စိတ်ပျက်စရာတွေ လွှမ်းမိုးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ အပြီးမှာတော့ ယူနိုက်တက်ရဲ့ စီနီယာအင်အားဖြည့်မှုမှာ တိုက်စစ်သမား ကာဗာနီနဲ့ ပတ်သက်တဲ့ သတင်းတွေပဲ ကြီးနေခဲ့ပါတယ်။
ကစားသမားရဲ့ အသက်အရွယ်အရ အကောင်းဆုံးအချိန်တွေ ကုန်ဆုံးဖို့ နီးကပ်လာနေတာကြောင့် ပရိသတ်တွေဘက်က နွေအင်အားဖြည့်မှုကို စိတ်ပျက်မှုတွေ ရှိခဲ့ကြတယ်။ ဒါပေမယ့် deadline day မှာ ယူနိုက်တက်ကို ရောက်လာတာကတော့ ကာဗာနီ တစ်ယောက်ထဲ မဟုတ်ခဲ့ပါဘူး။
Google မှာ ရှာဖွေခံရမှု အချက်အလက်အရ ယူနိုက်တက် ပရိသတ်တွေဟာ ကာဗာနီနဲ့ယှဉ်ရင် ဖာကန်ဒို ပယ်လီစထွီကို သိပ်မကြားဖူးခဲ့ကြပါဘူး။ ကလပ်ရဲ့ အာဂျင်တီးနား အကယ်ဒမီကင်းထောက်က ၂၀၁၇ စက်တင်ဘာကတည်းက ဆယ်ကျော်သက်လေးရဲ့ အလားအလာကို သတိပြုမိခဲ့တာနဲ့အတူ ယူနိုက်တက်ဟာ သူ့ကို အကြာကြီး စောင့်ကြည့်နေခဲ့တာပါ။
ဘိုကာဂျူနီယာ ဒုတိယဥက္ကဌဖြစ်ပြီး ပယ်လီစထွီရဲ့ အရည်အသွေးကို အရင်ဆုံး မြင်တွေ့ခဲ့ရဖူးတဲ့ အာဂျင်တီးနား ကွင်းလယ်လူဟောင်း ဟွမ်ရိုမန်ရီကွယ်မီကတော့
“သူက ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့သူပါ၊ သူက အများကြီး မကစားခဲ့ရပေမယ့် သူ့ခြေထဲမှာ ဘောလုံးရှိရင် တကယ်ထိန်းမရတဲ့ ကောင်လေးဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်၊ ကွင်းထဲမှာ မချေမငံ လုပ်တတ်တဲ့ သတ္တိရှိတဲ့ သူ့လိုကောင်လေးမျိုး သိပ်မရှိပါဘူး၊ ဒါက လုံးဝ တန်ဖိုးရှိပါတယ် ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မက်ဆီ၊ မာရာဒိုနာတို့နဲ့ နှိုင်းယှဉ်ခံခဲ့ရပေမယ့်လဲ လူငယ်ကြယ်ပွင့်အနေနဲ့ စီနီယာ ၁၂ ပွဲမှာ ၁ ဂိုးသွင်း၊ ဖန်တီးမှု ၂ကြိမ်သာ လုပ်နိုင်ခဲ့တာကြောင့် အဆုံးသတ်ပိုင်းမှာ တိုးတက်ဖို့ လိုအပ်နေသေးတာပါ။ ဒါပေမယ့် သိပ်ကောင်းတဲ့ အလားအလာရှိသူဆိုတာကိုတော့ ဖော်လန်က ပြောပါသေးတယ်။
“ပယ်လီစထွီမှာ ကြီးမားတဲ့ အလားအလာရှိတယ်၊ အများကြီး ကြိုးစားဖို့တော့ လိုနေတုန်းပါ၊ သူက တိုးတက်လာနေပြီး မတူညီတာတွေ လုပ်ပြနေတယ်၊ သူ့ကို အကြာကြီး ထိန်းထားဖို့က ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ သူ့မှာ သိပ်ကောင်းတဲ့ အရှိန်ရှိပြီး ဒါက ကိုင်တွယ်ဖို့ ခက်ခဲပါတယ်”လို့ ဖော်လန်က ပြောခဲ့ဖူးတာလဲဖြစ်ပါတယ်။
ဆိုးလ်ရှားကတော့ လူငယ်လေးရဲ့ တဇွတ်ထိုးအကျင့်ကို ကွင်းထဲမှာ စွမ်းဆောင်ရည်တွေနဲ့ အသင်းအတွက် အကျိုးပြုနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ သူတို့ထင်သလိုသာ ဖြစ်လာရင်တော့ ပယ်လီစထွီဟာ ဒီနှစ် အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာတဲ့ အရေးအပါဆုံး ဥရုဂွေးသား ဖြစ်လာနိုင်မှာလဲ ဖြစ်ပါတယ်။
