ချယ်ဆီး Vs ဆီဗီလာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန်နဲ့ အံ့ဖွယ် သုံးဂိုးစီ သရေကျတဲ့ ပွဲ အပြီးမှာ ချယ်ဆီးအသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် စတင် ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ အုပ်စု အဖွင့်ပွဲမှာ ချယ်ဆီးအသင်းဟာ ယူရိုပါလိဂ် ဘုရင်လို့ ဆိုရမယ့် စပိန်ကလပ် ဆီဗီလာနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ချယ်ဆီး အသင်းဟာ ဂိုးသမားသစ် မန်ဒီ မပါဝင်ဘဲ ဒီပွဲကို ယှဉ်ပြိုင်ရဖွယ် ရှိနေတာကြောင့် ပေးဂိုးများနေတဲ့ ခံစစ်ကိုတော့ သေချာ ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။ ဆီဗီလာအသင်းကလည်း ပုံစံအကောင်းကြီး ရနေတာ မဟုတ်တာကြောင့် ဒီပွဲက ရလဒ်ကောင်းရဖို့ ဒီပွဲမှာ အားထုတ် ရုန်းလာဖို့ ရှိပါတယ်။

ချယ်ဆီးနဲ့ ဆီဗီလာအသင်းတို့ ကစားမယ့် ပွဲချိန်ကတော့ အောက်တိုဘာ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၃၀ နာရီ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ်ထားပါတယ်။

အိုဝင်က – ” ချယ်ဆီးက ဒီပွဲမတိုင်ခင်မှာ ဆောက်သမ်တန်နဲ့ ပွဲကို ၂ဂိုး အသာနဲ့ ဦးဆောင်ပြီးကာမှ ၃-၃ ရလဒ်နဲ့ သရေကျထားခဲ့ပါတယ်။ ဒါဟာ ဒီရာသီ ချယ်ဆီးတို့ ၃-၃- နဲ့ သရေကျတဲ့ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ဒီပွဲမှလည်း သွင်းဂိုးတွေ မြင်ရဦးမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ဆီဗီလာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပွဲမှာ ဂရာနာဒါကို ရှုံးနိမ့်ထားတယ်။ မျှမျှ တတ ပြောရရင်တော့ ဒီနှစ်သင်းလုံးက ရလဒ်ကောင်းဖို့ လိုနေပါပြီ။ တီမိုဗာနာ ကတော့ စနေနေ့က ပွဲမှာ ဂိုးပေါက် တွေ့ခဲ့ပြီ ဖြစ်ပါတယ်။ သူသာ အဲဒီပွဲလို ကြွေတက်နေရင်တော့ ချယ်ဆီးပဲ အသာရသွားပါမယ်။” လို့ သုံးသပ် ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 2-1 ဆီဗီလာ ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွာ ေဆာက္သမ္တန္နဲ႕ အံ့ဖြယ္ သံုးဂိုးစီ သေရက်တဲ့ ပြဲ အျပီးမွာ ခ်ယ္ဆီးအသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ စတင္ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ အုပ္စု အဖြင့္ပြဲမွာ ခ်ယ္ဆီးအသင္းဟာ ယူရိုပါလိဂ္ ဘုရင္လို႔ ဆိုရမယ့္ စပိန္ကလပ္ ဆီဗီလာနဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနပါတယ္။

ခ်ယ္ဆီး အသင္းဟာ ဂိုးသမားသစ္ မန္ဒီ မပါ၀င္ဘဲ ဒီပြဲကို ယွဥ္ျပိဳင္ရဖြယ္ ရွိေနတာေၾကာင့္ ေပးဂိုးမ်ားေနတဲ့ ခံစစ္ကိုေတာ့ ေသခ်ာ ျပင္ဆင္ထားဖို႔ လိုအပ္ေနပါတယ္။ ဆီဗီလာအသင္းကလည္း ပံုစံအေကာင္းၾကီး ရေနတာ မဟုတ္တာေၾကာင့္ ဒီပြဲက ရလဒ္ေကာင္းရဖို႔ ဒီပြဲမွာ အားထုတ္ ရုန္းလာဖို႔ ရွိပါတယ္။

ခ်ယ္ဆီးနဲ႕ ဆီဗီလာအသင္းတို႔ ကစားမယ့္ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာ ၂၁ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၃၀ နာရီ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ထားပါတယ္။

အို၀င္က – ” ခ်ယ္ဆီးက ဒီပြဲမတိုင္ခင္မွာ ေဆာက္သမ္တန္နဲ႕ ပြဲကို ၂ဂိုး အသာနဲ႕ ဦးေဆာင္ျပီးကာမွ ၃-၃ ရလဒ္နဲ႕ သေရက်ထားခဲ့ပါတယ္။ ဒါဟာ ဒီရာသီ ခ်ယ္ဆီးတို႔ ၃-၃- နဲ႕ သေရက်တဲ့ ဒုတိယ အၾကိမ္ ျဖစ္ပါတယ္။ ဒီပြဲမွလည္း သြင္းဂိုးေတြ ျမင္ရဦးမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ဆီဗီလာကေတာ့ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ပြဲမွာ ဂရာနာဒါကို ရွံဳးနိမ့္ထားတယ္။ မွ်မွ် တတ ေျပာရရင္ေတာ့ ဒီနွစ္သင္းလံုးက ရလဒ္ေကာင္းဖို႔ လိုေနပါျပီ။ တီမိုဗာနာ ကေတာ့ စေနေန႔က ပြဲမွာ ဂိုးေပါက္ ေတြ႔ခဲ့ျပီ ျဖစ္ပါတယ္။ သူသာ အဲဒီပြဲလို ေၾကြတက္ေနရင္ေတာ့ ခ်ယ္ဆီးပဲ အသာရသြားပါမယ္။” လို႔ သံုးသပ္ ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး 2-1 ဆီဗီလာ ျဖစ္ပါတယ္။