ဆောက်သမ်တန်လို အသင်းကို အိမ်ကွင်းမှာ ကစားရရင် အမှတ်ပြည့် လိုချင်တာပါလို့ လမ်းပတ် ရင်ဖွင့်

ချယ်ဆီးအသင်းဟာ ညက ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး ၃-၂ နဲ့ ဦးဆောင်ထားပေမယ့် ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ချေပဂိုး ပေးလိုက်ရတာကြောင့် ၃ဂိုးစီ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ဆောက်သမ်တန်လို အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရချိန်မှာ အမှတ်ပြည့် ယူလိုခဲ့ကြောင်း ပွဲပြီး အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ပွဲချိန် ပထမပိုင်းမှာ ချယ်ဆီးအသင်းက ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြသခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန်အသင်းက ပို ကောင်းလာခဲ့ကြောင်း လမ်းပတ်က ဝန်ခံစကား ဆိုခဲ့ပါတယ်။ နိုင်ပွဲ ယူရမယ့် ပွဲမျိုးမှာ အခုလို လွဲချော်ခဲ့ရတာ အတွက်တော့ လမ်းပတ်က စိတ်ပျက်လို့ နေပါတယ်။

” ကျနော်လည်း ဒေါသထွက်သလို ကစားသမားတွေလည်း တူတူပါပဲ။ ပထမပိုင်းမှာ ဒီရာသီ ကစားခဲ့သမျှထဲ အကောင်းဆုံး ပုံစံ မြင်ခဲ့ရတာပါ။ တကယ့် ဘောလုံး ပွဲကောင်း ကစားခဲ့တယ် ကျနော်တို့ ၂ဂိုး ရခဲ့တယ်။ အဲဒီထက်တောင် ပိုသွင်းနိုင်ခဲ့ရမှာပါ။ ပထမပိုင်း ပြီးခါနီးမှာ ဂိုးပေးလိုက်ရတယ်ဆိုတော့ ပွဲ အနေအထားက ပြောင်းသွားတယ်။ အဲဒီနောက် ကျနော်တို့ ၃-၂ နဲ့ ပြန် ဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ပွဲ ပြီးခါနီးမှာ ဖရီးကစ်ကနေ ဂိုးပြန်ပေးခဲ့ရတာ တော်တော် စိတ်ပျက်စရာပါ။

အိမ်ကွင်းမှာ ဆောက်သမ်တန်လို အသင်းနဲ့ ကစားရရင် အမှတ်ပြည့် လိုချင်ကြတာပါ။ ဒါပေမယ့် သူတို့က အသင်းကောင်း တစ်သင်း ဆိုတာတော့ လေးစားရပါမယ်။ သူတို့က ပြိုင်ဘက်ကို တကယ် ခက်ခဲအောင် လုပ်နိုင်တယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ သူတို့ ပိုကောင်းလာတော့ ပိုခက်ခဲခဲ့တယ်။ ဒုတိယပိုင်းမှာ သူတို့က ပိုကောင်းခဲ့ပြီး ကျနော်တို့က ပထမပိုင်းမှာပေါ့။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

တကယ်လည်း ပွဲချိန် ပထမပိုင်း မိနစ် ၃၀ ထဲမှာ ချယ်ဆီးအသင်းရဲ့ အကောင်းဆုံး ကစားပုံကို မြင်ခဲ့ရပြီး ဗာနာရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးအသာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ေဆာက္သမ္တန္နဲ႕ ရင္ဆိုင္ရတဲ့ ပရီးမီးယားလိဂ္ ပြဲမွာ ဒုတိယပိုင္း တစ္ပိုင္းလံုးနီးပါး ၃-၂ နဲ႕ ဦးေဆာင္ထားေပမယ့္ ပြဲျပီးခါနီး နာက်င္ အခ်ိန္ပိုမွာ ေခ်ပဂိုး ေပးလိုက္ရတာေၾကာင့္ ၃ဂိုးစီ သေရရလဒ္နဲ႕ ေက်နပ္ခဲ့ရပါတယ္။ ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ေဆာက္သမ္တန္လို အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရခ်ိန္မွာ အမွတ္ျပည့္ ယူလိုခဲ့ေၾကာင္း ပြဲျပီး အင္တာဗ်ဴးမွာ ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

