ရိုမဲရိုး ကို အသင်း တာဝန်ရှိသူတွေ ဆက်ဆံနေပုံအား မကျေနပ်တဲ့ မန်ယူနိုက်တက် အသင်းသားတွေ ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေထဲမှာ အရန် ဂိုးသမား ဆာဂျီယို ရိုမဲရိုး က အသင်းက ထွက်ခွာခွင့်လည်း မပေး၊ ကစားခွင့်လည်း မပေးဘဲ ပြုမူဆက်ဆံနေပုံ အပေါ် မကျေနပ်တဲ့သူ အများအပြား ရှိနေတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သတင်းထွ့်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာလည်း နည်းပြ ဆိုးရှားဟာ အက်ဖ်အေဖလားနဲ့ ယူရိုပါလိရ် ဆီမီးဖိုင်နယ် ပွဲစဉ်များမှာ ရိုမဲရိုး ကို ချန်လှပ်ကာ ဒီဂီယာကို ပွဲထုတ်တဲ့ အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုပြိုင်ပွဲများရဲ့ အခြားအဆင့်များဟာ ရိုမဲရိုးသာ ဂိုးပေါက်ကို တောက်လျောက် ကာကွယ်ခဲ့တာ ဖြစ်ပြီး အရေးကြီး အဆင့်များမှာ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တိုင်းသားဟာ ၂၀၁၅ မှာ ပြောင်းရေ့ွှကြေး အလွတ်နဲ့ ယူနိုက်တက်ထံ ရောက်ရှိခဲ့တာ ဖြစ်ပြီး အဲဗာတန်ကလည်း ပြီးခဲ့တဲ့နွေမှာ ၎င်းကို ပစ်ဖို့ဒ်နဲ့ အပြိုင် အရန်အဖြစ် ခေါ်ယူလိုခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အဲဗာတန်ရဲ့ လှုပ်ရှားမှုတွေကို ပိတ်ပင်ခဲ့ကာ ရိုမဲရိုးကို အငှားအဖြစ်နဲ့ ထွက်ခွာခွင့်မပြုဘဲ အသင်းမှာ ဆက်ထိန်းထားခဲ့ပါတယ်။

အဲဗာတန်ရဲ့ အငှား ကမ်းလှမ်းမှုမှာ ရိုမဲရိုးရဲ့ တစ်ပတ် ပေါင် တစ်သိန်း လစာကို ၎င်းတို့က အပြည့် ပေးမယ့် အပြင် ငှားရမ်းခ ပေါင် ၂ သန်းပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ပေါင် ၈ သန်းနဲ့သာ အပြီးရောင်းချလိုခဲ့တာကြောင့် ငြင်းပယ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ ပွဲထွက် ဂိုးသမား ဒီဂီယာ အပြင် ဒင်း ဟန်ဒါဆန်ကိုလည်း အငှားကနေ ပြန်ခေါ်ထားကာ ဝါရင့် ဂိုးသမား လီဂရန့်လည်း ရှိနေသေးတာကြောင့် ရိုမဲရိုး ကို အခုလို ပိတ်ပင်ခဲ့တာဟာ မျှတမှု မရှိဘူးလို့ ယူဆနေကြပါတယ်။ ရိုမဲရိုး ရဲ့ ဇနီး ဖြစ်သူကတော့ အပြောင်းအရွှေ့ ပိတ်ပြီး နောက်ရက်မှာပဲ ထိုအဖြစ်အပျက်အပေါ် ပေါက်ကွဲခဲ့ပါတယ်။

ESPN သတင်း အဆိုအရ ယူနိုက်တက် အဝတ်လဲခန်းထဲမှာလည်း ရိုမဲရိုး အခုလို မတရား ပိတ်ပင်ခံရတာ အတွက် မကျေနပ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် အာဂျင်တိုင်းသားဟာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် လူစာရင်းကနေလည်း ချန်လှပ်ခံထားရပြီး ဆိုးရှားဟာ ဒီဂီယာ ကို အဓိက သုံးပြီး ဟန်ဒါဆန်ကို အရန် အဖြစ် ထားကာ လိုအပ်ပါက ဂရန့်ကိုသာ သုံးသွားဖို့ ရည်ရွယ်ထားပါတယ်။

ရိုမဲရိုး အနေနဲ့ အပြောင်းအရွှေ့ ပိတ်သွားသည့်တိုင် နောက်ဆုံး နည်းလမ်း အဖြစ် မေဂျာလိဂ် ကလပ်တွေ့ို ပြောင်းရွှေ့နိုင်ခွင့်တော့ ရှိနေပါသေးတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ အသင္းသားေတြထဲမွာ အရန္ ဂိုးသမား ဆာဂ်ီယို ရိုမဲရိုး က အသင္းက ထြက္ခြာခြင့္လည္း မေပး၊ ကစားခြင့္လည္း မေပးဘဲ ျပဳမူဆက္ဆံေနပံု အေပၚ မေက်နပ္တဲ့သူ အမ်ားအျပား ရွိေနတယ္လို႔ နီးစပ္တဲ့ အသိုင္းအ၀ိုင္းကေန သတင္းထြ႕္ေပၚလာပါတယ္။

