မန်စီးတီး Vs အာဆင်နယ် ပွဲအတွက် လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ ပွဲကောင်းတွေထဲမှာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက် တွေ့တဲ့ ပွဲစဉ်လည်း ပါဝင်နေပါတယ်။ နှစ်သင်းလုံးမှာ အဓိက ကစားသမားတချို့ မပါဝင်နိုင်တာတွေ ရှိနေပြီး မန်စီးတီးဘက်မှာတော့ ပိုများနေပါတယ်။ အာဆင်နယ်ကလည်း သူတို့ရဲ့ ကွင်းလယ်ကစားသမားသစ် သောမတ်စ် ပါတေးကို ပွဲထုတ်လာမလား စိတ်ဝင်စားစရာပါ။

အီတီဟက် ကွင်းမှာ ကန်မယ့် မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ ပွဲချိန်က အောက်တိုဘာလ ၁၇ ရက် (စနေနေ့)၊ ည ၁၁ နာရီမှာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် ဘီဘီစီသတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” မန်စီးတီး အတွက် သတင်းကောင်းကတော့ နိုင်ငံအသင်းနဲ့ အတူ ရှိစဉ် ဒဏ်ရာ ရလာတဲ့ စတားလင်းက ဒီပွဲအတွက် ကြံ့ခိုင်မှု ပြန်ပြည့်ဖွယ် ရှိပါတယ်။ သတင်းဆိုးကတော့ ဒီဘရိုင်းက ပါဖို့ မသေချာပါဘူး။ ဒါက မန်စီးတီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။

မန်စီးတီးဟာ ကာလရှည် လက်လွှတ်ထားရတဲ့ ကြယ်ပွင့် တိုက်စစ်မှူး အဂွယ်ရို ကိုလည်း ပြန်ရထားပါတယ်။ အဂွယ်ရို ဂိုးသွင်းခြေစွမ်းပြဖို့ဆို ကြံ့ခိုင်မှု ပြည့်နေဖို့လည်း လိုပါတယ်။ သူက အသင်း ထရိန်နင်မှာ ပြန်ပါနေပြီ ဆိုပေမယ့် ဒီပွဲမှာ မြင်ရမယ်လို့ ကျနော် မထင်ပါဘူး။ အာဆင်နယ်ကတော့ နောက်ဆုံး ပွဲ ရှက်ဖီးနဲ့ ပွဲမှာ ကံကောင်းလို့ နိုင်ပွဲရသွားခဲ့တယ်။ ဒါပေမယ့် မန်စီတီးက အဓိက ကစားသမား တချို့ လက်လွှတ်ထားရတာကြောင့် ဂန်းနားတွေ အခွင့်ကောင်း ရပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ မန်စီးတီး 1-1 အာဆင်နယ် ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ ရဲ႕ ပြဲေကာင္းေတြထဲမွာ မန္စီးတီးနဲ႕ အာဆင္နယ္အသင္းတို႔ ထိပ္တိုက္ ေတြ႔တဲ့ ပြဲစဥ္လည္း ပါ၀င္ေနပါတယ္။ နွစ္သင္းလံုးမွာ အဓိက ကစားသမားတခ်ိဳ႕ မပါ၀င္နိုင္တာေတြ ရွိေနျပီး မန္စီးတီးဘက္မွာေတာ့ ပိုမ်ားေနပါတယ္။ အာဆင္နယ္ကလည္း သူတို႔ရဲ႕ ကြင္းလယ္ကစားသမားသစ္ ေသာမတ္စ္ ပါေတးကို ပြဲထုတ္လာမလား စိတ္၀င္စားစရာပါ။

အီတီဟက္ ကြင္းမွာ ကန္မယ့္ မန္စီးတီးနဲ႕ အာဆင္နယ္ အသင္းတို႔ ပြဲခ်ိန္က ေအာက္တိုဘာလ ၁၇ ရက္ (စေနေန႔)၊ ည ၁၁ နာရီမွာ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ ဘီဘီစီသတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” မန္စီးတီး အတြက္ သတင္းေကာင္းကေတာ့ နိုင္ငံအသင္းနဲ႕ အတူ ရွိစဥ္ ဒဏ္ရာ ရလာတဲ့ စတားလင္းက ဒီပြဲအတြက္ ၾကံ႕ခိုင္မႈ ျပန္ျပည့္ဖြယ္ ရွိပါတယ္။ သတင္းဆိုးကေတာ့ ဒီဘရိုင္းက ပါဖို႔ မေသခ်ာပါဘူး။ ဒါက မန္စီးတီးအတြက္ ၾကီးမားတဲ့ ဆံုးရွံဳးမႈ ျဖစ္ပါတယ္။

မန္စီးတီးဟာ ကာလရွည္ လက္လႊတ္ထားရတဲ့ ၾကယ္ပြင့္ တိုက္စစ္မွဴး အဂြယ္ရို ကိုလည္း ျပန္ရထားပါတယ္။ အဂြယ္ရို ဂိုးသြင္းေျခစြမ္းျပဖို႔ဆို ၾကံ႕ခိုင္မႈ ျပည့္ေနဖို႔လည္း လိုပါတယ္။ သူက အသင္း ထရိန္နင္မွာ ျပန္ပါေနျပီ ဆိုေပမယ့္ ဒီပြဲမွာ ျမင္ရမယ္လို႔ က်ေနာ္ မထင္ပါဘူး။ အာဆင္နယ္ကေတာ့ ေနာက္ဆံုး ပြဲ ရွက္ဖီးနဲ႕ ပြဲမွာ ကံေကာင္းလို႔ နိုင္ပြဲရသြားခဲ့တယ္။ ဒါေပမယ့္ မန္စီတီးက အဓိက ကစားသမား တခ်ိဳ႕ လက္လႊတ္ထားရတာေၾကာင့္ ဂန္းနားေတြ အခြင့္ေကာင္း ရပါလိမ့္မယ္။ ” လို႔ ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ မန္စီးတီး 1-1 အာဆင္နယ္ ျဖစ္ပါတယ္။