အိမ်ရှင် ဂိုးပြတ်အနိုင်ဆိုတဲ့ အာဆင်နယ် Vs ရှက်ဖီး ပွဲ အိုဝင် သုံးသပ်ခန့်မှန်း
ကြားရက် ကာရာဘောင်းဖလားပွဲမှာ လီဗာပူးကို အနိုင်ယူ ကျော်ဖြတ်လာတဲ့ အာဆင်နယ်က ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ရှက်ဖီး ယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ။
ပွဲချိန်ကတော့ အောက်တိုဘာလ ၄ ရက် (တနင်္ဂနွေနေ့) ည ရး၃၀ နာရီမှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင်က – ” ရှက်ဖီးအတွက်ကတော့ ကောင်းမွန်တဲ့ စတင်ခြင်း မဟုတ်ပါဘူး။ ရှက်ဖီးဟာ သုံးပွဲဆက်တိုက်ကို အရေးနိမ့်ထားပြီး မနှစ်ကရာသီမှာ မြင်ထားရတဲ့ ရှက်ဖီးကို မတွေ့ရသေးပါဘူး။ အစောကတည်းက ကျနော် ပြောခဲ့ပါတယ်။ ပထမဆုံးသော ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အရမ်းကောင်းခဲ့တဲ့ အသင်းက ဒုတိယရာသီမှာ ရုန်းကန်ရတတ်ပါတယ်။
အခုချိန်ထိတော့ ရှက်ဖီးက ရုန်းကန်နေရပြီး အာဆင်နယ်ကို အဝေးကွင်းမှာ သွားကစားရမှာထက် ပိုဆိုးတဲ့ အချိန်မျိုး မရှိတော့ပါဘူး။ အာဆင်နယ် အနိုင်ရလဒ်ကလွဲရင် အခြားရလဒ် တစ်ခုခုထွက်လာဖို့ မမြင်ပါဘူး။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ အာဆင်နယ်က ဂိုးပြတ် အနိုင်ပဲ ဖြစ်ပါတယ်။
Zawgyi – ကြားရက် ကာရာဘောင်းဖလားပွဲမှာ လီဗာပူးကို အနိုင်ယူ ကျော်ဖြတ်လာတဲ့ အာဆင်နယ်က ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ရှက်ဖီး ယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ။