တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီမှာတော့ ယူနိုက်တက်ဟာ နယူးကာဆယ် အိမ်ကွင်းကိုသွားပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၅ ကို ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်ဟာ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ရလဒ်တွေမကောင်းဖြစ်ထားကာ နိုင်ပွဲ ၁ ပွဲပဲ ရထားသေးတာဖြစ်တယ်။ ဒါကြောင့် ဒီပွဲမှာ ရလဒ်တစ်ခုအတွက် ကြိုးစား ယှဉ်ပြိုင်လာမယ်လို့ လော်ရိုးက သုံးသပ်စကား ပြောဆိုပါတယ်။
လော်ရိုးက ပြောရာမှာ ” ယူနိုက်တက်က ဂိုးတွေသွင်းဖို့အတွက် ပြဿနာမရှိပါဘူး။ ကံမကောင်းစွာဘဲ သူတို့က ဂိုးတွေ မပေးရအောင်လည်း မလုပ်နိုင်ပါဘူး။ ဆိုးရှားရဲ့ အသင်းက အဖွင့် ၃ ပွဲမှာ ၃ မှတ်ပဲ ရထားတယ်။ ဒါတောင် သူတို့ ကံကောင်းလို့ပါ။ ဘရိုက်တန်နဲ့ပွဲမှာ ယူနိုက်တက်က အနိုင်ရဖို့ မထိုက်တန်ပါဘူး။
ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရား ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာကလည်း အကူအညီ မဖြစ်ပါဘူး။ သူက ယူနိုက်တက်အတွက် အသုံးအဝင်ဆုံး ဗဟိုခံစစ်သမား ဖြစ်ထားတာပါ။
ဘာပဲဖြစ်ဖြစ် ယူနိုက်တက်က နယူးကာဆယ်ကို အနိုင်ယူနိုင်မယ်လို့ ကျနော် ထင်မြင်ထားဆဲ ဖြစ်ပါတယ်။ စပါးကို ၆-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲလို ဆိုးရွားတဲ့ ပွဲတစ်ပွဲကို ထပ်ပြီး မြင်ရမယ်လို့ မထင်ပါဘူး။ အဲ့လိုဆိုရင်တော့ ဆိုးရှားရဲ့ မန်နေဂျာနေရာက အရမ်းကို ဒုက္ခများသွားပါမယ်။ ” လို့ ဖြစ်ပါတယ်။
လော်ရိုး ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 1-2 မန်ယူနိုက်တက်
ZAWGYI
တနဂၤေႏြေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁း၃၀ နာရီမွာေတာ့ ယူႏုိက္တက္ဟာ နယူးကာဆယ္ အိမ္ကြင္းကိုသြားျပီး ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ ကို ယွဥ္ျပိဳင္ရမွာပါ။
ယူႏုိက္တက္ဟာ ႏုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္ ရလဒ္ေတြမေကာင္းျဖစ္ထားကာ ႏုိင္ပြဲ ၁ ပြဲပဲ ရထားေသးတာျဖစ္တယ္။ ဒါေၾကာင့္ ဒီပြဲမွာ ရလဒ္တစ္ခုအတြက္ ၾကိဳးစား ယွဥ္ျပိဳင္လာမယ္လို႔ ေလာ္ရိုးက သံုးသပ္စကား ေျပာဆိုပါတယ္။
ေလာ္ရိုးက ေျပာရာမွာ ” ယူႏုိက္တက္က ဂိုးေတြသြင္းဖို႔အတြက္ ျပႆနာမရွိပါဘူး။ ကံမေကာင္းစြာဘဲ သူတို႔က ဂိုးေတြ မေပးရေအာင္လည္း မလုပ္ႏုိင္ပါဘူး။ ဆိုးရွားရဲ႕ အသင္းက အဖြင့္ ၃ ပြဲမွာ ၃ မွတ္ပဲ ရထားတယ္။ ဒါေတာင္ သူတို႔ ကံေကာင္းလို႔ပါ။ ဘရိုက္တန္နဲ႔ပြဲမွာ ယူႏုိက္တက္က အႏုိင္ရဖို႔ မထိုက္တန္ပါဘူး။
ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရား ခက္ခဲတဲ့ အေျခအေနေတြကို ရင္ဆုိင္ေနရတာကလည္း အကူအညီ မျဖစ္ပါဘူး။ သူက ယူႏိုက္တက္အတြက္ အသံုးအဝင္ဆံုး ဗဟိုခံစစ္သမား ျဖစ္ထားတာပါ။
ဘာပဲျဖစ္ျဖစ္ ယူႏိုက္တက္က နယူးကာဆယ္ကို အႏုိင္ယူႏုိင္မယ္လို႔ က်ေနာ္ ထင္ျမင္ထားဆဲ ျဖစ္ပါတယ္။ စပါးကို ၆-၁ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲလို ဆိုးရြားတဲ့ ပြဲတစ္ပြဲကို ထပ္ျပီး ျမင္ရမယ္လို႔ မထင္ပါဘူး။ အဲ့လိုဆိုရင္ေတာ့ ဆိုးရွားရဲ႕ မန္ေနဂ်ာေနရာက အရမ္းကို ဒုကၡမ်ားသြားပါမယ္။ ” လို႔ ျဖစ္ပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္။ ။ နယူးကာဆယ္ 1-2 မန္ယူနိုက္တက္