သမိုင်းထဲ အမြဲ တွင်ကျန်ရစ်မယ့် ရှုံးပွဲ အရိပ်ဆိုးအကြောင်း ဆိုးရှား မချိတင်ကဲ ဖွင့်ဟ

စနေနေ့ မှာ ကစားမယ့် အိုးလ်ထရက်ဖို့ဒ်ကပွဲဟာ စပါးကို ရှုံးပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ ပထမဆုံး အိမ်ကွင်းပွဲဖြစ်ပြီး ဆိုးလ်ရှားကတော့ သူ့အသင်းအနေနဲ့ အဲ့ဒီ့ပွဲက အမှားတွေကို ပြင်ဆင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

စပါးအသင်းကို ၆ဂိုး ၁ဂိုးနဲ့ အိမ်ကွင်းမှာ ဆိုးဆိုးဝါးဝါး ရှုံးခဲ့တာက ဘယ်လိုမှ ပြင်ဆင်လို့ မရတော့ဘဲ သမိုင်းထဲ အမြဲတွင်ကျန်ရစ်မယ့် အရိပ်ဆိုး တစ်ခု ဖြစ်ခဲ့ပြီ ဖြစ်ကြောင်းကိုလည်း ဆိုးရှားက မချိတင်ကဲ ဝန်ခံခဲ့ပါတယ်။

“ အဲ့ဒီ့ ရှုံးပွဲ အရိပ်ဆိုးကို ဘယ်အရာကမှ ဖျက်ဆီးပစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး၊ အဲ့ဒါက သမိုင်းစာအုပ်ထဲမှာ အမြဲရှိနေမှာပါ၊ ကျွန်တော်တို့က အဲ့ဒီ ရလဒ်ကြီးကိုပိုက်ပြီး အမြဲနေထိုင်သွားရမှာပါ၊ အဲ့ဒီပွဲက စွမ်းဆောင်ရည်ကို ပြန်ကြည့်ပြီး ရလဒ်နောက်ကွယ်မှာ မတူညီတဲ့ အကြောင်းပြချက်တွေကို ကြည့်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက်မယ့် အနာဂတ်ကို အာရုံစိုက်ရမှာပါ၊

မမျှော်လင့်ပဲ ဖြစ်လာတဲ့ ရလဒ်တွေက ဒီကလပ်မှာ အကြိမ်များစွာ ဖြစ်ခဲ့ဖူးပါတယ်၊ အဲ့ဒီ့အမှားတွေကနေ ပြန်လာဖို့ အရှုံးကိုတုံ့ပြန်ဖို့ ကျွန်တော်တို့ကြိုးစားရမှာပါ၊ ဒါပေမယ့် အခုချိန်မှာ တည်ငြိမ်မှု ရှိဖို့ အရေးကြီးပါတယ်”လို့ ဆိုးလ်ရှားက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီးနဲ့ ပွဲမှာတော့ စပါးနဲ့ ပွဲက အခြေအနေဆိုး အပေါ် တုန့်ပြန် ပေါက်ကွဲဖို့ ပစ်မှတ်ထားနေပြီး ကြားရက် က ပီအက်စ်ဂျီပွဲကို လွဲချော်ခဲ့တဲ့ မက်ဂွဲရား၊ ကာဗာနီ၊ ဂရင်းဝုဒ် တို့နဲ့အတူ ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။

ပွဲဦး ထွက်ရနိုင်ခြေ ရှိတဲ့ ကာဗာနီနဲ့ပတ်သက်လို့ဆိုးလ်ရှားက “အီဒင်ဆန်(ကာဗာနီ)က သူရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး အသင်းအတွက် အကျိုးပြုဖို့ အဆင်သင့်ဖြစ်နေပါတယ်၊ သူ့ရဲ့ နောက်ဆုံး ပြင်ဆင်မှုအပိုင်းက ဒီနေ့ပါ၊ ပြီးရင် ကျွန်တော် သူနဲ့ ဆွေးနွေးမှု လုပ်ရမှာပါ”လို့ ဆိုးလ်ရှားက ပြောဆိုသွားပါတယ်။

