အတော်လေး ကောင်းမွန်တဲ့ ထိပ်တိုက်တွေ့မှု ဖြစ်လာနိုင်ပါတယ်။

အစဉ်အလာအရတော့ ဒီနှစ်သင်း ထိပ်တိုက်တွေ့တိုင်းမှာ သွင်းဂိုးတွေ များလေ့ရှိပါတယ်။ နှစ်သင်းလုံးက တိုက်စစ်ပိုင်း အပြန်အလှန် ကစားမှုနဲ့အတူ ယာဂင်ကလော့ပ်ရဲ့ အသင်းက ၃-၂ နဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။

Zawgyi – ၾကားရက္ ကာရာေဘာင္းဖလားပြဲမွာ လက္စတာကို နိုင္ပြဲေကာင္း ရယူေက်ာ္ျဖတ္ထားတဲ့ အာဆင္နယ္ ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ မွာေတာ့ လက္ရွိ ခ်န္ပီယံ လီဗာပူးနဲ႕ ေတြ႔ဆံုေနျပီး အန္းဖီးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပါ။

ပြဲခ်ိန္ ကေတာ့ လာမယ့္ စက္တင္ဘာလ ၂၉ ရက္ (အဂၤါေန႔) နံနက္ ၁း၃၀ နာရီမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” လီဗာပူးနဲ႔ အာဆင္နယ္တို႔ ရင္ဆိုင္ၾကရမွာက ပြဲစဥ္ ၃ အတြက္ အၾကီးက်ယ္ဆံုးပြဲဆိုတာ ေမးခြန္းထုတ္စရာ မလိုပါဘူး။ ဒီအေျခအေနမွာေတာ့ ႏွစ္သင္းလံုးမွာ အေကာင္းျမင္ႏုိင္စရာေတြ ရွိေနၾကတယ္။ ဒီရာသီဟာ အာဆင္နယ္အတြက္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ျပန္လည္ ဝင္ေရာက္ဖို႔ ၾကိဳးစားမယ့္ ေဘာလံုးရာသီ ျဖစ္လာႏုိင္ပါတယ္။

လီဗာပူးကလည္း ပရီးမီးယားလိဂ္ ခ်န္ပီယံဘြဲ႔ကို ဆက္ျပီး ကာကြယ္သြားလိုေနျပီး ႏွစ္သင္းလံုးက ရမွတ္ ၆ မွတ္ အျပည့္ေတြ ရထားၾကတယ္။ ႏွစ္သင္းလံုးက ကန္ခဲ့သေလာက္ ပြဲေတြမွာ ခံစစ္က အားနည္းခ်က္ေတြရွိထားျပီး ဒီပြဲက ပြဲစဥ္ ၃ မွာ အေတာ္ေလး ေကာင္းမြန္တဲ့ ထိပ္တိုက္ေတြ႔မႈ ျဖစ္လာႏိုင္ပါတယ္။

အစဥ္အလာအရေတာ့ ဒီႏွစ္သင္း ထိပ္တိုက္ေတြ႔တိုင္းမွာ သြင္းဂိုးေတြ မ်ားေလ့ရွိပါတယ္။ ႏွစ္သင္းလံုးက တိုက္စစ္ပိုင္း အျပန္အလွန္ ကစားမႈနဲ႔အတူ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက ၃-၂ နဲ႔ ႏုိင္သြားမယ္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္ ခန္႔မွန္းထားပါတယ္။