ဘရိုက်တန် Vs ယူနိုက်တက် ပွဲအတွက် ဘီဘီစီမှ လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဘရိုက်တန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲကတော့ ဒီနေ့ စက်တင်ဘာလ ၂၆ ရက် (စနေနေ့) ညနေ ၆ နာရီမှာ ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

ဒီပွဲ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဘရိုက်တန်က ပြီးခဲ့တဲ့ အပတ်က ပွဲမှာ နယူးကာဆယ်ကို နိုင်ပွဲကောင်း ရခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံးပွဲ ချယ်ဆီးနဲ့ ပွဲမှာလုပ်ခဲ့သလိုပဲ အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒါက ပြီးခဲ့တဲ့ရာသီကနေ ဘယ်လောက် တိုးတက်လာနေတယ်ဆိုတာ ပြယုဂ်ကောင်း ဖြစ်ပါတယ်။ သူတို့က လုံး၀ အန္တရာယ်ပေးနိုင်တဲ့ အသင်းပုံစံပါ။

ယူနိုက်တက်ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ပွဲကြောင့် ဖိအားရှိနေပြီး ပြန်လည် တုန့်ပြန်ပြဖို့ လိုနေပါတယ်။ ဒီပွဲမှာတော့ ရလဒ်ကောင်း ရအောင် နည်းပြ ဆိုးရှား မယူပြနိုင်ရင် ကျနော်တော့ အံ့သြမိမှာပါပဲ။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဘရိုက်တန် 0-2 ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – ဘရိုက္တန္နဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲကေတာ့ ဒီေန႔ စက္တင္ဘာလ ၂၆ ရက္ (စေနေန႔) ညေန ၆ နာရီမွာ ယွဥ္ျပိဳင္ ကစားၾကေတာ့မွာ ျဖစ္ပါတယ္။

ဒီပြဲ အတြက္ ဘီဘီစီ သတင္းဌာနမွ ပင္တုိင္ သံုးသပ္သူ ေလာ္ရိုးကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဘရိုက္တန္က ျပီးခဲ့တဲ့ အပတ္က ပြဲမွာ နယူးကာဆယ္ကို နုိင္ပြဲေကာင္း ရခဲ့ပါတယ္။ သူတို႔ရဲ႕ ပထမဆံုးပြဲ ခ်ယ္ဆီးနဲ႕ ပြဲမွာလုပ္ခဲ့သလိုပဲ အခြင့္အေရးေကာင္းေတြ အမ်ားၾကီး ဖန္တီးနုိင္ခဲ့တယ္။ ဒါက ျပီးခဲ့တဲ့ရာသီကေန ဘယ္ေလာက္ တိုးတက္လာေနတယ္ဆိုတာ ျပယုဂ္ေကာင္း ျဖစ္ပါတယ္။ သူတို႔က လုံး၀ အႏၱရာယ္ေပးနုိင္တဲ့ အသင္းပံုစံပါ။

ယူနိုက္တက္ကေတာ့ ခရစၥတယ္ပဲေလ့စ္ကို အိမ္ကြင္းမွာ ရွံဳးခဲ့တဲ့ပြဲေၾကာင့္ ဖိအားရွိေနျပီး ျပန္လည္ တုန္႔ျပန္ျပဖို႔ လိုေနပါတယ္။ ဒီပြဲမွာေတာ့ ရလဒ္ေကာင္း ရေအာင္ နည္းျပ ဆိုးရွား မယူျပနိုင္ရင္ က်ေနာ္ေတာ့ အံ့ၾသမိမွာပါပဲ။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ဘရိုက္တန္ 0-2 ယူနိုက္တက္ ျဖစ္ပါတယ္။