ချန်ပီယံလိဂ် မကစားရတဲ့ အာဆင်နယ်ကိုမှ သောမတ်စ်ပါတေး ဘာလို့ ပြောင်းခဲ့တာလဲ ဖွင့်ဟလိုက်တဲ့ ပါတေးဖခင်

ဥရောပ ထိပ်သီးတစ်သင်း အဖြစ် ချန်ပီယံလိဂ်မှာ မျက်နှာပန်းလှနေတဲ့ အက်သလက်တီကို မက်ဒရစ် အသင်းကိုမှ စွန့်ခွာပြီး ချန်ပီယံလိဂ် မကစားရတဲ့ အာဆင်နယ် အသင်းထံ သောမတ်စ် ပါတေး ဘာလို့ ပြောင်းရွှေ့ခဲ့သလဲ ဆိုတာက ပါတေး အပြောင်းအရွှေ့မှာ မေးခွန်း အထုတ်ကြဆုံး အချက် ဖြစ်ပါတယ်။ ဒါပေမယ့် ပါတေးရဲ့ အေးဂျင့်လည်း ဖြစ်တဲ့ ပါတေး ဖခင် ဖြစ်သူကတော့ သူ့သား ဖြစ်သူဟာ အာတီတာရဲ့ အသင်း ကို ဘယ်လို ယုံကြည်မှုတွေနဲ့ ရွေးချယ်ခဲ့သလဲ ဆိုတာ ဖွင့်ဟခဲ့ပါတယ်။

ပါတေးဟာ နွေအပြောင်းအရွှေ့ နောက်ဆုံး ရက်မှာမှ အာဆင်နယ် အသင်းထံ စာချုပ်ဖျက်သိမ်းကြေး အတိုင်း ပြောင်းရွှေ့ကြေး ပေါင် ၄၅.၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ အာတီတာရဲ့ ပွဲထွက် လူစာရင်းမှာ နေရာ ရဖို့ မျှော်လင့်ခြင်း ခံထားရပါတယ်။

ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်က ခက်ခဲသည်ထက် ခက်ခဲလာနေပြီး ဒီနှစ်မှာ အဲဗာတန်နဲ့ လက်စတာတို့က အစွမ်းပြနေတာကြောင့် ကြီး ၆ ကြီး ဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ ယူနိုက်တက်၊ ချယ်ဆီး၊ စပါး၊ အာဆင်နယ်တို့ အပြင် ပြိုင်ဆိုင်မှုတွေက ပို ခက်ခဲ ပြင်းထန်ဖို့ ရှိနေပါတယ်။ ပါတေးရဲ့ ဖခင် ဖြစ်သူ ဂျာကော့ပါတေးကတော့ သူ့သားဟာ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရယူနိုင်ဖို့မှာ အခရာ ကျမယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

” ချန်ပီယံလိဂ် ဆိုတာက ပါတေး အာဆင်နယ် ပြောင်းသွားရာမှာ အမေးခံရဆုံး မေးခွန်းပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ ပါတေးက အက်သလက်တီကို မက်ဒရစ် ချန်ပီယံလိဂ်မှာ တောက်ပလာအောင် အဓိက ပါဝင် စွမ်းဆောင်ခဲ့တယ်။ သူက အာဆင်နယ်ကိုလည်း ဒီလို လုပ်ပေးနိုင်မယ်လို့ ယုံကြည်လို့ လာခဲ့တာပါ။

ပါတေး ချန်ပီယံလိဂ် အခု မကစားရသေးတာကို ကျနော်တို့ အာရုံ မစိုက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကလပ်အသင်းသစ်နဲ့ သူကိုယ်တိုင် သမိုင်းသစ် ရေးထိုးရမှာပါ။ သူ့ အနေနဲ့ ဒီကလပ်နဲ့ အတူ ၂၀၂၁-၂၂ ရာသီမှာ ချန်ပီယံလိဂ် ဝင်ကစားတာ မြင်ရဖို့ ကျနော် မျှော်လင့်ပါတယ်။ တကယ်တော့ ကျနော့် အသင်း အာဆင်နယ်ကို ပြောင်းလိုက်တာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ။ ကစာသမားတွေက အချိန်ကျလာရင် မတူညီတဲ့ ကလပ်အသင်းတွေနဲ့ ပြောင်းရွှေ့ ကစားရပါတယ်။ ကျနော့် သားကတော့ သူ့နှလုံးသားနဲ့ ယုံကြည်တဲ့ နေရာကို ရွေးခဲ့တာပါ။ ” လို့ ဖခင် ပါတေးက ပြောဆိုခဲ့ပါတယ်။

