အာဆင်နယ် အတွက် ပွဲ မကစားရပေမယ့် သစ္စာရှိကြေး ဘောနပ်စ် ပေါင် ၈ သန်း ပိုက်သွားတဲ့ အိုဇေးလ်

ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အာဆင်နယ် အသင်းအတွက် ပွဲကစားခွင့် မရတာ လ အတော်ကြာ ရှိပေမယ့် နွေမှာလည်း အာဆင်နယ်က ဂျာမန်သားကို ရောင်းမထုတ်နိုင်ခဲ့တာကြောင့် အသင်းမှာ ဆက်ရှိနေတဲ့ အိုဇေးလ်ကို စာချုပ်ပါ အချက်များအရ သစ္စာရှိကြေး ဘောနပ်စ်ပါ ထပ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

The Athletic သတင်းဌာန အဆိုအရ အိုဇေးလ်ဟာ စက်တင်ဘာ လကုန်မှာ သူ့ရဲ့ ထပ်ဆောင်း ဆုကြေး သစ္စာရှိကြေး အဖြစ် ပေါင် ၈ သန်း အသင်းထံကနေ ထပ်မံ ရရှိခဲ့ပါတယ်။ မြောက်လန်ဒန်ကလပ်ဟာ အိုဇေးလ်ကို ၂၀၁၃ မှာ ရီးရဲလ်ကနေ ထိုစဉ်က ပေါင် ၄၂.၅ သန်းထိ ကြေးကြီးပေးကာ ခေါ်ယူဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၈ မှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီး ထိုစဉ်က အသင်း အသက်သွေးကြောလို အဓိက ကစားသမား ဖြစ်နေတဲ့ အိုဇေးလ်အား တစ်ပတ် ပေါင် ၃ သိန်းခွဲ ထိ ပေးကာ ၂၀၂၁ နွေထိ ရှိမယ့် စာချုပ်သစ် တစ်ရပ် ချုပ်ဆို ဖြစ်ခဲ့ပါတယ်။ ထိုစာချုပ်မှာ အသင်းမှာ ရေရှည် ဆက်နေစေဖို့ အိုဇေးလ်ကို ထပ်ဆောင်း ဆုကြေးတွေ အချက် အမျိုးမျိုးနဲ့ ထည့်သွင်းထားသေးပြီး သစ္စာရှိကြေးပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်နည်းပြ အာတီတာက အိုဇေးလ်ကို ဥရောပ ယူရိုပါလိဂ်ပွဲ ပြိုင်ပွဲဝင်မယ့် လူစာရင်းကနေ ဖယ်ထုတ်ထားခဲ့ပြီး အိုဇေးလ်ကို အသင်းမှာ ဆက်ရှိဖို့ မလိုလားကြောင်း ပြောင်ပြောင်တင်းတင်း ပြသထားပေမယ့် အိုဇေးလ်ကတော့ စာချုပ် မကုန်မချင်း အသင်းကနေ ထွက်ခွာမယ့်ဟန် မရှိပါဘူး။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေက အိုဇေးလ်ကို အသည်းအသန် ရောင်းထုတ်လိုခဲ့ပြီး စက်တင်ဘာ အကုန်မှာ ဆုကြေး ပေါင် ၈ သန်း ပေးရမှာက အချက် တစ်ချက် အဖြစ် ပါဝင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အိုဇေးလ်ကို ပွဲကစားခွင့် သိသာစွာ ချန်လှပ်ထားတာတွေကလည်း ပွဲကစားတဲ့ အပေါ် မူတည်ပြီး ပေးရမယ့် ဆုကြေးတွေကို ရှောင်လွှဲဖို့လည်း ပါဝင်တယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။

အိုဇေးလ်ဟာ လော့ဒ်ဒေါင်းကာလ အပြီးတည်းက ပွဲ ကစားခွင့် မရသေးတာ ဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့မှာ အာတီတာ တင်သွင်းမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အာဆင်နယ် လူစာရင်းမှာလည်း ပါဝင်ပါဦးမလား စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

အိုဇေးလ်ကတော့ သြဂုတ်လထဲ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၎င်း အနေနဲ့ အာဆင်နယ်အသင်းနဲ့ အတူ သဘောတူထားတဲ့ စာချုပ် နောက်ဆုံးရက် အထိကို အသင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi – ကြင္းလယ္ကစားသမား အိုေဇးလ္ဟာ အာဆင္နယ္ အသင္းအတြက္ ပြဲကစားခြင့္ မရတာ လ အေတာ္ၾကာ ရွိေပမယ့္ ေႏြမွာလည္း အာဆင္နယ္က ဂ်ာမန္သားကို ေရာင္းမထုတ္နုိင္ခဲ့တာေၾကာင့္ အသင္းမွာ ဆက္ရွိေနတဲ့ အိုေဇးလ္ကို စာခ်ဳပ္ပါ အခ်က္မ်ားအရ သစၥာရွိေၾကး ေဘာနပ္စ္ပါ ထပ္ေပးလိုက္ရတယ္လို႔ သိရပါတယ္။

