နွေမှာ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် ချယ်ဆီးကနေ ထွက်ဖို့ ငြင်းခဲ့ရတဲ့ အကြောင်းရင်း ရူဒီဂါ ရင်ဖွင့်

ဂျာမန်သား ဗဟိုခံစစ်မှူး ရူဒီဂါဟာ ချယ်ဆီးအသင်း အတွက် ဒီရာသီ ပွဲကစားခွင့် မရသေးပေမယ့် နွေ အပြောင်းအရွှေ့ မပိတ်ခင် အသင်းကနေ ထွက်ခွာဖို့ ကမ်းလှမ်းမှုတွေကိုလည်း လက်မခံဘဲ ငြင်းဆန်ခဲ့ကာ အသင်းမှာ နေရာ တစ်နေရာ ပြန်ရဖို့ တိုက်ပွဲဝင်သွားရန် စိတ်ပိုင်းဖြတ်ထားပါတယ်။

ရူဒီဂါက အသင်းရဲ့ အနာဂတ် အစီအစဉ်တွေထဲကနေ ၎င်းက လုံး၀ ဖယ်ထုတ်ခံရခြင်း မရှိသေးဘူးလို့ ယုံကြည်နေပါတယ်။ ဒါကြောင့် အငှားနဲ့ ထွက်ခွာဖို့ အခွင့်ရခဲ့ပေမယ့် ငြင်းဆန်ကာ အသင်းမှာဘဲ ဆက်နေသွားဖို့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

” ကျနော့်ကို ကလပ်အသင်းကနေ ပြီး နောက်ထပ် အသင်းသစ် ရှာဖို့ လိုပြီလို့ လာ မပြောသေးပါဘူး။ နောက် လအနည်းငယ် အတွင်းတော့ အသင်းရဲ့ အစီအစဉ်တွေထဲ လောလောဆယ် ကျနော် ပါဝင်မှာတော့ မဟုတ်ဘူး။ ကျနော်ကလည်း ကမ်းလှမ်းမှု တစ်ခု နှစ်ခု ရခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်။

ကျနော် အထုပ်တွေ အကုန်သိမ်းပြီး ဒီကနေ စိတ်ပိုင်းဖြတ် ထွက်ခွာဖို့ အသင့် မဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုပဲ ချန်လှပ်ခံရတဲ့ အချိန်တချို့လည်း ကျနော် ကြုံဖူးတယ်။ ကျနော် လန်ဒန်မှာ နေရတာ၊ ချယ်ဆီးအသင်းသား အဖြစ် ရှိရတာ သိပ်သဘောကျတာပါ။

လောလောဆယ်ကတော့ အခြေအနေက ဒီလိုပဲ။ ကျနော့် အနေနဲ့ ဒါကို လက်ခံပြီး ထရိန်နင်တိုင်းမှာ ကျနော် ဘာလုပ်နိုင်သလဲ ဆိုတာ ပြသသွားမှာပါ။ ကျနေ်ာတို့က ပြိုင်ပွဲတွေ မျိုးစုံ ဝင်ပြိုင်နေရတာ ဖြစ်တယ်။ တစ်ပတ်ကို နှစ်ပွဲ တောက်လျောက်သွားရမယ့် ခရီးရှည်ကြီး ရှိနေတယ်။ တခါတလေ ဘောလုံးမှာက အပြောင်းအလဲတွေ ခပ်မြန်မြန်ပဲ ဖြစ်သွားတတ်တယ်။ ဒါကြောင့် ကျနော်ကတော့ နေ့တိုင်း အကောင်းဆုံး လုပ်ပြပြီး မန်နေဂျာ ပြန် အခွင့်အရေး ပေးလာအောင် ကြိုးစားသွားမှာပါ။ ” လို့ ရူဒီဂါက ပြောဆိုခဲ့ပါတယ်။

သတင်းများ အရ ရူဒီဂါ ပယ်ချခဲ့တဲ့ ကမ်းလှမ်းမှုထဲမှာ စပါးအသင်းထံကလည်း ပါဝင်ခဲ့ပြီး ၎င်းက လန်ဒန်ကနေ မခွာချင်သလို ချယ်ဆီးအသင်းရဲ့ ပြိုင်ဘက် အသင်းတွေထံကိုလည်း သွားဖို့ မလိုလားခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဇန်နဝါရီထိ အခြေအနေ မပြောင်းလဲရင်တော့ ရူဒီဂါက တခြား ကမ်းလှမ်းမှုတွေကို စဉ်းစားဖွယ် ရှိပါတယ်။

