ရီးရဲလ်မှာ ဆက်နေခွင့်ကို ငြင်းပြီး အာဆင်နယ် ပြောင်းခဲ့တဲ့ အကြောင်းအရင်း ဆီးဘယ်လော့ ဖွင့်ဟ

စပိန်သား ကွင်းလယ်ကစားသမား ဒန်နီ ဆီးဘယ်လော့ကတော့ ပြီးခဲ့တဲ့ ရာသီ အငှား ပြီးဆုံးချိန်မှာ မိခင်ကလပ် ရီးရဲလ်မက်ဒရစ်မှာ ဆက်နေဖို့ အခွင့် ရှိခဲ့ပေမယ့် အာဆင်နယ်အသင်းကိုပဲ အပြီး ပြောင်းရွှေ့ လာဖြစ်တဲ့ အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

ဆီးဘယ်လော့က နိုင်ငံအသင်းနဲ့အတူ နေရာ ရဖို့ ဆိုရင် ကလပ်အသင်းမှာလည်း အရေးပါစွာ ခြေစွမ်းပြနိုင်မှ ဖြစ်မယ်လို့ ယုံကြည်တာကြောင့် ရီးရဲလ်မက်ဒရစ်ထက် အာဆင်နယ်ကိုပဲ လိုလားစွာ ရွေးချယ်ခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီလို ပြောင်းရွှေ့ဖို့ အတွက်လည်း ပရီးမီးယားလိဂ် ရာသီပြီးတည်းက ဆုံးဖြတ် ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

” ပရီးမီးယားလိဂ် ရာသီပြီးတည်းက ကျနော် ရီးရဲလ်မက်ဒရစ်က ဂျို့စ် အန်ဂျယ် ဆန်းချက်ဇ် ကို တခါတည်း ပြောခဲ့တယ်။ ကျနော် အာဆင်နယ်ပဲ ပြန်သွားချင်တဲ့ အကြောင်း။ အိုလံပစ်နဲ့ ယူရို ပြိုင်ပွဲတွေကို အရေးထားတယ် ဆိုရင် ကျနော့် အနေနဲ့ ကလပ်အသင်းမှာလည်း အရေးပါတဲ့နေရာကနေ ပါဝင် ကစားနေဖို့ လိုပါတယ်။ ဒါကြောင့် ကျနော် ပွဲတွေကို ပိုတိုးတက်အောင် ကစားနိုင်ဖို့ ဆုံးဖြတ် ခဲ့တာပါ။ ” လို့ စပိန်အသင်းနဲ့ အတူ ရှိနေတဲ့ ဆီးဘယ်လော့က ပြောဆိုခဲ့ပါတယ်။

ဆီးဘယ်လော့ဟာ ရီးရဲလ်ကနေ ကနဦး အငှားအနေနဲ့ လာကစားစဉ်တည်းက အာတီတာရဲ့ အသင်းမှာ နေရာရကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ရီးရဲလ်မှာက နည်းပြ ဇီဒန်းနဲ့ အဆင်ပြေဖို့ ခက်ခဲတာကြောင့် စပိန်သားရဲ့ ဆုံးဖြတ်ချက်လည်း မှန်ကန်တယ်လို့ ယူဆရပါတယ်။

အာဆင်နယ် ကွင်းလယ်မှာတော့ လောလောဆယ် သောမတ်စ်ပါတေး ရောက်ရှိလာတာကြောင့် နည်းပြ အာတီတာက ဆီးဘယ်လော့ကိုလည်း ဘယ်လို အခင်းအကျင်းနဲ့ နေရာချမယ်ဆိုတာတော့ မသိသေးဘဲ စပိန်သား တစ်ယောက် ဆက်လက် တောက်ပနိုင်မယ် မျှော်လင့်ရပါတယ်။

