ယူနိုက်တက် ရောက်သွားတဲ့ အသင်းဖော်ဟောင်း ကာဗာနီကို ဝမ်နင်ပေးလိုက်တဲ့ အမ်ဘတ်ပီ

ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘတ်ပီကတော့ မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားတဲ့ အသင်းဖော် ဟောင်း ကာဗာနီကို ပြိုင်ဘက် အဖြစ် တွေ့ရရင် ညှာမှာ မဟုတ်ဘဲ အနိုင်ယူဖို့ ကြိုးစားမယ်လို့ ဒီတစ်ပတ် ချန်ပီယံလိဂ် အုပ်စုပွဲ မတိုင်ခင်မှာ ဝမ်နင် ကြို ပေးလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ သရဲနီ ဝိဉာဉ် ပူးကပ်ပြီး ပြီးခဲ့တဲ့ စနေက နယူးကာဆယ်ကို အကောင်းဆုံး ဂိုးပြတ်နိုင်ပွဲ ယူထားတဲ့ ယူနိုက်တက်ဟာ သူတို့ ကာလရှည် စောင့်စားနေရတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လည် ကစားရတော့မှာ ဖြစ်ပြီး အုပ်စု H အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒီနွေမှ ယူနိုက်တက် ရောက်လာတဲ့ ကာဗာနီဟာ သူ့ရဲ့ အသင်းဟောင်းကို ပွဲဦးထွက်မှာ ပြန်တွေ့ရဖွယ် ရှိနေပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှမှ ယူနိုက်တက်ထံ ပြောင်းရွှေ့လာတဲ့ ကာဗာနီဟာ ကွာရန်တင်း စည်းမျဉ်းများကြောင့် နယူးကာဆယ်နဲ့ ပွဲကိုတော့ မပါဝင်နိုင်ဘဲ လွဲချော်ခဲ့ပြီး မနေ့ကမှ အသင်းနဲ့ အတူ ထရိန်နင်မှာ သွားရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေးသားကြီးရဲ့ ပွဲဦးထွက်ကတော့ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ပွဲ ဖြစ်လာဖို့ များနေပါတယ်။ အမ်ဘတ်ပီကတော့ ဘော်ဒါ အကန့်ကို မေ့ထားပြီး ကာဗာနီကို အနိုင်ယူရလိမ့်မယ်လို့ ပွဲကြို သတိပေးစကား ဆိုလာခဲ့ပါတယ်။

” ကာဗာနီက အခု တခြား အသင်းမှာ ရောက်နေပါပြီ။ သူ အကောင်းဆုံး အဆင်ပြေစေဖို့က ကျနော် ဆုတောင်းပေးပါတယ်။ ဒါပေမယ့် သူတို့အသင်းနဲ့ ရင်ဆိုင်ရရင်တော့ ကျနော်က သူ့ကို အနိုင်ယူဖို့ ကြိုးစားမှာပဲ။ ” လို့ အမ်ဘတ်ပီက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့ ပဲရစ်မှာ ကစားပြီးမှ လိုက်ပ်ဇ် ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

Zawgyi – ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ဘတ္ပီကေတာ့ မန္ခ်က္စတာ ယူနိုက္တက္သို႔ ေျပာင္းေရႊ႕သြားတဲ့ အသင္းေဖာ္ ေဟာင္း ကာဗာနီကို ျပိဳင္ဘက္ အျဖစ္ ေတြ႔ရရင္ ညွာမွာ မဟုတ္ဘဲ အနိုင္ယူဖို႔ ၾကိဳးစားမယ္လို႔ ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ အုပ္စုပြဲ မတိုင္ခင္မွာ ၀မ္နင္ ၾကိဳ ေပးလိုက္ပါတယ္။

ယူနိုက္တက္ရဲ႕ သရဲနီ ၀ိဥာဥ္ ပူးကပ္ျပီး ျပီးခဲ့တဲ့ စေနက နယူးကာဆယ္ကို အေကာင္းဆံုး ဂိုးျပတ္နိုင္ပြဲ ယူထားတဲ့ ယူနိုက္တက္ဟာ သူတို႔ ကာလရွည္ ေစာင့္စားေနရတဲ့ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲကို ျပန္လည္ ကစားရေတာ့မွာ ျဖစ္ျပီး အုပ္စု H အဖြင့္ပြဲစဥ္မွာ ပီအက္စ္ဂ်ီနဲ႕ ထိပ္တိုက္ေတြ႔ဆံုေနပါတယ္။ ဒီေႏြမွ ယူနိုက္တက္ ေရာက္လာတဲ့ ကာဗာနီဟာ သူ႔ရဲ႕ အသင္းေဟာင္းကို ပြဲဦးထြက္မွာ ျပန္ေတြ႔ရဖြယ္ ရွိေနပါတယ္။

အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွမွ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာတဲ့ ကာဗာနီဟာ ကြာရန္တင္း စည္းမ်ဥ္းမ်ားေၾကာင့္ နယူးကာဆယ္နဲ႕ ပြဲကိုေတာ့ မပါ၀င္နုိင္ဘဲ လြဲေခ်ာ္ခဲ့ျပီး မေန႕ကမွ အသင္းနဲ႕ အတူ ထရိန္နင္မွာ သြားေရာက္ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။

ဥရုေဂြးသားၾကီးရဲ႕ ပြဲဦးထြက္ကေတာ့ အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႕ ပြဲ ျဖစ္လာဖို႔ မ်ားေနပါတယ္။ အမ္ဘတ္ပီကေတာ့ ေဘာ္ဒါ အကန္႔ကို ေမ့ထားျပီး ကာဗာနီကို အနုိင္ယူရလိမ့္မယ္လို႔ ပြဲၾကိဳ သတိေပးစကား ဆိုလာခဲ့ပါတယ္။

” ကာဗာနီက အခု တျခား အသင္းမွာ ေရာက္ေနပါျပီ။ သူ အေကာင္းဆံုး အဆင္ေျပေစဖို႔က က်ေနာ္ ဆုေတာင္းေပးပါတယ္။ ဒါေပမယ့္ သူတို႔အသင္းနဲ႕ ရင္ဆိုင္ရရင္ေတာ့ က်ေနာ္က သူ႔ကို အနုိင္ယူဖို႔ ၾကိဳးစားမွာပဲ။ ” လို႔ အမ္ဘတ္ပီက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ပီအက္စ္ဂ်ီနဲ႕ ပဲရစ္မွာ ကစားျပီးမွ လိုက္ပ္ဇ္ ကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။