ကွင်းထဲမှာ အကုန် ငကြောက်တွေလို ကစားနေကြတယ် ဆိုတဲ့ အီဗရာ ဝေဖန်မှုကို ဆိုးရှား တုန့်ပြန်

ညက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ချယ်ဆီးကို ဧည့်ခံကစားပြီး ဂိုးမရှိ သရေနဲ့ ပြီးဆုံးသွားတဲ့ ပွဲအပြီးမှာ ယူနိုက်တက် ကစားသမားဟောင်းကြီး အီဗရာကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး အသင်းသားတွေက လုံခြုံရေး အကာကွယ်တွေ ဝတ်ထားသလို ကြောက်ကြောက်နဲ့ ကစားနေခဲ့ကြတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ အီဗရာ ဝေဖန်မှုတွေကို ယူနိုက်တက် နည်းပြ ဆိုးရှားကလည်း တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်ဲ့ပါတယ်။

ယူနိုက်တက်က တိုက်စစ်ဆင်မှုကောင်းနဲ့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ချယ်ဆီး ဂိုးသမားသစ် မန်ဒီ အထူး လက်စွမ်းပြနေတာကြောင့် ဂိုးနဲ့ ပိုက်က မိတ်မဆက်နိုင်ခဲ့ဘူး ဖြစ်ခဲ့ရပါတယ်။ အီဗရာကတော့ ယူနိုက်တက်ရော ချယ်ဆီး ကစားသမားတွေရောက ပွဲကို ထိန်းကစားနေတာကြောင့် ပျင်းစရာ ကောင်းလှတယ်လို့ ဆိုလိုက်ပါတယ်။

” ကစားသမားတွေက Safety jacket ဝတ်ပြီး ကစားနေကြသလို ဖြစ်နေတယ်။ ကျနော်တော့ ဒါကို မကြိုက်ဘူး။ ကျနော်က ဖျော်ဖြေမှု ရသပေးတာကို လိုချင်တာ။ ကစားသမားတွေကို အကြောက်အရွံ့ ကင်းကင်းနဲ့ ကစားစေချင်တယ်။ ” လို့ အီဗရာက ဝေဖန်ခဲ့တာပါ။

ဆိုးရှားကတော့ ယူနိုက်တက်ဟာ ဒီပွဲမှာ လွှမ်းမိုးထားပြီး အနိုင်ရမယ့် အသင်းလို ကစားသွားခဲ့ကြောင်း ပြောဆိုကာ အီဗရာရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်ကာကွယ်သွားခဲ့ပါတယ်။

” ကျနော့် ကောင်လေးတွေက ပွဲအစပိုင်းမှာ နည်းနည်းတော့ အထနှေးခဲ့တယ်။ ပထမပိုင်း မိနစ် ၂၀ ကျော်လောက်ထိကိုပေါ့။ ဒါပေမယ့် နောက်ဆုံးပိုင်းမှာ သူတို့က နိုင်ပွဲယူနိုင်တော့မလိုပါ။ ၆၅ မိနစ်ကျော်နောက်ပိုင်းတွေပေါ့။ အကောင်းဆုံး အခွင့်အရေးတွေကို ဖန်တီး ကစားသွားခဲ့တာ ကျနော်တို့ပဲ ဖြစ်တယ်။

ကွင်းထဲမှာက အသင်းကောင်း နှစ်သင်း ယှဉ်ပြိုင် ကစားနေရတာ ဖြစ်တယ်။ ဒီတော့ ဧရိယာထဲကနေ ထွက်ပြီး ပွဲထဲမှာ ခြေကုတ်ယူနိုင်ဖို့ အားစိုက်ခဲ့တယ်။ အဲဓီနောက်တော့ အခွင့်ကောင်းတွေ အများကြီး မဖန်တီးနိုင်ခဲ့ဘူး။ ပထမပိုင်းမှာ မားကပ်စ်က အခွင့်ကောင်း တစ်ခု ရခဲ့ပေမယ့် ဂိုးသမား မန်ဒီက ကောင်းကောင်း ကာကွယ်သွားတယ်။ မားကပ်က ကန်ချက်လည်း ကောင်းခဲ့ပါတယ်။ တကယ်လို့ ဒီပွဲမှာ နိုင်တဲ့ အသင်း ပေါ်ရမယ်ဆို ကျနော်တို့ပဲ ဖြစ်မယ် ထင်ခဲ့တာပါ။ ကျနော်တို့ ရင်ဆိုင် ကစားနေတာက အသင်းကောင်း တစ်သင်းဆိုတာ မေ့ထားလို့ မရဘူး ဒီတော့ ကျနော့် ကစားသမားတွေ ကစားသွားတာ ကျေနပ်ပါတယ်။ ” လို့ ဆိုးရှားကတော့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ညက အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ခ်ယ္ဆီးကို ဧည့္ခံကစားျပီး ဂိုးမရွိ သေရနဲ႕ ျပီးဆံုးသြားတဲ့ ပြဲအျပီးမွာ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး အီဗရာကေတာ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီး အသင္းသားေတြက လံုျခံဳေရး အကာကြယ္ေတြ ၀တ္ထားသလို ေၾကာက္ေၾကာက္နဲ႕ ကစားေနခဲ့ၾကတယ္လို႔ ျပင္းျပင္းထန္ထန္ ေ၀ဖန္သြားခဲ့ပါတယ္။ အီဗရာ ေ၀ဖန္မႈေတြကို ယူနိုက္တက္ နည္းျပ ဆိုးရွားကလည္း တုန္႔ျပန္ ေျပာဆိုမႈေတြ ျပဳလုပ္ဲ့ပါတယ္။

