ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ သူ့အသင်းဟောင်းနဲ့ ပတ်သတ်ပြီး နာမည်ကျော် နည်းပြ မော်ရင်ညို ပြောခဲ့တာ ဟုတ်လိမ့်မယ်လို့ အဆုံးမှာ ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တနင်္ဂနွေညက ပွဲမှာ အိုးထရက်ဖို့ဒ်မှာတင် မော်ရင်ညိုရဲ့ စပါးကို ၆ဂိုး ၁ဂိုးနဲ့ ဆိုးဝါးစွာ အရေးနိမ့်ခဲ့ပါတယ်။
မော်ရင်ညိုဟာ တချိန်က ယူနိုက်တက်မှာ အသင်း နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီး ပထမရာသီမှာ ယူရိုပါလိဂ်နဲ့ ကာရာဘောင်းဖလား ယူပေးခဲ့ကာ ဒုတိယ ရာသီမှာတော့ ဂွာဒီယိုလာရဲ့ မန်စီးတီးနောက် အဆင့် ၂ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၀၁၈ မှာတော့ မော်ရင်ညို တစ်ယောက် ထုတ်ပယ်ခံခဲ့ရပြီး ပေါ်တူဂီသားကြီးက သူ့ နည်းပြသက်တမ်းတလျောက် အကြီးမားဆုံး စွမ်းဆောင်နိုင်မှုကို မေးရင် အခြား ဆုဖလားတွေကို ပြောမှာ မဟုတ်ဘဲ ယူနိုက်တက်နဲ့ အဆင့် ၂ ရအောင် လုပ်ပေးခဲ့တာပဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဆုဖလား ၂၅ ခုလောက် ယူခဲ့တဲ့ မော်ရင်ညို လို နည်းပြ က ဒီလို စကား ပြောတဲ့အတွက် ရိထေ့တယ် ယူဆခဲ့ကြပေမယ့် နဗီးလ်ကတော့ မော်ရင်ညို ပြောတာ မှန်ကြောင်း ဝန်ခံလာခဲ့ပြီ ဖြစ်ပါတယ်။
” ကျနော်တော့ ဒါတွေချည်း ထပ်ခါထပ်ခါ မြင်နေရသလိုပဲ။ လူးဝစ် ဗန်ဟားလ်နဲ့ အတူ ယူနိုက်တက်က ဖလားဖိုင်နယ် တစ်ခု ရောက်ခဲ့တယ်။ အသင်း လူစာရင်း တစ်ခု တည်ဆောက်နေရင်း နည်းနည်းကောင်းတဲ့ အနေအထား လမ်းတဝက်မှာပဲ သူ့ကို ဖယ်ထုတ် ခံလိုက်ရတယ်။
ဂျို့စ် မော်ရင်ညိုနဲ့လည်း အဲဒီလိုပဲ။ သူတို့က အပြောင်းအရွှေ့ ကာလ နှစ်ကြိမ်လောက် ပံ့ပိုးမှုတွေ ပြတယ် စာချုပ် ချုပ်တယ်။ သူက ဒိထက် ပံ့ပိုးမှု လိုတယ် ဆိုတော့ ထွက်သွားခိုင်းပြန်ရော။ ကျနော့် အမြင်တော့ ဆိုးရှားက လုပ်နိုင်သမျှ အစွမ်းကုန်နဲ့ ပြီးခဲ့တဲ့ရာသီက လုပ်ပေးခဲ့ပြီ ထင်ပါတယ်။ သူ့အနေနဲ့ လီဗာပူး မန်စီးတီးတို့ အနေအထားကို ရောက်ဖို့တော့ လမ်းမမြင်ပါဘူး။ ဆိုးရှား လုပ်ခဲ့တာ အစွမ်းကုန်ပါပဲ။
အရင်နှစ်တွေတုန်းကတော့ ဂျို့စ် (မော်ရင်ညို) က ဒီအသင်း လူစာရင်းနဲ့ အဆင့် ၂ ရတာ အကြီးမားဆုံး ရရှိမှု တစ်ခုပဲ ဆိုခဲ့တာကို လျှောက်ပွားနေတာ ရိထေ့နေတာလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အချိန်ယူ ကြည့်မိတဲ့ အခါ သူပြောတာ ဟုတ်ကောင်း ဟုတ်မယ် ဝန်ခံရတော့မယ်။
ကလပ်အသင်းဟာ ဆုဖလားတွေ ယူမယ့် ချန်ပီယံ လုပ်မယ့် အသင်း ဒီမှာ တည်ဆောက်ဖို့ လိုပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အမှတ်ပေးဖလား ယူရမယ်။ အသင်းရဲ့ အဆင့်အတန်းကို ချပစ်လို့ မရပါဘူး။ ” လို့ နဗီးလ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး ဂယ္ရီနဗီးလ္ကေတာ့ သူ႔အသင္းေဟာင္းနဲ႕ ပတ္သတ္ျပီး နာမည္ေက်ာ္ နည္းျပ ေမာ္ရင္ညိဳ ေျပာခဲ့တာ ဟုတ္လိမ့္မယ္လို႔ အဆံုးမွာ ၀န္ခံလိုက္ျပီ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ တနဂၤေႏြညက ပြဲမွာ အိုးထရက္ဖို႕ဒ္မွာတင္ ေမာ္ရင္ညိဳရဲ႕ စပါးကို ၆ဂိုး ၁ဂိုးနဲ႕ ဆိုး၀ါးစြာ အေရးနိမ့္ခဲ့ပါတယ္။
ေမာ္ရင္ညိဳဟာ တခိ်န္က ယူနိုက္တက္မွာ အသင္း နည္းျပ အျဖစ္ တာ၀န္ယူခဲ့ျပီး ပထမရာသီမွာ ယူရိုပါလိဂ္နဲ႕ ကာရာေဘာင္းဖလား ယူေပးခဲ့ကာ ဒုတိယ ရာသီမွာေတာ့ ဂြာဒီယိုလာရဲ႕ မန္စီးတီးေနာက္ အဆင့္ ၂ ေနရာမွာ ရပ္တည္ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။
ဒီဇင္ဘာ ၂၀၁၈ မွာေတာ့ ေမာ္ရင္ညိဳ တစ္ေယာက္ ထုတ္ပယ္ခံခဲ့ရျပီး ေပၚတူဂီသားၾကီးက သူ႔ နည္းျပသက္တမ္းတေလ်ာက္ အၾကီးမားဆံုး စြမ္းေဆာင္နုိင္မႈကို ေမးရင္ အျခား ဆုဖလားေတြကို ေျပာမွာ မဟုတ္ဘဲ ယူနိုက္တက္နဲ႕ အဆင့္ ၂ ရေအာင္ လုပ္ေပးခဲ့တာပဲ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
ဆုဖလား ၂၅ ခုေလာက္ ယူခဲ့တဲ့ ေမာ္ရင္ညိဳ လို နည္းျပ က ဒီလို စကား ေျပာတဲ့အတြက္ ရိေထ့တယ္ ယူဆခဲ့ၾကေပမယ့္ နဗီးလ္ကေတာ့ ေမာ္ရင္ညိဳ ေျပာတာ မွန္ေၾကာင္း ၀န္ခံလာခဲ့ျပီ ျဖစ္ပါတယ္။
” က်ေနာ္ေတာ့ ဒါေတြခ်ည္း ထပ္ခါထပ္ခါ ျမင္ေနရသလိုပဲ။ လူး၀စ္ ဗန္ဟားလ္နဲ႕ အတူ ယူနိုက္တက္က ဖလားဖိုင္နယ္ တစ္ခု ေရာက္ခဲ့တယ္။ အသင္း လူစာရင္း တစ္ခု တည္ေဆာက္ေနရင္း နည္းနည္းေကာင္းတဲ့ အေနအထား လမ္းတ၀က္မွာပဲ သူ႕ကို ဖယ္ထုတ္ ခံလိုက္ရတယ္။
ဂ်ိဳ႕စ္ ေမာ္ရင္ညိဳနဲ႕လည္း အဲဒီလိုပဲ။ သူတို႔က အေျပာင္းအေရႊ႕ ကာလ နွစ္ၾကိမ္ေလာက္ ပံ့ပိုးမႈေတြ ျပတယ္ စာခ်ဳပ္ ခ်ဳပ္တယ္။ သူက ဒိထက္ ပံ့ပိုးမႈ လိုတယ္ ဆိုေတာ့ ထြက္သြားခိုင္းျပန္ေရာ။ က်ေနာ့္ အျမင္ေတာ့ ဆိုးရွားက လုပ္နုိင္သမွ် အစြမ္းကုန္နဲ႕ ျပီးခဲ့တဲ့ရာသီက လုပ္ေပးခဲ့ျပီ ထင္ပါတယ္။ သူ႔အေနနဲ႕ လီဗာပူး မန္စီးတီးတို႔ အေနအထားကို ေရာက္ဖို႕ေတာ့ လမ္းမျမင္ပါဘူး။ ဆိုးရွား လုပ္ခဲ့တာ အစြမ္းကုန္ပါပဲ။
အရင္နွစ္ေတြတုန္းကေတာ့ ဂ်ိဳ႕စ္ (ေမာ္ရင္ညိဳ) က ဒီအသင္း လူစာရင္းနဲ႕ အဆင့္ ၂ ရတာ အၾကီးမားဆံုး ရရွိမႈ တစ္ခုပဲ ဆိုခဲ့တာကို ေလွ်ာက္ပြားေနတာ ရိေထ့ေနတာလို႔ ထင္ခဲ့တယ္။ ဒါေပမယ့္ အခ်ိန္ယူ ၾကည့္မိတဲ့ အခါ သူေျပာတာ ဟုတ္ေကာင္း ဟုတ္မယ္ ၀န္ခံရေတာ့မယ္။
ကလပ္အသင္းဟာ ဆုဖလားေတြ ယူမယ့္ ခ်န္ပီယံ လုပ္မယ့္ အသင္း ဒီမွာ တည္ေဆာက္ဖို႔ လိုပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ဟာ အမွတ္ေပးဖလား ယူရမယ္။ အသင္းရဲ႕ အဆင့္အတန္းကို ခ်ပစ္လို႔ မရပါဘူး။ ” လို႔ နဗီးလ္က ေျပာဆိုခဲ့ပါတယ္။