Zawgyi – ဂ်ာမန္သား ဗဟိုခံစစ္မွဴး ရူဒီဂါဟာ ခ်ယ္ဆီးအသင္း အတြက္ ဒီရာသီ ပြဲကစားခြင့္ မရေသးေပမယ့္ ေႏြ အေျပာင္းအေရႊ႕ မပိတ္ခင္ အသင္းကေန ထြက္ခြာဖို႔ ကမ္းလွမ္းမႈေတြကိုလည္း လက္မခံဘဲ ျငင္းဆန္ခဲ့ကာ အသင္းမွာ ေနရာ တစ္ေနရာ ျပန္ရဖို႔ တိုက္ပြဲ၀င္သြားရန္ စိတ္ပိုင္းျဖတ္ထားပါတယ္။

ရူဒီဂါက အသင္းရဲ႕ အနာဂတ္ အစီအစဥ္ေတြထဲကေန ၄င္းက လံုး၀ ဖယ္ထုတ္ခံရျခင္း မရွိေသးဘူးလို႔ ယံုၾကည္ေနပါတယ္။ ဒါေၾကာင့္ အငွားနဲ႕ ထြက္ခြာဖို႔ အခြင့္ရခဲ့ေပမယ့္ ျငင္းဆန္ကာ အသင္းမွာဘဲ ဆက္ေနသြားဖို႔ ေရြးခ်ယ္ခဲ့တယ္လို႔ ဆိုပါတယ္။

” က်ေနာ့္ကို ကလပ္အသင္းကေန ျပီး ေနာက္ထပ္ အသင္းသစ္ ရွာဖို႔ လိုျပီလို႔ လာ မေျပာေသးပါဘူး။ ေနာက္ လအနည္းငယ္ အတြင္းေတာ့ အသင္းရဲ႕ အစီအစဥ္ေတြထဲ ေလာေလာဆယ္ က်ေနာ္ ပါ၀င္မွာေတာ့ မဟုတ္ဘူး။ က်ေနာ္ကလည္း ကမ္းလွမ္းမႈ တစ္ခု နွစ္ခု ရခဲ့ေပမယ့္ ျငင္းဆန္ခဲ့တယ္။

က်ေနာ္ အထုပ္ေတြ အကုန္သိမ္းျပီး ဒီကေန စိတ္ပိုင္းျဖတ္ ထြက္ခြာဖို႔ အသင့္ မျဖစ္ေသးပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီလိုပဲ ခ်န္လွပ္ခံရတဲ့ အခ်ိန္တခ်ိဳ႕လည္း က်ေနာ္ ၾကံဳဖူးတယ္။ က်ေနာ္ လန္ဒန္မွာ ေနရတာ၊ ခ်ယ္ဆီးအသင္းသား အျဖစ္ ရွိရတာ သိပ္သေဘာက်တာပါ။

ေလာေလာဆယ္ကေတာ့ အေျခအေနက ဒီလိုပဲ။ က်ေနာ့္ အေနနဲ႕ ဒါကို လက္ခံျပီး ထရိန္နင္တိုင္းမွာ က်ေနာ္ ဘာလုပ္နုိင္သလဲ ဆိုတာ ျပသသြားမွာပါ။ က်ေန္ာတို႔က ျပိဳင္ပြဲေတြ မ်ိဳးစံု ၀င္ျပိဳင္ေနရတာ ျဖစ္တယ္။ တစ္ပတ္ကို နွစ္ပြဲ ေတာက္ေလ်ာက္သြားရမယ့္ ခရီးရွည္ၾကီး ရွိေနတယ္။ တခါတေလ ေဘာလံုးမွာက အေျပာင္းအလဲေတြ ခပ္ျမန္ျမန္ပဲ ျဖစ္သြားတတ္တယ္။ ဒါေၾကာင့္ က်ေနာ္ကေတာ့ ေန႔တိုင္း အေကာင္းဆံုး လုပ္ျပျပီး မန္ေနဂ်ာ ျပန္ အခြင့္အေရး ေပးလာေအာင္ ၾကိဳးစားသြားမွာပါ။ ” လို႔ ရူဒီဂါက ေျပာဆိုခဲ့ပါတယ္။

သတင္းမ်ား အရ ရူဒီဂါ ပယ္ခ်ခဲ့တဲ့ ကမ္းလွမ္းမႈထဲမွာ စပါးအသင္းထံကလည္း ပါ၀င္ခဲ့ျပီး ၄င္းက လန္ဒန္ကေန မခြာခ်င္သလို ခ်ယ္ဆီးအသင္းရဲ႕ ျပိဳင္ဘက္ အသင္းေတြထံကိုလည္း သြားဖို႔ မလိုလားခဲ့ဘူးလို႔ သိရပါတယ္။ ဒါေပမယ့္ ဇန္န၀ါရီထိ အေျခအေန မေျပာင္းလဲရင္ေတာ့ ရူဒီဂါက တျခား ကမ္းလွမ္းမႈေတြကို စဥ္းစားဖြယ္ ရွိပါတယ္။