ZAWGYI
စိတ္ပ်က္စရာေတြ လႊမ္းမိုးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႔ အၿပီးမွာေတာ့ ယူႏိုက္တက္ရဲ႕ စီနီယာအင္အားျဖည့္မႈမွာ တိုက္စစ္သမား ကာဗာနီနဲ႔ ပတ္သက္တဲ့ သတင္းေတြပဲ ႀကီးေနခဲ့ပါတယ္။
ကစားသမားရဲ႕ အသက္အရြယ္အရ အေကာင္းဆံုးအခ်ိန္ေတြ ကုန္ဆံုးဖို႔ နီးကပ္လာေနတာေၾကာင့္ ပရိသတ္ေတြဘက္က ေႏြအင္အားျဖည့္မႈကို စိတ္ပ်က္မႈေတြ ရွိခဲ့ၾကတယ္။ ဒါေပမယ့္ deadline day မွာ ယူႏိုက္တက္ကို ေရာက္လာတာကေတာ့ ကာဗာနီ တစ္ေယာက္ထဲ မဟုတ္ခဲ့ပါဘူး။
Google မွာ ရွာေဖြခံရမႈ အခ်က္အလက္အရ ယူႏိုက္တက္ ပရိသတ္ေတြဟာ ကာဗာနီနဲ႔ယွဥ္ရင္ ဖာကန္ဒို ပယ္လီစထြီကို သိပ္မၾကားဖူးခဲ့ၾကပါဘူး။ ကလပ္ရဲ႕ အာဂ်င္တီးနား အကယ္ဒမီကင္းေထာက္က ၂၀၁၇ စက္တင္ဘာကတည္းက ဆယ္ေက်ာ္သက္ေလးရဲ႕ အလားအလာကို သတိျပဳမိခဲ့တာနဲ႔အတူ ယူႏိုက္တက္ဟာ သူ႔ကို အၾကာႀကီး ေစာင့္ၾကည့္ေနခဲ့တာပါ။
ဘိုကာဂ်ဴနီယာ ဒုတိယဥကၠဌျဖစ္ၿပီး ပယ္လီစထြီရဲ႕ အရည္အေသြးကို အရင္ဆုံး ျမင္ေတြ႕ခဲ့ရဖူးတဲ့ အာဂ်င္တီးနား ကြင္းလယ္လူေဟာင္း ဟြမ္႐ိုမန္ရီကြယ္မီကေတာ့
“သူက ငယ္႐ြယ္ၿပီး အရည္အခ်င္းရွိတဲ့သူပါ၊ သူက အမ်ားႀကီး မကစားခဲ့ရေပမယ့္ သူ႔ေျခထဲမွာ ေဘာလုံးရွိရင္ တကယ္ထိန္းမရတဲ့ ေကာင္ေလးဆိုတာ ခင္ဗ်ားတို႔ ျမင္ႏိုင္ပါတယ္၊ ကြင္းထဲမွာ မေခ်မငံ လုပ္တတ္တဲ့ သတၱိရွိတဲ့ သူ႔လိုေကာင္ေလးမ်ိဳး သိပ္မရွိပါဘူး၊ ဒါက လုံးဝ တန္ဖိုးရွိပါတယ္ ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
မက္ဆီ၊ မာရာဒိုနာတို႔နဲ႔ ႏႈိင္းယွဥ္ခံခဲ့ရေပမယ့္လဲ လူငယ္ၾကယ္ပြင့္အေနနဲ႔ စီနီယာ ၁၂ ပြဲမွာ ၁ ဂိုးသြင္း၊ ဖန္တီးမႈ ၂ႀကိမ္သာ လုပ္ႏိုင္ခဲ့တာေၾကာင့္ အဆုံးသတ္ပိုင္းမွာ တိုးတက္ဖို႔ လိုအပ္ေနေသးတာပါ။ ဒါေပမယ့္ သိပ္ေကာင္းတဲ့ အလားအလာရွိသူဆိုတာကိုေတာ့ ေဖာ္လန္က ေျပာပါေသးတယ္။
“ပယ္လီစထြီမွာ ႀကီးမားတဲ့ အလားအလာရွိတယ္၊ အမ်ားႀကီး ႀကိဳးစားဖို႔ေတာ့ လိုေနတုန္းပါ၊ သူက တိုးတက္လာေနၿပီး မတူညီတာေတြ လုပ္ျပေနတယ္၊ သူ႔ကို အၾကာႀကီး ထိန္းထားဖို႔က ခက္ခဲမယ္ဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္၊ သူ႔မွာ သိပ္ေကာင္းတဲ့ အရွိန္ရွိၿပီး ဒါက ကိုင္တြယ္ဖို႔ ခက္ခဲပါတယ္”လို႔ ေဖာ္လန္က ေျပာခဲ့ဖူးတာလဲျဖစ္ပါတယ္။
ဆိုးလ္ရွားကေတာ့ လူငယ္ေလးရဲ႕ တဇြတ္ထိုးအက်င့္ကို ကြင္းထဲမွာ စြမ္းေဆာင္ရည္ေတြနဲ႔ အသင္းအတြက္ အက်ိဳးျပဳႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။ သူတို႔ထင္သလိုသာ ျဖစ္လာရင္ေတာ့ ပယ္လီစထြီဟာ ဒီႏွစ္ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာတဲ့ အေရးအပါဆုံး ဥ႐ုေဂြးသား ျဖစ္လာႏိုင္မွာလဲ ျဖစ္ပါတယ္။