The Athletic သတင္းဌာန အဆိုအရ အိုေဇးလ္ဟာ စက္တင္ဘာ လကုန္မွာ သူ႔ရဲ႕ ထပ္ေဆာင္း ဆုေၾကး သစၥာရွိေၾကး အျဖစ္ ေပါင္ ၈ သန္း အသင္းထံကေန ထပ္မံ ရရွိခဲ့ပါတယ္။ ေျမာက္လန္ဒန္ကလပ္ဟာ အိုေဇးလ္ကို ၂၀၁၃ မွာ ရီးရဲလ္ကေန ထိုစဥ္က ေပါင္ ၄၂.၅ သန္းထိ ေၾကးၾကီးေပးကာ ေခၚယူျဖစ္ခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၁၈ မွာ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီး ထိုစဥ္က အသင္း အသက္ေသြးေၾကာလို အဓိက ကစားသမား ျဖစ္ေနတဲ့ အိုေဇးလ္အား တစ္ပတ္ ေပါင္ ၃ သိန္းခြဲ ထိ ေပးကာ ၂၀၂၁ ေႏြထိ ရွိမယ့္ စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆို ျဖစ္ခဲ့ပါတယ္။ ထိုစာခ်ဳပ္မွာ အသင္းမွာ ေရရွည္ ဆက္ေနေစဖို႔ အိုေဇးလ္ကို ထပ္ေဆာင္း ဆုေၾကးေတြ အခ်က္ အမ်ိဳးမ်ိဳးနဲ႕ ထည့္သြင္းထားေသးျပီး သစၥာရွိေၾကးပါ ပါ၀င္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ အာဆင္နယ္နည္းျပ အာတီတာက အိုေဇးလ္ကို ဥေရာပ ယူရိုပါလိဂ္ပြဲ ျပိဳင္ပြဲ၀င္မယ့္ လူစာရင္းကေန ဖယ္ထုတ္ထားခဲ့ျပီး အိုေဇးလ္ကို အသင္းမွာ ဆက္ရွိဖို႔ မလိုလားေၾကာင္း ေျပာင္ေျပာင္တင္းတင္း ျပသထားေပမယ့္ အိုေဇးလ္ကေတာ့ စာခ်ဳပ္ မကုန္မခ်င္း အသင္းကေန ထြက္ခြာမယ့္ဟန္ မရွိပါဘူး။

အာဆင္နယ္ဟာ ျပီးခဲ့တဲ့ေႏြက အုိေဇးလ္ကို အသည္းအသန္ ေရာင္းထုတ္လိုခဲ့ျပီး စက္တင္ဘာ အကုန္မွာ ဆုေၾကး ေပါင္ ၈ သန္း ေပးရမွာက အခ်က္ တစ္ခ်က္ အျဖစ္ ပါ၀င္ခဲ့တယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ အိုေဇးလ္ကို ပြဲကစားခြင့္ သိသာစြာ ခ်န္လွပ္ထားတာေတြကလည္း ပဲြကစားတဲ့ အေပၚ မူတည္ျပီး ေပးရမယ့္ ဆုေၾကးေတြကို ေရွာင္လႊဲဖို႔လည္း ပါ၀င္တယ္လို႔ ယူဆခ်က္ေတြ ရွိေနပါတယ္။

အိုေဇးလ္ဟာ ေလာ့ဒ္ေဒါင္းကာလ အျပီးတည္းက ပြဲ ကစားခြင့္ မရေသးတာ ျဖစ္ျပီး လာမယ့္ ေအာက္တိုဘာ ၂၀ ရက္ေန႔မွာ အာတီတာ တင္သြင္းမယ့္ ပရီးမီးယားလိဂ္ ျပိဳင္ပြဲ၀င္ အာဆင္နယ္ လူစာရင္းမွာလည္း ပါ၀င္ပါဦးမလား ေစာင့္ၾကည့္မႈေတြ ရွိေနပါတယ္။

အိုေဇးလ္ကေတာ့ ၾသဂုတ္လထဲ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ၄င္း အေနနဲ႕ အာဆင္နယ္အသင္းနဲ႕ အတူ သေဘာတူထားတဲ့ စာခ်ဳပ္ ေနာက္ဆံုးရက္ အထိကို အသင္းမွာ ဆက္ရွိေနဖို႔ ရည္ရြယ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။