ပြဲခ်ိန္ ပထမပိုင္းမွာ ခ်ယ္ဆီးအသင္းက ဒီရာသီ အေကာင္းဆံုး စြမ္းေဆာင္ရည္မ်ိဳး ျပသခဲ့ျပီး ဒုတိယပိုင္းမွာေတာ့ ေဆာက္သမ္တန္အသင္းက ပို ေကာင္းလာခဲ့ေၾကာင္း လမ္းပတ္က ၀န္ခံစကား ဆိုခဲ့ပါတယ္။ နုိင္ပြဲ ယူရမယ့္ ပြဲမ်ိဳးမွာ အခုလို လြဲေခ်ာ္ခဲ့ရတာ အတြက္ေတာ့ လမ္းပတ္က စိတ္ပ်က္လို႔ ေနပါတယ္။

” က်ေနာ္လည္း ေဒါသထြက္သလို ကစားသမားေတြလည္း တူတူပါပဲ။ ပထမပိုင္းမွာ ဒီရာသီ ကစားခဲ့သမွ်ထဲ အေကာင္းဆံုး ပံုစံ ျမင္ခဲ့ရတာပါ။ တကယ့္ ေဘာလံုး ပြဲေကာင္း ကစားခဲ့တယ္ က်ေနာ္တို႔ ၂ဂိုး ရခဲ့တယ္။ အဲဒီထက္ေတာင္ ပိုသြင္းနုိင္ခဲ့ရမွာပါ။ ပထမပိုင္း ျပီးခါနီးမွာ ဂိုးေပးလိုက္ရတယ္ဆိုေတာ့ ပြဲ အေနအထားက ေျပာင္းသြားတယ္။ အဲဒီေနာက္ က်ေနာ္တို႔ ၃-၂ နဲ႕ ျပန္ ဦးေဆာင္နုိင္ခဲ့တယ္။ ဒါေပမယ့္ ပြဲ ျပီးခါနီးမွာ ဖရီးကစ္ကေန ဂိုးျပန္ေပးခဲ့ရတာ ေတာ္ေတာ္ စိတ္ပ်က္စရာပါ။

အိမ္ကြင္းမွာ ေဆာက္သမ္တန္လို အသင္းနဲ႕ ကစားရရင္ အမွတ္ျပည့္ လိုခ်င္ၾကတာပါ။ ဒါေပမယ့္ သူတို႔က အသင္းေကာင္း တစ္သင္း ဆိုတာေတာ့ ေလးစားရပါမယ္။ သူတို႔က ျပိဳင္ဘက္ကို တကယ္ ခက္ခဲေအာင္ လုပ္နုိင္တယ္။ အထူးသျဖင့္ ဒုတိယပိုင္းမွာ သူတို႔ ပိုေကာင္းလာေတာ့ ပိုခက္ခဲခဲ့တယ္။ ဒုတိယပိုင္းမွာ သူတို႔က ပိုေကာင္းခဲ့ျပီး က်ေနာ္တို႔က ပထမပိုင္းမွာေပါ့။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

တကယ္လည္း ပြဲခ်ိန္ ပထမပိုင္း မိနစ္ ၃၀ ထဲမွာ ခ်ယ္ဆီးအသင္းရဲ႕ အေကာင္းဆံုး ကစားပံုကို ျမင္ခဲ့ရျပီး ဗာနာရဲ႕ သြင္းဂိုးေတြနဲ႕ ၂ ဂိုးအသာ ဦးေဆာင္နုိင္ခဲ့တာ ျဖစ္ပါတယ္။