ျပီးခဲ့တဲ့ ရာသီမွာလည္း နည္းျပ ဆိုးရွားဟာ အက္ဖ္ေအဖလားနဲ႕ ယူရိုပါလိရ္ ဆီမီးဖိုင္နယ္ ပြဲစဥ္မ်ားမွာ ရိုမဲရိုး ကို ခ်န္လွပ္ကာ ဒီဂီယာကို ပြဲထုတ္တဲ့ အံ့အားသင့္ဖြယ္ ဆံုးျဖတ္ခ်က္ေတြလည္း ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ထိုျပိဳင္ပြဲမ်ားရဲ႕ အျခားအဆင့္မ်ားဟာ ရိုမဲရိုးသာ ဂိုးေပါက္ကို ေတာက္ေလ်ာက္ ကာကြယ္ခဲ့တာ ျဖစ္ျပီး အေရးၾကီး အဆင့္မ်ားမွာ ခ်န္လွပ္ခံခဲ့ရတာ ျဖစ္ပါတယ္။

အာဂ်င္တိုင္းသားဟာ ၂၀၁၅ မွာ ေျပာင္းေရ႕ႊေၾကး အလြတ္နဲ႕ ယူနိုက္တက္ထံ ေရာက္ရွိခဲ့တာ ျဖစ္ျပီး အဲဗာတန္ကလည္း ျပီးခဲ့တဲ့ေႏြမွာ ၄င္းကို ပစ္ဖို႔ဒ္နဲ႕ အျပိဳင္ အရန္အျဖစ္ ေခၚယူလိုခဲ့ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ကေတာ့ အဲဗာတန္ရဲ႕ လႈပ္ရွားမႈေတြကို ပိတ္ပင္ခဲ့ကာ ရိုမဲရိုးကို အငွားအျဖစ္နဲ႕ ထြက္ခြာခြင့္မျပဳဘဲ အသင္းမွာ ဆက္ထိန္းထားခဲ့ပါတယ္။

အဲဗာတန္ရဲ႕ အငွား ကမ္းလွမ္းမႈမွာ ရိုမဲရိုးရဲ႕ တစ္ပတ္ ေပါင္ တစ္သိန္း လစာကို ၄င္းတို႔က အျပည့္ ေပးမယ့္ အျပင္ ငွားရမ္းခ ေပါင္ ၂ သန္းေပးဖို႔ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ယူနုိက္တက္ကေတာ့ ေပါင္ ၈ သန္းနဲ႕သာ အျပီးေရာင္းခ်လိုခဲ့တာေၾကာင့္ ျငင္းပယ္ခဲ့ပါတယ္။

ယူနိုက္တက္ဟာ လက္ရွိ ပြဲထြက္ ဂိုးသမား ဒီဂီယာ အျပင္ ဒင္း ဟန္ဒါဆန္ကိုလည္း အငွားကေန ျပန္ေခၚထားကာ ၀ါရင့္ ဂိုးသမား လီဂရန္႔လည္း ရွိေနေသးတာေၾကာင့္ ရိုမဲရိုး ကို အခုလို ပိတ္ပင္ခဲ့တာဟာ မွ်တမႈ မရွိဘူးလို႔ ယူဆေနၾကပါတယ္။ ရိုမဲရိုး ရဲ႕ ဇနီး ျဖစ္သူကေတာ့ အေျပာင္းအေရႊ႕ ပိတ္ျပီး ေနာက္ရက္မွာပဲ ထိုအျဖစ္အပ်က္အေပၚ ေပါက္ကြဲခဲ့ပါတယ္။

ESPN သတင္း အဆိုအရ ယူနိုက္တက္ အ၀တ္လဲခန္းထဲမွာလည္း ရိုမဲရုိး အခုလို မတရား ပိတ္ပင္ခံရတာ အတြက္ မေက်နပ္မႈေတြ ရွိေနၾကတယ္လို႔ သိရပါတယ္။ အသက္ ၃၃ နွစ္ အရြယ္ အာဂ်င္တိုင္းသားဟာ ယူနိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ၀င္ လူစာရင္းကေနလည္း ခ်န္လွပ္ခံထားရျပီး ဆိုးရွားဟာ ဒီဂီယာ ကို အဓိက သံုးျပီး ဟန္ဒါဆန္ကို အရန္ အျဖစ္ ထားကာ လိုအပ္ပါက ဂရန္႔ကိုသာ သံုးသြားဖို႔ ရည္ရြယ္ထားပါတယ္။

ရိုမဲရိုး အေနနဲ႕ အေျပာင္းအေရႊ႕ ပိတ္သြားသည့္တိုင္ ေနာက္ဆံုး နည္းလမ္း အျဖစ္ ေမဂ်ာလိဂ္ ကလပ္ေတြ႕ို ေျပာင္းေရႊ႕နုိင္ခြင့္ေတာ့ ရွိေနပါေသးတယ္။