Zawgyi – စေနေန႔ မွာ ကစားမယ့္ အိုးလ္ထရက္ဖို႔ဒ္ကပြဲဟာ စပါးကို ရႈံးၿပီးေနာက္ပိုင္း ယူနိုက္တက္ရဲ႕ ပထမဆုံး အိမ္ကြင္းပြဲျဖစ္ၿပီး ဆိုးလ္ရွားကေတာ့ သူ႔အသင္းအေနနဲ႔ အဲ့ဒီ့ပြဲက အမွားေတြကို ျပင္ဆင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

စပါးအသင္းကို ၆ဂိုး ၁ဂိုးနဲ႕ အိမ္ကြင္းမွာ ဆိုးဆိုး၀ါး၀ါး ရွံဳးခဲ့တာက ဘယ္လိုမွ ျပင္ဆင္လို႔ မရေတာ့ဘဲ သမိုင္းထဲ အျမဲတြင္က်န္ရစ္မယ့္ အရိပ္ဆိုး တစ္ခု ျဖစ္ခဲ့ျပီ ျဖစ္ေၾကာင္းကိုလည္း ဆိုးရွားက မခ်ိတင္ကဲ ၀န္ခံခဲ့ပါတယ္။

“ အဲ့ဒီ့ ရွံုးပြဲ အရိပ္ဆိုးကို ဘယ္အရာကမွ ဖ်က္ဆီးပစ္ႏိုင္လိမ့္မယ္လို႔ မထင္ပါဘူး၊ အဲ့ဒါက သမိုင္းစာအုပ္ထဲမွာ အၿမဲရွိေနမွာပါ၊ ကြၽန္ေတာ္တို႔က အဲ့ဒီ ရလဒ္ႀကီးကိုပိုက္ၿပီး အၿမဲေနထိုင္သြားရမွာပါ၊ အဲ့ဒီပြဲက စြမ္းေဆာင္ရည္ကို ျပန္ၾကည့္ၿပီး ရလဒ္ေနာက္ကြယ္မွာ မတူညီတဲ့ အေၾကာင္းျပခ်က္ေတြကို ၾကည့္ႏိုင္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေရွ႕ဆက္မယ့္ အနာဂတ္ကို အာ႐ုံစိုက္ရမွာပါ၊ မေမွ်ာ္လင့္ပဲ ျဖစ္လာတဲ့ ရလဒ္ေတြက ဒီကလပ္မွာ အႀကိမ္မ်ားစြာ ျဖစ္ခဲ့ဖူးပါတယ္၊ အဲ့ဒီ့အမွားေတြကေန ျပန္လာဖို႔ အရႈံးကိုတုံ႔ျပန္ဖို႔ ကြၽန္ေတာ္တို႔ႀကိဳးစားရမွာပါ၊ ဒါေပမယ့္ အခုခ်ိန္မွာ တည္ၿငိမ္မႈ ရွိဖို႔ အေရးႀကီးပါတယ္”လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ခ်ယ္ဆီးနဲ႕ ပြဲမွာေတာ့ စပါးနဲ႕ ပြဲက အေျခအေနဆိုး အေပၚ တုန္႔ျပန္ ေပါက္ကြဲဖို႔ ပစ္မွတ္ထားေနျပီး ၾကားရက္ က ပီအက္စ္ဂ်ီပြဲကို လြဲေခ်ာ္ခဲ့တဲ့ မက္ဂြဲရား၊ ကာဗာနီ၊ ဂရင္း၀ုဒ္ တို႔နဲ႔အတူ ယွဥ္ျပိဳင္သြားဖြယ္ ရွိပါတယ္။

ပြဲဦး ထြက္ရႏိုင္ေျခ ရွိတဲ့ ကာဗာနီနဲ႔ပတ္သက္လို႔ဆိုးလ္ရွားက “အီဒင္ဆန္(ကာဗာနီ)က သူရရွိခဲ့တဲ့ အေတြ႕အႀကဳံေတြကို အသုံးခ်ၿပီး အသင္းအတြက္ အက်ိဳးျပဳဖို႔ အဆင္သင့္ျဖစ္ေနပါတယ္၊ သူ႔ရဲ႕ ေနာက္ဆုံး ျပင္ဆင္မႈအပိုင္းက ဒီေန႔ပါ၊ ၿပီးရင္ ကြၽန္ေတာ္ သူနဲ႔ ေဆြးေႏြးမႈ လုပ္ရမွာပါ”လို႔ ဆိုးလ္ရွားက ေျပာဆိုသြားပါတယ္။