ယူနိုက္တက္က တိုက္စစ္ဆင္မႈေကာင္းနဲ႕ အခြင့္အေရးေကာင္းေတြ ရခဲ့ေပမယ့္ ခ်ယ္ဆီး ဂိုးသမားသစ္ မန္ဒီ အထူး လက္စြမ္းျပေနတာေၾကာင့္ ဂိုးနဲ႕ ပိုက္က မိတ္မဆက္နုိင္ခဲ့ဘူး ျဖစ္ခဲ့ရပါတယ္။ အီဗရာကေတာ့ ယူနိုက္တက္ေရာ ခ်ယ္ဆီး ကစားသမားေတြေရာက ပြဲကို ထိန္းကစားေနတာေၾကာင့္ ပ်င္းစရာ ေကာင္းလွတယ္လို႔ ဆိုလိုက္ပါတယ္။

” ကစားသမားေတြက Safety jacket ၀တ္ျပီး ကစားေနၾကသလို ျဖစ္ေနတယ္။ က်ေနာ္ေတာ့ ဒါကို မၾကိဳက္ဘူး။ က်ေနာ္က ေဖ်ာ္ေျဖမႈ ရသေပးတာကို လိုခ်င္တာ။ ကစားသမားေတြကို အေၾကာက္အရြံ႕ ကင္းကင္းနဲ႕ ကစားေစခ်င္တယ္။ ” လို႔ အီဗရာက ေ၀ဖန္ခဲ့တာပါ။

ဆိုးရွားကေတာ့ ယူနိုက္တက္ဟာ ဒီပြဲမွာ လႊမ္းမိုးထားျပီး အနုိင္ရမယ့္ အသင္းလို ကစားသြားခဲ့ေၾကာင္း ေျပာဆိုကာ အီဗရာရဲ႕ ေ၀ဖန္မႈေတြကို တုန္႔ျပန္ကာကြယ္သြားခဲ့ပါတယ္။

” က်ေနာ့္ ေကာင္ေလးေတြက ပြဲအစပိုင္းမွာ နည္းနည္းေတာ့ အထေနွးခဲ့တယ္။ ပထမပိုင္း မိနစ္ ၂၀ ေက်ာ္ေလာက္ထိကိုေပါ့။ ဒါေပမယ့္ ေနာက္ဆံုးပိုင္းမွာ သူတို႔က နုိင္ပြဲယူနိုင္ေတာ့မလိုပါ။ ၆၅ မိနစ္ေက်ာ္ေနာက္ပိုင္းေတြေပါ့။ အေကာင္းဆံုး အခြင့္အေရးေတြကို ဖန္တီး ကစားသြားခဲ့တာ က်ေနာ္တို႔ပဲ ျဖစ္တယ္။

ကြင္းထဲမွာက အသင္းေကာင္း နွစ္သင္း ယွဥ္ျပိဳင္ ကစားေနရတာ ျဖစ္တယ္။ ဒီေတာ့ ဧရိယာထဲကေန ထြက္ျပီး ပြဲထဲမွာ ေျခကုတ္ယူနုိင္ဖို႔ အားစိုက္ခဲ့တယ္။ အဲဓီေနာက္ေတာ့ အခြင့္ေကာင္းေတြ အမ်ားၾကီး မဖန္တီးနုိင္ခဲ့ဘူး။ ပထမပိုင္းမွာ မားကပ္စ္က အခြင့္ေကာင္း တစ္ခု ရခဲ့ေပမယ့္ ဂိုးသမား မန္ဒီက ေကာင္းေကာင္း ကာကြယ္သြားတယ္။ မားကပ္က ကန္ခ်က္လည္း ေကာင္းခဲ့ပါတယ္။ တကယ္လို႔ ဒီပြဲမွာ နုိင္တဲ့ အသင္း ေပၚရမယ္ဆို က်ေနာ္တို႔ပဲ ျဖစ္မယ္ ထင္ခဲ့တာပါ။ က်ေနာ္တို႔ ရင္ဆိုင္ ကစားေနတာက အသင္းေကာင္း တစ္သင္းဆိုတာ ေမ့ထားလို႔ မရဘူး ဒီေတာ့ က်ေနာ့္ ကစားသမားေတြ ကစားသြားတာ ေက်နပ္ပါတယ္။ ” လို႔ ဆိုးရွားကေတာ့ ေျပာဆိုခဲ့ပါတယ္။