Zawgyi – စပိန္သား ကြင္းလယ္ကစားသမား ဒန္နီ ဆီးဘယ္ေလာ့ကေတာ့ ျပီးခဲ့တဲ့ ရာသီ အငွား ျပီးဆံုးခ်ိန္မွာ မိခင္ကလပ္ ရီးရဲလ္မက္ဒရစ္မွာ ဆက္ေနဖို႔ အခြင့္ ရွိခဲ့ေပမယ့္ အာဆင္နယ္အသင္းကိုပဲ အျပီး ေျပာင္းေရႊ႕ လာျဖစ္တဲ့ အေၾကာင္းကို ဖြင့္ဟခဲ့ပါတယ္။

ဆီးဘယ္ေလာ့က နုိင္ငံအသင္းနဲ႕အတူ ေနရာ ရဖို႔ ဆိုရင္ ကလပ္အသင္းမွာလည္း အေရးပါစြာ ေျခစြမ္းျပနိုင္မွ ျဖစ္မယ္လို႔ ယံုၾကည္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ထက္ အာဆင္နယ္ကိုပဲ လိုလားစြာ ေရြးခ်ယ္ခဲ့တယ္ လို႔ ဆိုပါတယ္။ အဲဒီလို ေျပာင္းေရႊ႕ဖို႔ အတြက္လည္း ပရီးမီးယားလိဂ္ ရာသီျပီးတည္းက ဆံုးျဖတ္ ျဖစ္ခဲ့ေၾကာင္း ၄င္းက ဆိုပါတယ္။

” ပရီးမီးယားလိဂ္ ရာသီျပီးတည္းက က်ေနာ္ ရီးရဲလ္မက္ဒရစ္က ဂ်ိဳ႔စ္ အန္ဂ်ယ္ ဆန္းခ်က္ဇ္ ကို တခါတည္း ေျပာခဲ့တယ္။ က်ေနာ္ အာဆင္နယ္ပဲ ျပန္သြားခ်င္တဲ့ အေၾကာင္း။ အိုလံပစ္နဲ႕ ယူရို ျပိဳင္ပြဲေတြကို အေရးထားတယ္ ဆိုရင္ က်ေနာ့္ အေနနဲ႕ ကလပ္အသင္းမွာလည္း အေရးပါတဲ့ေနရာကေန ပါ၀င္ ကစားေနဖို႔ လိုပါတယ္။ ဒါေၾကာင့္ က်ေနာ္ ပြဲေတြကို ပိုတိုးတက္ေအာင္ ကစားနိုင္ဖို႔ ဆံုးျဖတ္ ခဲ့တာပါ။ ” လို႔ စပိန္အသင္းနဲ႕ အတူ ရွိေနတဲ့ ဆီးဘယ္ေလာ့က ေျပာဆိုခဲ့ပါတယ္။

ဆီးဘယ္ေလာ့ဟာ ရီးရဲလ္ကေန ကနဦး အငွားအေနနဲ႕ လာကစားစဥ္တည္းက အာတီတာရဲ႕ အသင္းမွာ ေနရာရကာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့ပါတယ္။ ရီးရဲလ္မွာက နည္းျပ ဇီဒန္းနဲ႕ အဆင္ေျပဖို႔ ခက္ခဲတာေၾကာင့္ စပိန္သားရဲ႕ ဆံုးျဖတ္ခ်က္လည္း မွန္ကန္တယ္လို႔ ယူဆရပါတယ္။

အာဆင္နယ္ ကြင္းလယ္မွာေတာ့ ေလာေလာဆယ္ ေသာမတ္စ္ပါေတး ေရာက္ရွိလာတာေၾကာင့္ နည္းျပ အာတီတာက ဆီးဘယ္ေလာ့ကိုလည္း ဘယ္လို အခင္းအက်င္းနဲ႕ ေနရာခ်မယ္ဆိုတာေတာ့ မသိေသးဘဲ စပိန္သား တစ္ေယာက္ ဆက္လက္ ေတာက္ပနုိင္မယ္ ေမွ်ာ္လင့္ရပါတယ္။