ချယ်ဆီး Vs ဆောက်သမ်တန် ပွဲ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

နိုင်ငံတကာ သီတင်းပတ် အပြီးမှာတော့ ချယ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန် အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ နိုင်ငံအသင်းကနေ ပြန်လာတဲ့ အသင်းသားတွေထဲမှာတော့ မန်ဒီကလွဲလို့ ဒဏ်ရာရ ကစားသမား ရှိမနေဘဲ ဇီယက်၊ ပူလီဆစ်တို့ ကလပ်အတွက် ကစားနိုင်မှာက လမ်းပတ်နဲ့ ချယ်ဆီးအတွက် အင်အားတစ်ရပ် ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ ဆောက်သမ်တန်အသင်းတို့ ပွဲချိန်ကတော့ လာမယ့် အောက်တိုဘာလ ၁၇ ရက် (စနေနေ့)၊ ည ၈း၃၀ နာရီမှာပါ။ ဒီပွဲအတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင် က – ” ချယ်ဆီးအသင်းကတော့ စပြီး အစွမ်းပြတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်က ခရစ္စတယ် ပဲလေ့စ်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲက အခုထိ ဒီရာသီမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းရမှာ တွန့်တဲ့ ဆောက်သမ်တန်ကို ကျနော် နည်းနည်းတော့ လန့်ပါတယ်။

ဒါပေမယ့် ချယ်ဆီး တိုက်စစ် ပါဝါက သိပ်ကောင်းနေတယ်။ သူတို့ ခံစစ်လိုင်းမှာ ပြသနာ အချို့ ရှိနေပေမယ့် ချယ်ဆီးကပဲ အမှတ်ပြည့် ယူပါလိမ့်မယ်။ နှစ်သင်းလုံးစီက သွင်းဂိုးတွေ မြင်ရမှာ ဖြစ်ပြီး ချယ်ဆီး အနိုင် ရမှာပါ။ ” လို့ သုံးသပ် ဖော်ပြထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၃-၁ ဆောက်သမ်တန် ဖြစ်ပါတယ်။

Zawgyi – နိုင္ငံတကာ သီတင္းပတ္ အျပီးမွာေတာ့ ခ်ယ္ဆီး အသင္းဟာ ပရီးမီးယားလိဂ္မွာ ေဆာက္သမ္တန္ အသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။ နိုင္ငံအသင္းကေန ျပန္လာတဲ့ အသင္းသားေတြထဲမွာေတာ့ မန္ဒီကလြဲလို႕ ဒဏ္ရာရ ကစားသမား ရွိမေနဘဲ ဇီယက္၊ ပူလီဆစ္တို႔ ကလပ္အတြက္ ကစားနိုင္မွာက လမ္းပတ္နဲ႕ ခ်ယ္ဆီးအတြက္ အင္အားတစ္ရပ္ ျဖစ္ပါတယ္။

ခ်ယ္ဆီးနဲ႕ ေဆာက္သမ္တန္အသင္းတို႔ ပြဲခ်ိန္ကေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၇ ရက္ (စေနေန႔)၊ ည ၈း၃၀ နာရီမွာပါ။ ဒီပြဲအတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္ က – ” ခ်ယ္ဆီးအသင္းကေတာ့ စျပီး အစြမ္းျပေတာ့မွာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ နွစ္ပတ္က ခရစၥတယ္ ပဲေလ့စ္ကို ၄-၀ နဲ႕ နိုင္ခဲ့တဲ့ ပြဲက အခုထိ ဒီရာသီမွာေတာ့ အေကာင္းဆံုး စြမ္းေဆာင္ရည္ပဲ ျဖစ္ပါတယ္။ ဒီပြဲမွာ ဂိုးသြင္းရမွာ တြန္႔တဲ့ ေဆာက္သမ္တန္ကို က်ေနာ္ နည္းနည္းေတာ့ လန္႔ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီး တိုက္စစ္ ပါ၀ါက သိပ္ေကာင္းေနတယ္။ သူတို႔ ခံစစ္လိုင္းမွာ ျပသနာ အခ်ိဳ႕ ရွိေနေပမယ့္ ခ်ယ္ဆီးကပဲ အမွတ္ျပည့္ ယူပါလိမ့္မယ္။ နွစ္သင္းလံုးစီက သြင္းဂိုးေတြ ျမင္ရမွာ ျဖစ္ျပီး ခ်ယ္ဆီး အနိုင္ ရမွာပါ။ ” လို႔ သံုးသပ္ ေဖာ္ျပထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၃-၁ ေဆာက္သမ္တန္ ျဖစ္ပါတယ္။