တစ်ပြားက နှစ်ပြားခွာလွန်းတဲ့ အာဆင်နယ်ကြောင့် ချန်ပီယံလိဂ် ကန်မယ့် အသင်းတွေကိုပဲ စောင့်ချင်နေတဲ့ အော်ဝါ

အာဆင်နယ် အသင်းဟာ လိုင်ယွန်ကွင်းလယ်ကစားသမား အော်ဝါကို အလိုရှိနေပေမယ့် ပြင်သစ်ကလပ် တောင်းဆိုတဲ့ ပေါင် ၅၅ သန်း နီးစပ်နိုင်တဲ့ အနေအထားတောင် မကမ်းလှမ်းသေးဘဲ ပေါင် ၃၂ သန်းထိသာ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

လိုင်ယွန်ဘက်ကတော့ အာဆင်နယ် ဘက်က ပေးဈေးဟာ ကစားသမား ရောင်းချဖို့ သူတို့ စဉ်းစားလောက်တဲ့ အနေအထားတောင် မရှိဘူးလို့ တုန့်ပြန်လိုက်ပြီး ၎င်းတို့ရဲ့ မကြည်လင်တဲ့ သဘောထားကို ပြသထားပါတယ်။ အာဆင်နယ် ဘက်ကတော့ နောက်ဆုံးအချိန်များမှာ ရအောင် ညှိနှိုင်းနိုင်မယ် ယုံကြည်ထားတာပါ။

ဒါပေမယ့် ဟက်ဆန် အော်ဝါ ကိုယ်တိုင်က အာဆင်နယ်ရဲ့ ခြေလှမ်းတွေကို သဘော မကျတော့ဘဲ အသင်းက ထွက်မယ် ဆိုရင်တောင် အာဆင်နယ် မဟုတ်ဘဲ မန်စီးတီး ဒါမှမဟုတ် ဂျူဗင်တပ်ကိုသာ ပို လိုလားတော့တယ်လို့ ပြင်သစ် သတင်းဌာနတွေက ဖော်ထုတ်လိုက်ပါတယ်။

လိုင်ယွန်ကွင်းလယ်သမားဟာ ဒီအပြောင်းအရွှေ့မှာ မီခေးလ် အာတီတာ လိုလားတဲ့ ထိပ်သီး ပစ်မှတ် ဖြစ်ပြီး ဂန်းနားတွေ ဘက်က အကြိမ်ကြိမ် သွေးတိုးစမ်းမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လိုင်ယွန်ဘက်ကတော့ ကမ်းလှမ်းမှုတိုင်းကို မဆိုင်းမတွ ပယ်ချခဲ့ပါတယ်။

နွေအစောပိုင်းမှာ အာဆင်နယ်က အော်ဝါအတွက် ဂွမ်ဒူဇီကို အလဲအထပ် အနေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ အပတ်မှာလည်း ပေါင် ၃၂ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။ လိုင်ယွန်ဘက်က သူတို့ ကစားသမား အတွက် ပေါင် ၅၅ သန်း အလိုရှိတာ ဖြစ်လို့ ဂန်းနားတွေ ကမ်းလှမ်းမှုက နည်းပါးလွန်းတယ် ယူဆထားပါတယ်။

ဒီလို အခြေအနေမှာပဲ ကစားသမားရဲ့ ဆန္ဒကတော့ ပြောင်းလဲလာခဲ့ပြီ ဖြစ်ကြောင်း ပြင်သစ် L’Equipe သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။ အော်ဝါက အပြောင်း အရွှေ့ မပိတ်ခင် အသင်းပြောင်းချင်တာ မှန်ပေမယ့် အာဆင်နယ်ကိုတော့ မသွားလိုဘဲ ပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေကိုသာ မျှော်လင့်ထားကြောင်း သိရပါတယ်။

အသက် ၂၂ နှစ် အရွယ် ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ခဲ့ကြတဲ့ မန်စီးတီး ဒါမှမဟုတ် ဂျူဗင်တပ် အသင်းထံသာ ပြောင်းရွှေ့လိုနေပါတယ်။ ဒါပေမယ့် လောလောဆယ်ထိ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားတာကတော့ အာဆင်နယ်သာ ရှိသေးပြီး လိုင်ယွန် ဘက်က ခေါင်းညှိမ့်ဖို့ ဆို အာဆင်နယ် အနေနဲ့ ယူရို သန်း ၅၀ ( ပေါင် ၄၅.၄ သန်း) လောက်ထိတော့ တိုးပေးမှ ဖြစ်နိုင်မယ်လို့ သုံးသပ်နေကြပါတယ်။

Zawgyi – အာဆင္နယ္ အသင္းဟာ လိုင္ယြန္ကြင္းလယ္ကစားသမား ေအာ္၀ါကို အလိုရွိေနေပမယ့္ ျပင္သစ္ကလပ္ ေတာင္းဆိုတဲ့ ေပါင္ ၅၅ သန္း နီးစပ္နုိင္တဲ့ အေနအထားေတာင္ မကမ္းလွမ္းေသးဘဲ ေပါင္ ၃၂ သန္းထိသာ ကမ္းလွမ္းမႈ ျပဳလုပ္ထားပါတယ္။

