ချယ်ဆီး Vs ပဲလေစ့် ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်
ချယ်ဆီး အသင်းဟာ ဒီတစ်ပတ်မှာ လန်ဒန်မြို့ခံ တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
ပွဲချိန်ကတော့ အောက်တိုဘာလ ၃ ရက် (စနေနေ့) ညနေ ၆ နာရီမှာပါ။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် က အခုလို သုံးသပ်ထားပါတယ်။
” ချယ်ဆီးအတွက်တော့ ဘဝမကျစရာ အချိန်အခါပဲ ဖြစ်ပါတယ်။ အရင်အပတ်က လီဗာပူးကို အရေးနိမ့်ပြီးနောက်ပိုင်းမှာ အမြင့်ဆုံး ရနိုင်တဲ့ ရမှတ်တွေကို ချယ်ဆီးက ယူနိုင်ခြင်း မရှိသေးပါဘူး။ လမ်းပတ်အပေါ်မှာ ဖိအားတွေက ပြောင်းလဲ ကျရောက်လာနေခဲ့ပြီ ဖြစ်ပါတယ်။
ဒီအပတ်မှာ ချယ်ဆီးကို ကျရောက်နေတဲ့ ဝေဖန်မှု အတိမ်အနက် အားလုံးဟာ ဝက်ဘရွန်းနဲ့ပွဲမှာ ၃-၀ နဲ့ အရေးနိမ့်နေခြင်းကနေ အရမ်း ကောင်းတဲ့ ပုံစံတွေနဲ့ ပြန်လာနိုင်ပြီး သရေတစ်မှတ် ရယူနိုင်ခြင်းကြောင့် ခံသာနေတာပါ။ ပဲလေ့စ်က ယူနိုက်တက်ကိုလည်း အနိုင်ယူခဲ့သေးတယ် ဆိုပေမယ့်လို့ ဒီပွဲမှာတော့ ချယ်ဆီးက တောက်ပပြီး ရမှတ်တွေ အားလုံးကို ရယူသွားမယ်လို့ ထင်ပါတယ်။ ” လို့ အိုဝင် က ဆိုပါတယ်။
မိုက်ကယ်အိုဝင် ရလဒ်ခန့်မှန်း ကတော့ ချယ်ဆီးက ပထမပိုင်းကော ဒုတိယပိုင်းမှာပါ အနိုင်ရလဒ် ထွက်မယ်လို့ ဆိုထားပါတယ်။
Zawgyi – ချယ်ဆီး အသင်းဟာ ဒီတစ်ပတ်မှာ လန်ဒန်မြို့ခံ တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ခ်ျမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။