၀က်စ်ဘရွန်းနဲ့ ပွဲက ထူးချွန်ခဲ့တဲ့ ချယ်ဆီးအသင်းသား နှစ်ဦးကို လမ်းပတ် ထုတ်ဖော် ချီးကျူး

ချယ်ဆီးအသင်း နည်းပြ ဖရန့် လမ်းပတ်ဟာ ညက ဝက်စ်ဘရွန်းကို ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းမှ လူစားဝင် ကစားပြီး ချယ်ဆီးအသင်း ကို ပြောင်းလဲ စေခဲ့ကြတဲ့ အိုဒွိုင်းနဲ့ ကွီတာတို့ နှစ်ဦးကို ပွဲအပြီးမှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ပထမပိုင်းမှာ အလွန်ဆိုနဲ့ သီယေဂို ဆေးလ်ဗားတို့ အမှားတွေကြောင့် ဂိုးပေးလိုက်ရပြီး အသင်း ကစားပုံလည်း ဖရိုဖရဲ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းမှာ လမ်းပတ်က အလွန်ဆိုနဲ့ ကိုဗာဆစ်ကို ထုတ်ကာ အိုဒွိုင်းနဲ့ ကွီတာတို့ကို ဝင် ကစားစေခဲ့ပြီး ထိုနှစ်ယောက်လုံးက ချယ်ဆီးရဲ့ တုန့်ပြန်မှုမှာ အရေးပါခဲ့ကြပါတယ်။

မေဆန်မောင့်ရဲ့ အဝေးက ကန်ချက်နဲ့ သွင်းဂိုးအတွက် အပီလီ ကွီတာက ကူညီခဲ့ပြီး အိုဒွိုင်းကလည်း ကိုယ်တိုင် ဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံး ချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ တမ်မီ အေဗရာဟမ်က သွင်းပေးခဲ့ကာ ရှုံးပွဲတွေ့မယ့် အရေးကနေ လွတ်မြောက်စေခဲ့ပါတယ်။

” ကွီတာက အသင်းနဲ့အတူ ကစားဖို့ ဝင်ဝင်လာချင်းပဲ အသင်းသားတွေကို အားထုတ်မှုပိုင်း တိုးတက်သွားစေခဲ့တယ်။ ကောလမ် (အိုဒွိုင်း) ကတော့ တစ်ယောက်ချင်း တွေ့တဲ့ အနေအထားကနေ အသုံးချနိုင်ခဲ့တယ်။

သူက ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တယ်။ ဒါက သူ လုပ်ရမယ့် အလုပ် ဖြစ်သလို သူ့ရဲ့ ပင်ကို စွမ်းရည်တွေကြောင့် ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ သူ ဝင်လာတာက လုံး၀ ကွာခြားချက်ကြီး ဖြစ်စေခဲ့ပါတယ်။ ” လို့ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။

အိုဒွိုင်းကလည်း – ” 3-0 အနေအထား ဆိုပေမယ့် အမှတ်ရချင်လို့ ကျနော်တို့ ဆက်ကြိုးစားခဲ့တယ်။ ဂိုးတွေလည်း ရလာမယ်လို့ကို ခံစားနေမိတယ်။ အဲဒီ ခံစားမှုကနေ ဒုတိယပိုင်းမှာ ဖိအားပေး လှုပ်ရှားနိုင်ခဲ့တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ ဖရန္႔ လမ္းပတ္ဟာ ညက ၀က္စ္ဘရြန္းကို ၃ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ ဒုတိယပိုင္းမွ လူစား၀င္ ကစားျပီး ခ်ယ္ဆီးအသင္း ကို ေျပာင္းလဲ ေစခဲ့ၾကတဲ့ အိုဒြိဳင္းနဲ႕ ကြီတာတို႔ နွစ္ဦးကို ပြဲအျပီးမွာ ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ပထမပိုင္းမွာ အလြန္ဆိုနဲ႕ သီေယဂို ေဆးလ္ဗားတို႔ အမွားေတြေၾကာင့္ ဂိုးေပးလိုက္ရျပီး အသငး္ ကစားပံုလည္း ဖရိုဖရဲ ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ဒုတိယပိုင္းမွာ လမ္းပတ္က အလြန္ဆိုနဲ႕ ကိုဗာဆစ္ကို ထုတ္ကာ အိုဒြိဳင္းနဲ႕ ကြီတာတို႔ကို ၀င္ ကစားေစခဲ့ျပီး ထိုနွစ္ေယာက္လံုးက ခ်ယ္ဆီးရဲ႕ တုန္႔ျပန္မႈမွာ အေရးပါခဲ့ၾကပါတယ္။

ေမဆန္ေမာင့္ရဲ႕ အေ၀းက ကန္ခ်က္နဲ႕ သြင္းဂိုးအတြက္ အပီလီ ကြီတာက ကူညီခဲ့ျပီး အိုဒြိဳင္းကလည္း ကိုယ္တိုင္ ဂိုးသြင္းယူေပးခဲ့ပါတယ္။ ေနာက္ဆံုး ေခ်ပဂိုးကိုေတာ့ ပြဲျပီးခါနီးမွာ တမ္မီ ေအဗရာဟမ္က သြင္းေပးခဲ့ကာ ရွံဳးပြဲေတြ႔မယ့္ အေရးကေန လြတ္ေျမာက္ေစခဲ့ပါတယ္။

” ကြီတာက အသင္းနဲ႕အတူ ကစားဖို႔ ၀င္၀င္လာခ်င္းပဲ အသင္းသားေတြကို အားထုတ္မႈပိုင္း တိုးတက္သြားေစခဲ့တယ္။ ေကာလမ္ (အိုဒြိဳင္း) ကေတာ့ တစ္ေယာက္ခ်င္း ေတြ႔တဲ့ အေနအထားကေန အသံုးခ်နုိင္ခဲ့တယ္။

သူက ျပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္နိုင္တယ္။ ဒါက သူ လုပ္ရမယ့္ အလုပ္ ျဖစ္သလို သူ႔ရဲ႕ ပင္ကို စြမ္းရည္ေတြေၾကာင့္ ျဖစ္ေအာင္ လုပ္နုိင္ခဲ့တယ္။ သူ ၀င္လာတာက လံုး၀ ကြာျခားခ်က္ၾကီး ျဖစ္ေစခဲ့ပါတယ္။ ” လို႔ လမ္းပတ္က ခ်ီးက်ဴးခဲ့ပါတယ္။

အိုဒြိဳင္းကလည္း – ” 3-0 အေနအထား ဆိုေပမယ့္ အမွတ္ရခ်င္လို႔ က်ေနာ္တို႔ ဆက္ၾကိဳးစားခဲ့တယ္။ ဂိုးေတြလည္း ရလာမယ္လို႔ကို ခံစားေနမိတယ္။ အဲဒီ ခံစားမႈကေန ဒုတိယပိုင္းမွာ ဖိအားေပး လႈပ္ရွားနိုင္ခဲ့တယ္။ ” လုိ႔ ေျပာဆိုခဲ့ပါတယ္။