လိုင္ယြန္ဘက္ကေတာ့ အာဆင္နယ္ ဘက္က ေပးေစ်းဟာ ကစားသမား ေရာင္းခ်ဖို႔ သူတို႔ စဥ္းစားေလာက္တဲ့ အေနအထားေတာင္ မရိွဘူးလို႔ တုန္႔ျပန္လိုက္ျပီး ၄င္းတို႔ရဲ႕ မၾကည္လင္တဲ့ သေဘာထားကို ျပသထားပါတယ္။ အာဆင္နယ္ ဘက္ကေတာ့ ေနာက္ဆံုးအခ်ိန္မ်ားမွာ ရေအာင္ ညွိနိႈင္းနိုင္မယ္ ယံုၾကည္ထားတာပါ။

ဒါေပမယ့္ ဟက္ဆန္ ေအာ္၀ါ ကိုယ္တိုင္က အာဆင္နယ္ရဲ႕ ေျခလွမ္းေတြကို သေဘာ မက်ေတာ့ဘဲ အသင္းက ထြက္မယ္ ဆိုရင္ေတာင္ အာဆင္နယ္ မဟုတ္ဘဲ မန္စီးတီး ဒါမွမဟုတ္ ဂ်ဴဗင္တပ္ကိုသာ ပို လုိလားေတာ့တယ္လို႔ ျပင္သစ္ သတင္းဌာနေတြက ေဖာ္ထုတ္လိုက္ပါတယ္။

လိုင္ယြန္ကြင္းလယ္သမားဟာ ဒီအေျပာင္းအေရႊ႕မွာ မီေခးလ္ အာတီတာ လိုလားတဲ့ ထိပ္သီး ပစ္မွတ္ ျဖစ္ျပီး ဂန္းနားေတြ ဘက္က အၾကိမ္ၾကိမ္ ေသြးတိုးစမ္းမႈေတြ ျပဳလုပ္ထားျပီး ျဖစ္ပါတယ္။ ဒါေပမယ့္ လိုင္ယြန္ဘက္ကေတာ့ ကမ္းလွမး္မႈတိုင္းကို မဆိုင္းမတြ ပယ္ခ်ခဲ့ပါတယ္။

ေႏြအေစာပိုင္းမွာ အာဆင္နယ္က ေအာ္၀ါအတြက္ ဂြမ္ဒူဇီကို အလဲအထပ္ အေနနဲ႕ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခဲ့တာ ျဖစ္ကာ ျပီးခဲ့တဲ့ အပတ္မွာလည္း ေပါင္ ၃၂ သန္းနဲ႕ ကမ္းလွမ္းထားခဲ့ပါတယ္။ လိုင္ယြန္ဘက္က သူတို႔ ကစားသမား အတြက္ ေပါင္ ၅၅ သန္း အလိုရွိတာ ျဖစ္လို႔ ဂနး္နားေတြ ကမ္းလွမ္းမႈက နည္းပါးလြန္းတယ္ ယူဆထားပါတယ္။

ဒီလို အေျခအေနမွာပဲ ကစားသမားရဲ႕ ဆႏၵကေတာ့ ေျပာင္းလဲလာခဲ့ျပီ ျဖစ္ေၾကာင္း ျပင္သစ္ L’Equipe သတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။ ေအာ္၀ါက အေျပာင္း အေရႊ႕ မပိတ္္ခင္ အသင္းေျပာင္းခ်င္တာ မွန္ေပမယ့္ အာဆင္နယ္ကိုေတာ့ မသြားလိုဘဲ ပိုေကာင္းတဲ့ ကမ္းလွမ္းမႈေတြကိုသာ ေမွ်ာ္လင့္ထားေၾကာင္း သိရပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ ကြင္းလယ္သမားဟာ ျပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္မွာ ပါ၀င္ခဲ့ၾကတဲ့ မန္စီးတီး ဒါမွမဟုတ္ ဂ်ဴဗင္တပ္ အသင္းထံသာ ေျပာင္းေရႊ႕လိုေနပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္ထိ တရား၀င္ ကမ္းလွမ္းမႈ ျပဳလုပ္ထားတာကေတာ့ အာဆင္နယ္သာ ရွိေသးျပီး လိုင္ယြန္ ဘက္က ေခါင္းညွိမ့္ဖို႔ ဆို အာဆင္နယ္ အေနနဲ႕ ယူရို သန္း ၅၀ ( ေပါင္ ၄၅.၄ သန္း) ေလာက္ထိေတာ့ တိုးေပးမွ ျဖစ္နုိင္မယ္လို႔ သံုးသပ္ေနၾကပါတယ္။