ချယ်ဆီးခံစစ်သမားတွေကို ပြင်သစ်လို ညွှန်ကြားနေတဲ့ ဂိုးသမား မန်ဒီ အပေါ် လမ်းပတ်ရဲ့ သဘောထား

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ အသင်းခံစစ်သမားတွေနဲ့ ပြောဆို ဆက်ဆံရာနဲ့ ညွှန်ကြားရာမှာ ပြင်သစ်လို ပြောနေတဲ့ ဂိုးသမားသစ် မန်ဒီနဲ့ ပတ်သတ်လို့ သူ့ဘက်ကတော့ ပြသနာ ရှိတယ်လို့ မယူဆကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မန်ဒီဟာ ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲမှာလည်း ပွဲထွက်လာခဲ့ပြီး ထိုပွဲမှာ ပေးဂိုး မရှိဘဲ နိုင်ပွဲ ရခဲ့ပါတယ်။ ချယ်ဆီး ခံစစ်သမားတွေ ဖြစ်တဲ့ ချေးဝဲလ်နဲ့ ဇူးမားတို့ သွင်းဂိုးတွေ အပါအဝင်နဲ့ ချယ်ဆီးက လေးဂိုးပြတ် နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမားသစ် မန်ဒီဟာ ကြားရက် စပါးနဲ့ ကာရာဘောင်းဖလားပွဲမှာလည်း ပွဲထွက် ကစားခဲ့ပြီး ထိုပွဲမှာတော့ ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ကာ ချယ်ဆီးတို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ ထိုပွဲမှာ မန်ဒီကလည်း ပင်နယ်တီ ကာကွယ်မှု မလုပ်နိုင်ခဲ့သလို မောင့်ကလည်း လွဲချော်ခဲ့တာကြောင့် ချယ်ဆီးတို့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါသားရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ကတော့ ပဲလေ့စ်နဲ့ ဖြစ်ပြီး ရွိုင်းဟော့ဆန်ရဲ့ အသင်းဟာ မန်ဒီကို ဒုက္ခကြီး မပေးနိုင်ခဲ့ပါဘူး။

မန်ဒီဟာ ချယ်ဆီးခံစစ်မှာ ဘန်ချေးဝဲလ်လို အင်္ဂလန် လက်ရွေးစင် ကစားသမား ပါဝင်နေပေမယ့်လို့ အသင်းဖော်တွေကို သူ သက်တောင့်သက်သာ ပိုရှိတဲ့ ပြင်သစ်လိုသာ ပြောဆိုခဲ့ပါတယ်။ လမ်းပတ် ကတော့ သူ့ကစားသမားတွေဟာ ဒါနဲ့ ပတ်သတ်ပြီး ပြသနာကြီး မရှိဘူး ယူဆထားပါတယ်။

” ဘန်(ချေးဝဲလ်) က ပြင်သစ်လို သင်ခဲ့သလားတော့ ကျနော် မသိဘူး။ ကျနော်လည်း ကျောင်းမှာတုန်းက ပြင်သစ်လို သင်ဖူးပေမယ့် တော်တော်တော့ ကြာခဲ့ပြီ။ အသင်းမှာတော့ လောလောဆယ် ဒီလို ပြောရ ပို အဆင်ပြေတဲ့ အနေအထား ဖြစ်နေလို့ ထင်ပါတယ်။ မျှမျှတတ ပြောရရင် မန်ဒီ အင်္ဂလိပ်စကားလည်း ကောင်းကောင်း ပြောနိုင်ပါတယ်။

ဒါပေမယ့် သူ့ရှေ့မှာ ဇူးမားနဲ့ သီယေဂိုက ပြင်သစ်လို ပြောနေတာရယ်၊ ကွီတာလည်း ပြောနေတာ ဆိုတော့ သူကလည်း ဒီလိုပဲ ခပ်မြန်မြန် ပြောဖြစ်သွားတာလို့ ထင်တယ်။ အသင်းလိုက် အနေနဲ့တော့ ခံစစ်နဲ့ မန်ဒီရဲ့ စုဖွဲ့မှုက တော်တော် ကောင်းခဲ့ပါတယ်။ ဘာ စကားနဲ့ ပြောပြော ကျနော်တို့အတွက်တော့ ရလဒ်ကောင်း ဖြစ်တယ်။

ကျနော်တို့က ကစားသမားသစ်တွေ အသင်းမှာ ထပ်ပေါင်းထားတယ်။ နောက်တန်းက ငါးယောက်က အားလုံး လိုချင်နေကြသလို ကျစ်လစ်သွားခဲ့တယ်။ ဒီလို အခြေကျတာ မြန်မြန် မြင်ချင်ခဲ့ကြတာပဲ ဖြစ်သလို ဒီနေ့ ကြည့်ရတာတော့ အဆင်ပြေပါတယ်။ ” လို့ လမ်းပတ်က သူ့ အမြင်ကို ပြောကာ မန်ဒီဘက်က ကာကွယ် ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ အသင္းခံစစ္သမားေတြနဲ႕ ေျပာဆို ဆက္ဆံရာနဲ႕ ညႊန္ၾကားရာမွာ ျပင္သစ္လို ေျပာေနတဲ့ ဂိုးသမားသစ္ မန္ဒီနဲ႕ ပတ္သတ္လို႔ သူ႔ဘက္ကေတာ့ ျပသနာ ရွိတယ္လို႔ မယူဆေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

