မန်ချက်စတာ ယူနိုက်တက် အသစ် ခေါ်ယူထားတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီဟာ ပွဲထဲမှာ အကောင်းဆုံး လှုပ်ရှားတတ်သူ တစ်ယောက် ဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သုံးသပ်လိုက်ပြီး နံပါတ် ၇ ဝတ်ဆင်ထားတဲ့ ကာဗာနီဟာ အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုရယူနိုင်မယ်လို့ ထောက်ခံအားပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ မော်ဒန်ဘောလုံးလောကရဲ့ သွင်းဂိုးအများဆုံး တိုက်စစ်မှူးတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ ဇွန်လမှာ ပီအက်စ်ဂျီကနေ ထွက်ခွာလာပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်ခဲ့တဲ့ ကာဗာနီဟာ အက်သလက်တီကိုနဲ့ ဘင်ဖီကာတို့ရဲ့ ကမ်းလှမ်းမှုတွေလဲရခဲ့ပေမယ့် အဆုံးသတ်မှာတော့ ယူနိုက်တက် အနိုင်ရခဲ့ပြီး အသက်၃၃နှစ်အရွယ် ကစားသမားကို ၂နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
ဥရုဂွေးသားဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘက်ခမ်းတို့လို ဂန္တဝင်တွေ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်၇ကို အမွေဆက်ခံခဲ့ပြီးနောက် ကာလရှည်စောင့်ခဲ့ရတဲ့ ပွဲဦးထွက်ခွင့်ကို ချယ်ဆီးနဲ့ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီရဲ့ ထာဝရထိပ် တန်းဂိုးသွင်းရှင်ဟာ ၂၅မိနစ် ဝင် ကစားခဲ့ချိန်အတွင်း ပုံစံကောင်းပြသခဲ့ပြီး ပထမဆုံး ဘောလုံးထိချက်မှာတင် ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် သူ့ရဲ့ ယုံကြည်မှုရှိတဲ့ ကန်ချက်က ဘေးကို ချော်ထွက်ခဲ့တာဖြစ်ပြီး နောက်တခါမှာလဲ သီယာဂိုဆေးဗားက တားဆီးနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးသွင်းနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာပါ။
ဒါပေမယ့် အိုဝင်ကတော့ ကာဗာနီဟာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ အကျိုးပြုနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ထောက်ခံ ပြောဆိုခဲ့ပါတယ်။
“ ကာဗာနီရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်သဘောကျတယ်၊သူက ကျွန်တော်ရဲ့ တိုက်စစ်မှူးပုံစံမျိုးပါ၊ ချယ်ဆီးနဲ့ ပွဲမှာ သီယာဂိုသာမဟုတ်ရင် ဘယ်သူမှ သူ့ကို တားဆီးနိုင်ခဲ့မှာမဟုတ်ဘူး၊ ကျွန်တော်တို့ ခဏလေးပဲ မြင်လိုက်ရပေမယ့် ကျွန်တော် သူ့ကို နှစ်များစွာ ကြည့်ခဲ့ရတာပါ၊ သူက လှစ်ခနဲပြေးတာတွေမှာ အရမ်းကောင်းတယ်၊ နောက်ခံလူတွေရှေ့မှာ အဲ့လို လုပ်ပြရတာကို သူက သဘောကျတာပါ၊ သူ ဂိုးအနည်းငယ် သွင်းလိမ့်မယ်လို့ထင်ပါတယ်၊ ယူနိုက်တက်က ပြိုင်ဘက်တွေကို ဖိအားပေးနေသရွေ့၊ ဖြတ်တင်ပေးပို့မှုတွေ ရနေသရွေ့ပေါ့၊ သူက အကင်းပါးတဲ့ ၁၈ကိုက်စည်းထဲက တိုက်စစ်မှူးမျိုးပါ” လို့ အိုဝင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကာဗာနီအတွက် တောက်ပနိုင်ဖို့ နောက်ထပ်အခွင့်အရေးက ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ဖြစ်ပြီး ယူနိုက်တက်က ရက်ဘူးလိုက်ပ်ဇစ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ အသစ္ ေခၚယူထားတဲ့ ၀ါရင့္တိုက္စစ္မွဴးၾကီး ကာဗာနီဟာ ပြဲထဲမွာ အေကာင္းဆုံး လႈပ္ရွားတတ္သူ တစ္ေယာက္ ျဖစ္တယ္လို႔ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အိုဝင္က သံုးသပ္လိုက္ၿပီး နံပါတ္ ၇ ၀တ္ဆင္ထားတဲ့ ကာဗာနီဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေအာင္ျမင္မႈရယူနိုင္မယ္လို႔ ေထာက္ခံအားေပးခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေႏြအေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ေမာ္ဒန္ေဘာလုံးေလာကရဲ႕ သြင္းဂိုးအမ်ားဆုံး တိုက္စစ္မႉးတစ္ေယာက္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တာပါ။ ဇြန္လမွာ ပီအက္စ္ဂ်ီကေန ထြက္ခြာလာၿပီးေနာက္ပိုင္း အသင္းလက္မဲ့ ျဖစ္ခဲ့တဲ့ ကာဗာနီဟာ အက္သလက္တီကိုနဲ႔ ဘင္ဖီကာတို႔ရဲ႕ ကမ္းလွမ္းမႈေတြလဲရခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ ယူႏိုက္တက္ အႏိုင္ရခဲ့ၿပီး အသက္၃၃ႏွစ္အ႐ြယ္ ကစားသမားကို ၂ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာပဲျဖစ္ပါတယ္။
ဥ႐ုေဂြးသားဟာ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ ဘက္ခမ္းတို႔လို ဂႏၲဝင္ေတြ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္၇ကို အေမြဆက္ခံခဲ့ၿပီးေနာက္ ကာလရွည္ေစာင့္ခဲ့ရတဲ့ ပြဲဦးထြက္ခြင့္ကို ခ်ယ္ဆီးနဲ႔ပြဲမွာ ရရွိခဲ့တာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီရဲ႕ ထာဝရထိပ္ တန္းဂိုးသြင္းရွင္ဟာ ၂၅မိနစ္ ဝင္ ကစားခဲ့ခ်ိန္အတြင္း ပုံစံေကာင္းျပသခဲ့ၿပီး ပထမဆံုး ေဘာလံုးထိခ်က္မွာတင္ ဂိုးရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ သူ႔ရဲ႕ ယုံၾကည္မႈရွိတဲ့ ကန္ခ်က္က ေဘးကို ေခ်ာ္ထြက္ခဲ့တာျဖစ္ၿပီး ေနာက္တခါမွာလဲ သီယာဂိုေဆးဗားက တားဆီးႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ အဖြင့္ဂိုးသြင္းႏိုင္မယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။
ဒါေပမယ့္ အိုဝင္ကေတာ့ ကာဗာနီဟာ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္အသင္းအတြက္ ႀကီးမားတဲ့ အက်ိဳးျပဳႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္း ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။
“ ကာဗာနီရဲ႕ လႈပ္ရွားမႈေတြကို ကြၽန္ေတာ္သေဘာက်တယ္၊သူက ကြၽန္ေတာ္ရဲ႕ တိုက္စစ္မႉးပုံစံမ်ိဳးပါ၊ ခ်ယ္ဆီးနဲ႕ ပြဲမွာ သီယာဂိုသာမဟုတ္ရင္ ဘယ္သူမွ သူ႔ကို တားဆီးႏိုင္ခဲ့မွာမဟုတ္ဘူး၊ ကြၽန္ေတာ္တို႔ ခဏေလးပဲ ျမင္လိုက္ရေပမယ့္ ကြၽန္ေတာ္ သူ႔ကို ႏွစ္မ်ားစြာ ၾကည့္ခဲ့ရတာပါ၊ သူက လွစ္ခနဲေျပးတာေတြမွာ အရမ္းေကာင္းတယ္၊ ေနာက္ခံလူေတြေရွ႕မွာ အဲ့လို လုပ္ျပရတာကို သူက သေဘာက်တာပါ၊ သူ ဂိုးအနည္းငယ္ သြင္းလိမ့္မယ္လို႔ထင္ပါတယ္၊ ယူႏိုက္တက္က ၿပိဳင္ဘက္ေတြကို ဖိအားေပးေနသေ႐ြ႕၊ ျဖတ္တင္ေပးပို႔မႈေတြ ရေနသေ႐ြ႕ေပါ့၊ သူက အကင္းပါးတဲ့ ၁၈ကိုက္စည္းထဲက တိုက္စစ္မႉးမ်ိဳးပါ” လို႔ အိုဝင္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ကာဗာနီအတြက္ ေတာက္ပႏိုင္ဖို႔ ေနာက္ထပ္အခြင့္အေရးက ဗုဒၶဟူးေန႔ ခ်န္ပီယံလိဂ္ျဖစ္ၿပီး ယူႏိုက္တက္က ရက္ဘူးလိုက္ပ္ဇစ္ကို အိုးလ္ထရက္ဖို႔ဒ္မွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။