Zawgyi – ဥေရာပ ထိပ္သီးတစ္သင္း အျဖစ္ ခ်န္ပီယံလိဂ္မွာ မ်က္နွာပန္းလွေနတဲ့ အက္သလက္တီကို မက္ဒရစ္ အသင္းကိုမွ စြန္႔ခြာျပီး ခ်န္ပီယံလိဂ္ မကစားရတဲ့ အာဆင္နယ္ အသင္းထံ ေသာမတ္စ္ ပါေတး ဘာလို႔ ေျပာင္းေရႊ႕ခဲ့သလဲ ဆိုတာက ပါေတး အေျပာင္းအေရႊ႕မွာ ေမးခြန္း အထုတ္ၾကဆံုး အခ်က္ ျဖစ္ပါတယ္။ ဒါေပမယ့္ ပါေတးရဲ႕ ေအးဂ်င့္လည္း ျဖစ္တဲ့ ပါေတး ဖခင္ ျဖစ္သူကေတာ့ သူ႔သား ျဖစ္သူဟာ အာတီတာရဲ႕ အသင္း ကို ဘယ္လုိ ယံုၾကည္မႈေတြနဲ႕ ေရြးခ်ယ္ခဲ့သလဲ ဆုိတာ ဖြင့္ဟခဲ့ပါတယ္။

ပါေတးဟာ ေႏြအေျပာင္းအေရႊ႕ ေနာက္ဆံုး ရက္မွာမွ အာဆင္နယ္ အသင္းထံ စာခ်ဳပ္ဖ်က္သိမ္းေၾကး အတိုင္း ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅.၃ သန္းနဲ႕ ေျပာင္းေရႊ႕လာခဲ့တာ ျဖစ္ကာ အာတီတာရဲ႕ ပြဲထြက္ လူစာရင္းမွာ ေနရာ ရဖို႔ ေမွ်ာ္လင့္ျခင္း ခံထားရပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္က ခက္ခဲသည္ထက္ ခက္ခဲလာေနျပီး ဒီနွစ္မွာ အဲဗာတန္နဲ႕ လက္စတာတို႔က အစြမ္းျပေနတာေၾကာင့္ ၾကီး ၆ ၾကီး ျဖစ္တဲ့ မန္စီးတီး၊ လီဗာပူး၊ ယူနိုက္တက္၊ ခ်ယ္ဆီး၊ စပါး၊ အာဆင္နယ္တို႔ အျပင္ ျပိဳင္ဆိုင္မႈေတြက ပို ခက္ခဲ ျပင္းထန္ဖို႔ ရွိေနပါတယ္။ ပါေတးရဲ႕ ဖခင္ ျဖစ္သူ ဂ်ာေကာ့ပါေတးကေတာ့ သူ႔သားဟာ အာဆင္နယ္အသင္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ ျပန္လည္ ရယူနိုင္ဖို႔မွာ အခရာ က်မယ္လို႔ ယံုၾကည္ေၾကာင္း ဆုိခဲ့ပါတယ္။

” ခ်န္ပီယံလိဂ္ ဆိုတာက ပါေတး အာဆင္နယ္ ေျပာင္းသြားရာမွာ အေမးခံရဆံုး ေမးခြန္းပါ။ ဒါေပမယ့္ ျပီးခဲ့တဲ့နွစ္ေတြမွာ ပါေတးက အက္သလက္တီကို မက္ဒရစ္ ခ်န္ပီယံလိဂ္မွာ ေတာက္ပလာေအာင္ အဓိက ပါ၀င္ စြမ္းေဆာင္ခဲ့တယ္။ သူက အာဆင္နယ္ကိုလည္း ဒီလို လုပ္ေပးနိုင္မယ္လို႔ ယံုၾကည္လို႔ လာခဲ့တာပါ။

ပါေတး ခ်န္ပီယံလိဂ္ အခု မကစားရေသးတာကို က်ေနာ္တို႔ အာရံု မစိုက္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႔ကလပ္အသင္းသစ္နဲ႕ သူကိုယ္တိုင္ သမိုင္းသစ္ ေရးထိုးရမွာပါ။ သူ႔ အေနနဲ႕ ဒီကလပ္နဲ႕ အတူ ၂၀၂၁-၂၂ ရာသီမွာ ခ်န္ပီယံလိဂ္ ၀င္ကစားတာ ျမင္ရဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ တကယ္ေတာ့ က်ေနာ့္ အသင္း အာဆင္နယ္ကို ေျပာင္းလိုက္တာ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ပါ။ ကစာသမားေတြက အခ်ိန္က်လာရင္ မတူညီတဲ့ ကလပ္အသင္းေတြနဲ႕ ေျပာင္းေရႊ႕ ကစားရပါတယ္။ က်ေနာ့္ သားကေတာ့ သူ႔နွလံုးသားနဲ႕ ယံုၾကည္တဲ့ ေနရာကို ေရြးခဲ့တာပါ။ ” လို႔ ဖခင္ ပါေတးက ေျပာဆိုခဲ့ပါတယ္။