အာဆင်နယ် Vs လက်စတာ ပွဲအတွက် မိုက်ကယ်အိုဝင်နဲ့ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်များ

အရှိန်ကောင်းတွေ ရလာနေတဲ့ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လက်စတာအသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ လက်စတာတို့ ပွဲကတော့ အောက်တိုဘာ ၂၆ ရက် (တနင်္လာနေ့)၊ နံနက် ၁း၄၅ နာရီ မှာ ယှဉ်ပြိုင်ကြမှာပါ။

ဒီပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်နဲ့ ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးတို့က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” လက်စတာက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲ ရှုံးနိမ့်ပြီး ခက်ခဲတဲ့ ရာသီအစ ပိုင်ဆိုင်ထားပါတယ်။ မြေခွေးတွေက ဒီပွဲမှာ သူတို့ အားထားရတဲ့ တိုက်စစ်မှူး ဂျင်မီ ဗာဒီ ကြံ့ခိုင်မှု အပြည့် ပြန်ရပြီး ပါဝင်နိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ အပတ် စီးတီးနဲ့ ပွဲမှာ ခြေ သိပ် မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီ စွမ်းဆောင်ရည် အရဆို အာဆင်နယ်ကပဲ သုံးမှတ်ပြည့် ဒီပွဲကနေ ယူသွားနိုင်မယ်လို့ ကျနော် ယုံကြည်ထားပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ အာဆင်နယ် 2-1 လက်စတာ ဖြစ်ပါတယ်။

လော်ရိုးက – ” အာဆင်နယ် အတွက် လက်စတာကို ရင်ဆိုင်ဖို့ အခုက အချိန်ကောင်းပါပဲ။ သူတို့က နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၂ ပွဲလုံး ရှုံးထားတာပါ။ လက်စတာက ဗာဒီ ကစားနိုင်ပါ့မလား စောင့်ကြည့်နေရဆဲ ဖြစ်ပြီး ဆိုရမ်ချူး၊ အမ်ဒီဒီတို့လို အဓိက ကစားသမားတွေကိုလည်း လက်လွှတ်ထားရပါတယ်။ ဒီပွဲကတော့ ဂန်းနားတွေ အနိုင်ပါပဲ။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုးခန့်မှန်းရလဒ် ကလည်း အာဆင်နယ် 2-1 လက်စတာ ပဲ ဖြစ်ပါတယ်။

Zawgyi – အရွိန္ေကာင္းေတြ ရလာေနတဲ့ အာဆင္နယ္ အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ လက္စတာအသင္းနဲ႕ ေတြ႔ဆံုေနျပီး အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ အာဆင္နယ္နဲ႕ လက္စတာတို႔ ပြဲကေတာ့ ေအာက္တိုဘာ ၂၆ ရက္ (တနလၤာေန႔)၊ နံနက္ ၁း၄၅ နာရီ မွာ ယွဥ္ျပိဳင္ၾကမွာပါ။

ဒီပြဲစဥ္အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္နဲ႕ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးတို႔က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” လက္စတာက ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ နွစ္ပြဲ ရွံုးနိမ့္ျပီး ခက္ခဲတဲ့ ရာသီအစ ပိုင္ဆိုင္ထားပါတယ္။ ေျမေခြးေတြက ဒီပြဲမွာ သူတို႔ အားထားရတဲ့ တိုက္စစ္မွဴး ဂ်င္မီ ဗာဒီ ၾကံ႕ခိုင္မႈ အျပည့္ ျပန္ရျပီး ပါ၀င္နုိင္ဖို႔ ေမွ်ာ္လင့္ေနပါလိမ့္မယ္။ အာဆင္နယ္က ျပီးခဲ့တဲ့ အပတ္ စီးတီးနဲ႕ ပြဲမွာ ေျခ သိပ္ မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ ဒီရာသီ စြမ္းေဆာင္ရည္ အရဆို အာဆင္နယ္ကပဲ သံုးမွတ္ျပည့္ ဒီပြဲကေန ယူသြားနုိင္မယ္လို႔ က်ေနာ္ ယံုၾကည္ထားပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ အာဆင္နယ္ 2-1 လက္စတာ ျဖစ္ပါတယ္။

ေလာ္ရိုးက – ” အာဆင္နယ္ အတြက္ လက္စတာကို ရင္ဆိုင္ဖို႔ အခုက အခ်ိန္ေကာင္းပါပဲ။ သူတို႔က ေနာက္ဆံုး ကစားထားတဲ့ လိဂ္ပြဲ ၂ ပြဲလံုး ရွံဳးထားတာပါ။ လက္စတာက ဗာဒီ ကစားနိုင္ပါ့မလား ေစာင့္ၾကည့္ေနရဆဲ ျဖစ္ျပီး ဆိုရမ္ခ်ဴး၊ အမ္ဒီဒီတို႔လို အဓိက ကစားသမားေတြကိုလည္း လက္လႊတ္ထားရပါတယ္။ ဒီပြဲကေတာ့ ဂန္းနားေတြ အနိုင္ပါပဲ။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုးခန္႔မွန္းရလဒ္ ကလည္း အာဆင္နယ္ 2-1 လက္စတာ ပဲ ျဖစ္ပါတယ္။