နယူးကာဆယ် Vs မန်ယူနိုက်တက်ပွဲ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

နိုင်ငံပွဲတွေ အပြီးမှာတော့ ဒီတစ်ပတ်မှာ စောင့်မျှော်နေတဲ့ ကလပ်အသင်း ပွဲစဉ်တွေ ပြန်စတင်မှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေ စိုးရိမ်နေတဲ့ ဖာနန်ဒက်စ် ကွာရန်တင်း ကိစ္စကလည်း ပျက်ပြယ်သွားတယ်လို့ သတင်းကောင်း ကြားရပြီး ဖာနန်ဒက်စ်ဟာ ရိုနယ်ဒိုနဲ့ အနီးကပ် မရှိခဲ့တာကြောင့် အင်္ဂလန် ပြန်လာပါက နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင် နိုင်ဖို့ ရှိနေပါတယ်။

နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲချိန်ကတော့ အောက်တိုဘာလ ၁၈ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁း၃၀ နာရီမှာပါ။ ဒီပွဲ အတွက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” နယူးကာဆယ်ကတော့ ဒီရာသီ အစောပိုင်း ရလဒ်တွေကို ပျော်ရွှင်အတိ ဖြစ်နေမှာပါ။ ဘန်လေကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ယူခဲ့ပြီး လုံလောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားပါတယ်။ ဒီပွဲမှာလည်း ငှက်ကြားတွေက အခွင့်အရေးကို ငြိမ်သက်စွာ စောင့်ပြီး ဖမ်းဆုပ်ပြပါလိမ့်မယ်။

ယူနိုက်တက်ကတော့ ဒီပွဲကို ဖရိုဖရဲနဲ့ ရောက်လာရမှာပါ။ တော့တင်ဟမ်နဲ့ ပွဲက ရလဒ်ကို သူတို့ လွယ်လွယ် မေ့နိုင်မှာ မဟုတ်ပါဘူး။ ယူနိုက်တက် ခြေနဲ့ ကိုယ်နဲ့ ပြန်မြဲဖို့ သီတင်းပတ် အနည်းငယ်တော့ ကြာပါဦးမယ်။ ကျနော်ကတော့ ဒီပွဲ သရေလို့ ထင်တယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် ၁-၁ မန်ယူနိုက်တက် ဖြစ်ပါတယ်။

Zawgyi – နုိုင္ငံပြဲေတြ အျပီးမွာေတာ့ ဒီတစ္ပတ္မွာ ေစာင့္ေမွ်ာ္ေနတဲ့ ကလပ္အသင္း ပြဲစဥ္ေတြ ျပန္စတင္မွာ ျဖစ္ျပီး မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ပရီးမီးယားလိဂ္မွာ နယူးကာဆယ္ကို အေ၀းကြင္းမွာ သြားေရာက္ရင္ဆိုင္ ကစားရဦးမွာ ျဖစ္ပါတယ္။ ယူနိုက္တက္ ပရိသတ္ေတြ စိုးရိမ္ေနတဲ့ ဖာနန္ဒက္စ္ ကြာရန္တင္း ကိစၥကလည္း ပ်က္ျပယ္သြားတယ္လို႔ သတင္းေကာင္း ၾကားရျပီး ဖာနန္ဒက္စ္ဟာ ရိုနယ္ဒိုနဲ႕ အနီးကပ္ မရွိခဲ့တာေၾကာင့္ အဂၤလန္ ျပန္လာပါက နယူးကာဆယ္နဲ႕ ပြဲမွာ ပါ၀င္ နုိင္ဖို႔ ရွိေနပါတယ္။

နယူးကာဆယ္နဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာလ ၁၈ ရက္ (တနဂၤေႏြေန႔)၊ နံနက္ ၁း၃၀ နာရီမွာပါ။ ဒီပြဲ အတြက္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” နယူးကာဆယ္ကေတာ့ ဒီရာသီ အေစာပိုင္း ရလဒ္ေတြကို ေပ်ာ္ရႊင္အတိ ျဖစ္ေနမွာပါ။ ဘန္ေလကို အိမ္ကြင္းမွာ ၃-၁ နဲ႕ အနုိင္ယူခဲ့ျပီး လံုေလာက္ ေကာငး္မြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသထားပါတယ္။ ဒီပြဲမွာလည္း ငွက္ၾကားေတြက အခြင့္အေရးကို ျငိမ္သက္စြာ ေစာင့္ျပီး ဖမ္းဆုပ္ျပပါလိမ့္မယ္။

ယူနိုက္တက္ကေတာ့ ဒီပြဲကို ဖရိုဖရဲနဲ႕ ေရာက္လာရမွာပါ။ ေတာ့တင္ဟမ္နဲ႕ ပြဲက ရလဒ္ကို သူတို႔ လြယ္လြယ္ ေမ့နုိင္မွာ မဟုတ္ပါဘူး။ ယူနိုက္တက္ ေျခနဲ႕ ကိုယ္နဲ႕ ျပန္ျမဲဖို႔ သီတင္းပတ္ အနည္းငယ္ေတာ့ ၾကာပါဦးမယ္။ က်ေနာ္ကေတာ့ ဒီပြဲ သေရလို႔ ထင္တယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ နယူးကာဆယ္ ၁-၁ မန္ယူနိုက္တက္ ျဖစ္ပါတယ္။