မန္ဒီဟာ ပဲေလ့စ္နဲ႕ ပရီးမီးယားလိဂ္ ပြဲမွာလည္း ပြဲထြက္လာခဲ့ျပီး ထိုပြဲမွာ ေပးဂိုး မရွိဘဲ နုိင္ပြဲ ရခဲ့ပါတယ္။ ခ်ယ္ဆီး ခံစစ္သမားေတြ ျဖစ္တဲ့ ေခ်း၀ဲလ္နဲ႕ ဇူးမားတို႔ သြင္းဂိုးေတြ အပါအ၀င္နဲ႕ ခ်ယ္ဆီးက ေလးဂိုးျပတ္ နုိင္ပြဲရခဲ့တာ ျဖစ္ပါတယ္။

ဂိုးသမားသစ္ မန္ဒီဟာ ၾကားရက္ စပါးနဲ႕ ကာရာေဘာင္းဖလားပြဲမွာလည္း ပြဲထြက္ ကစားခဲ့ျပီး ထိုပြဲမွာေတာ့ ပင္နယ္တီ အဆံုးအျဖတ္မွာ အေရးနိမ့္ကာ ခ်ယ္ဆီးတို႔ ျပိဳင္ပြဲက ထြက္ခြာခဲ့ရပါတယ္။ ထိုပြဲမွာ မန္ဒီကလည္း ပင္နယ္တီ ကာကြယ္မႈ မလုပ္နုိင္ခဲ့သလို ေမာင့္ကလည္း လြဲေခ်ာ္ခဲ့တာေၾကာင့္ ခ်ယ္ဆီးတို႔ အေရးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ဆီနီေဂါသားရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္ကေတာ့ ပဲေလ့စ္နဲ႕ ျဖစ္ျပီး ရြိဳင္းေဟာ့ဆန္ရဲ႕ အသင္းဟာ မန္ဒီကို ဒုကၡၾကီး မေပးနုိင္ခဲ့ပါဘူး။

မန္ဒီဟာ ခ်ယ္ဆီးခံစစ္မွာ ဘန္ေခ်း၀ဲလ္လုိ အဂၤလန္ လက္ေရြးစင္ ကစားသမား ပါ၀င္ေနေပမယ့္လို႔ အသင္းေဖာ္ေတြကို သူ သက္ေတာင့္သက္သာ ပိုရွိတဲ့ ျပင္သစ္လိုသာ ေျပာဆိုခဲ့ပါတယ္။ လမ္းပတ္ ကေတာ့ သူ႔ကစားသမားေတြဟာ ဒါနဲ႕ ပတ္သတ္ျပီး ျပသနာၾကီး မရွိဘူး ယူဆထားပါတယ္။

” ဘန္(ေခ်း၀ဲလ္) က ျပင္သစ္လို သင္ခဲ့သလားေတာ့ က်ေနာ္ မသိဘူး။ က်ေနာ္လည္း ေက်ာင္းမွာတုန္းက ျပင္သစ္လို သင္ဖူးေပမယ့္ ေတာ္ေတာ္ေတာ့ ၾကာခဲ့ျပီ။ အသင္းမွာေတာ့ ေလာေလာဆယ္ ဒီလို ေျပာရ ပို အဆင္ေျပတဲ့ အေနအထား ျဖစ္ေနလို႔ ထင္ပါတယ္။ မွ်မွ်တတ ေျပာရရင္ မန္ဒီ အဂၤလိပ္စကားလည္း ေကာင္းေကာင္း ေျပာနုိင္ပါတယ္။

ဒါေပမယ့္ သူ႔ေရွ႕မွာ ဇူးမားနဲ႕ သီေယဂိုက ျပင္သစ္လို ေျပာေနတာရယ္၊ ကြီတာလည္း ေျပာေနတာ ဆိုေတာ့ သူကလည္း ဒီလိုပဲ ခပ္ျမန္ျမန္ ေျပာျဖစ္သြားတာလို႔ ထင္တယ္။ အသင္းလိုက္ အေနနဲ႕ေတာ့ ခံစစ္နဲ႕ မန္ဒီရဲ႕ စုဖြဲ႕မႈက ေတာ္ေတာ္ ေကာင္းခဲ့ပါတယ္။ ဘာ စကားနဲ႕ ေျပာေျပာ က်ေနာ္တို႔အတြက္ေတာ့ ရလဒ္ေကာငး္ ျဖစ္တယ္။

က်ေနာ္တုိ႔က ကစားသမားသစ္ေတြ အသင္းမွာ ထပ္ေပါင္းထားတယ္။ ေနာက္တန္းက ငါးေယာက္က အားလံုး လိုခ်င္ေနၾကသလို က်စ္လစ္သြားခဲ့တယ္။ ဒီလို အေျခက်တာ ျမန္ျမန္ ျမင္ခ်င္ခဲ့ၾကတာပဲ ျဖစ္သလို ဒီေန႔ ၾကည့္ရတာေတာ့ အဆင္ေျပပါတယ္။ ” လို႔ လမ္းပတ္က သူ႔ အျမင္ကို ေျပာကာ မန္ဒီဘက္က ကာကြယ္ ေျပာဆိုခဲ့ပါတယ္။