မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတစ်တပတ် ပရီးမီးယားလိဂ်မှာတော့ နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးအသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ အောက်တိုဘာလ ၄ ရက် (တနင်္ဂနွေနေ့) ည ၁၀ နာရီမှာပါ။
ဒီပွဲအတွက် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင်က – ” ပရီးမီးယားလိဂ်မှာ မော်ရင်ညိုကို နောက်ဆုံးမြင်ခဲ့ရတာက အရင်အပတ်က အိမ်ကွင်းမှာ နယူးကာဆယ်ကို VAR ဆုံးဖြတ်ချက် ကြောင့် အနိုင်သုံးမှတ် မရခဲ့တဲ့ ပွဲမှာ ဖြစ်ပါတယ်။ အဲ့အတွက် ဘယ်သူ့ကို အပြစ်တင်လို့ ရမှာလဲ။
စပါးတို့ တကယ်ကို ကံမကောင်းခဲ့တာပါ။ လက်ထိဘောမှာ ဥပဒေအသစ်တွေ ရှိနေခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အတွက် ဒိုင်တွေအတွက်လည်း စိတ်မကောင်းဖြစ်ပေးရမှာပါ။
ဒီပွဲက အိုထရတ်ဖိုဒ့်ကို မော်ရင်ညို ပြန်လာရမယ့်ပွဲအတွက် အလှည့်အပြောင်း ဖြစ်စေပါလိမ့်မယ်။ ယူနိုက်တက်ကလည်း ပထမဆုံး ၂ ပွဲမှာ သူတို့ ကိုယ်ပိုင် ပြဿနာတွေ ရှိနေခဲ့တာဖြစ်ပြီး ဘရိုက်တန်နဲ့ပွဲမှာတော့ ကံကောင်းစွာနဲ့ ရမှတ်တွေ ရခဲ့တယ်။ ဒီပွဲမှာတော့ အပြန်အလှန် သွင်းဂိုးများပြီး ယူနိုက်တက်က နှားတစ်ဖျား အသာရသွားမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီတစ္တပတ္ ပရီးမီးယားလိဂ္မွာေတာ့ နည္းျပေဟာင္း ေမာ္ရင္ညိဳ ကိုင္တြယ္ေနတဲ့ စပါးအသင္းကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာလ ၄ ရက္ (တနဂၤေႏြေန႔) ည ၁၀ နာရီမွာပါ။
ဒီပြဲအတြက္ ယူနုိက္တက္နဲ႕ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
အို၀င္က – ” ပရီးမီးယားလိဂ္မွာ ေမာ္ရင္ညိဳကို ေနာက္ဆံုးျမင္ခဲ့ရတာက အရင္အပတ္က အိမ္ကြင္းမွာ နယူးကာဆယ္ကို VAR ဆံုးျဖတ္ခ်က္ ေၾကာင့္ အႏုိင္သံုးမွတ္ မရခဲ့တဲ့ ပြဲမွာ ျဖစ္ပါတယ္။ အဲ့အတြက္ ဘယ္သူ႔ကို အျပစ္တင္လို႔ ရမွာလဲ။
စပါးတို႔ တကယ္ကို ကံမေကာင္းခဲ့တာပါ။ လက္ထိေဘာမွာ ဥပေဒအသစ္ေတြ ရွိေနခဲ့တာျဖစ္ျပီး ဒီဆံုးျဖတ္ခ်က္အတြက္ ဒိုင္ေတြအတြက္လည္း စိတ္မေကာင္းျဖစ္ေပးရမွာပါ။
ဒီပြဲက အိုထရတ္ဖိုဒ့္ကို ေမာ္ရင္ညိဳ ျပန္လာရမယ့္ပြဲအတြက္ အလွည့္အေျပာင္း ျဖစ္ေစပါလိမ့္မယ္။ ယူႏုိက္တက္ကလည္း ပထမဆံုး ၂ ပြဲမွာ သူတို႔ ကိုယ္ပိုင္ ျပႆနာေတြ ရွိေနခဲ့တာျဖစ္ျပီး ဘရိုက္တန္နဲ႔ပြဲမွာေတာ့ ကံေကာင္းစြာနဲ႔ ရမွတ္ေတြ ရခဲ့တယ္။ ဒီပြဲမွာေတာ့ အျပန္အလွန္ သြင္းဂိုးမ်ားျပီး ယူႏုိက္တက္က ႏွားတစ္ဖ်ား အသာရသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။