မန်ချက်စတာယူနိုက်တက် Vs ချယ်ဆီး ပွဲအတွက် လော်ရိုး သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ရဲ့ ပွဲတွေထဲ မန်ချက်စတာ ယူနိုက်တက် နဲ့ ချယ်ဆီး အသင်းတို့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့နေတဲ့ ပွဲကောင်း တစ်ပွဲ ပါဝင်နေပါတယ်။ ဒီပွဲစဉ်ကတော့အောက်တိုဘာ ၂၄ ရက် (စနေနေ့)၊ ည ၁၁ နာရီ မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

အိမ်ကွင်း ရလဒ်ကောင်း ပြန်ယူဖို့ လိုနေတဲ့ ယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ စိန့်နဲ့ သရေပွဲက ရလဒ်ကို ချေလိုနေတဲ့ ချယ်ဆီး အသင်းတို့ အားပြိုင်မှုက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဒီပွဲ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ်ထားပါတယ်။

” မန်ချက်စတာ ယူနိုက်တက် နည်းတူ ချယ်ဆီးအသင်းရဲ့ ဒီရာသီ အကြီးဆုံး ပြသနာက ခံစစ်မှာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ရဲ့ ဆောက်သမ်တန်နဲ့ ပွဲကို ကျနော် ကြည့်ဖြစ်ခဲ့တယ်။ သူတို့ လွယ်လွယ်ကူကူပဲ လျော့ကျသွားခဲ့တာ မြင်ခဲ့တယ်။ အဲဒီမှာ တစ်ဂိုးတည်း အသာရထားခဲ့တာတောင် မဟုတ်ပါဘူး။ နည်းပြ လမ်းပတ်ကတော့ ငါ ဒီမှာ ဘာလုပ်နေလဲတောင် တွေးမိနေမှာပါ။ အနည်းဆုံး ဒီစနေမှာ ချယ်ဆီး အတွက် ဂိုးသမား မန်ဒီ ပါလာနိုင်တာတော့ ရှိပါတယ်။ ချယ်ဆီး အနေနဲ့ ကောင်းစွာ မကာကွယ်နိုင်တဲ့နောက် တိုက်စစ်ပဲ လွှတ်ရမှာပါ။ ” လို့ လော်ရိုးက ဆိုပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် 2-0 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ရဲ႕ ပြဲေတြထဲ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ ခ်ယ္ဆီး အသင္းတို႔ အိုးထရက္ဖို႔ဒ္မွာ ထိပ္တိုက္ေတြ႔ေနတဲ့ ပြဲေကာင္း တစ္ပြဲ ပါ၀င္ေနပါတယ္။ ဒီပြဲစဥ္ကေတာ့ေအာက္တိုဘာ ၂၄ ရက္ (စေနေန႔)၊ ည ၁၁ နာရီ မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။

အိမ္ကြင္း ရလဒ္ေကာင္း ျပန္ယူဖို႔ လိုေနတဲ့ ယူနိုက္တက္နဲ႕ ျပီးခဲ့တဲ့ စိန္႔နဲ႕ သေရပြဲက ရလဒ္ကို ေခ်လိုေနတဲ့ ခ်ယ္ဆီး အသင္းတို႔ အားျပိဳင္မႈက စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။ ဒီပြဲ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ထားပါတယ္။

” မန္ခ်က္စတာ ယူနုိက္တက္ နည္းတူ ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ အၾကီးဆံုး ျပသနာက ခံစစ္မွာ ျဖစ္ေနပါတယ္။ ျပီးခဲ့တဲ့ သီတင္းပတ္က သူတို႔ရဲ႕ ေဆာက္သမ္တန္နဲ႕ ပြဲကို က်ေနာ္ ၾကည့္ျဖစ္ခဲ့တယ္။ သူတို႔ လြယ္လြယ္ကူကူပဲ ေလ်ာ့က်သြားခဲ့တာ ျမင္ခဲ့တယ္။ အဲဒီမွာ တစ္ဂိုးတည္း အသာရထားခဲ့တာေတာင္ မဟုတ္ပါဘူး။ နည္းျပ လမ္းပတ္ကေတာ့ ငါ ဒီမွာ ဘာလုပ္ေနလဲေတာင္ ေတြးမိေနမွာပါ။ အနည္းဆံုး ဒီစေနမွာ ခ်ယ္ဆီး အတြက္ ဂိုးသမား မန္ဒီ ပါလာနုိင္တာေတာ့ ရွိပါတယ္။ ခ်ယ္ဆီး အေနနဲ႕ ေကာင္းစြာ မကာကြယ္နုိင္တဲ့ေနာက္ တိုက္စစ္ပဲ လႊတ္ရမွာပါ။ ” လို႔ ေလာ္ရိုးက ဆိုပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ 2-0 ခ်ယ္ဆီး ျဖစ္ပါတယ္။