တီမိုဝါနာရဲ့ အကောင်းဆုံး ဗားရှင်းကို မကြာခင် မြင်ရမယ်လို့ ယုံကြည်နေတဲ့ ချယ်ဆီးနည်းပြ လမ်းပတ်

ချယ်ဆီးအသင်း နည်းပြ ဖရန့်လမ်းပတ်ကတော့ ၎င်းရဲ့ တိုက်စစ်မှူးသစ် တီမိုဝါနာရဲ့ အကောင်းဆုံး ဗားရှင်းကို မကြာခင်မှာ မြင်တွေ့ရမယ်လို့ ယုံကြည်ကြောင်း ယူနိုက်တက်နဲ့ ဂိုး မရှိ သရေပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။ ဝါနာဟာ ကလပ်အသင်းမှာ အခြေကျလာနေပြီး ချယ်ဆီးနဲ့ အတူ ရင်ခုန်စရာ ခရီးကြမ်းမှာ ကောင်းစွာ ပါဝင် ကူညီနိုင်မယ်လို့ လမ်းပတ်က ယုံကြည်ထားပါတယ်။

ပေါင် ၄၅ သန်းတန် တိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့ ဂိုး မရှိ သရေပွဲမှာ ဂိုးပေါက် ရှာမတွေ့ခဲ့ဘဲ ရှိခဲ့ပါတယ်။ ဝါနာက ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ပါဝင် ကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။ လမ်းပတ်ကတော့ တီမိုဝါနာ တစ်ယောက် ဂျာမနီမှာ ဂိုးသွင်းကြမ်းခဲ့သလို မကြာခင် မြင်လာရတော့မယ်လို့ ယူဆထားပါတယ်။ ဝါနာဟာ ပြီးခဲ့တဲ့ ရာသီက ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၃၅ ဂိုးထိ ရထားခဲ့သူပါ။

လမ်းပတ်ကတော့ လက်ရှိ တီမိုဝါနာရဲ့ အခြေအနေကို ကျေနပ်နေပြီး စိုးရိမ်မှုလည်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာပါ။

” ကျနော်က တီမိုနဲ့ ပတ်သတ်ပြီး သိပ်ကျေနပ်ပါတယ်။ ဒီပွဲ မတိုင်ခင်တွေကို ကြည့်မယ်ဆိုရင် သူက ၂ ဂိုး သွင်းတယ်၊ ကိုင်ဟာဗက်ဇ်က တစ်ဂိုး သွင်းထားတယ်။ ဒီကစားသမားတွေနဲ့ ပတ်သတ်ပြီး ကျနော် သိပ် စိတ်ပူ မနေပါဘူး။ ကစားသမားချင်း ချိတ်ဆက်မှုတွေ အသားကျလာဖို့က အချိန်တချို့ ယူရပါတယ်။

တီမိုနဲ့ ကိုင်ကို ဒီကလပ်အသင်းဆီ ခေါ်လာတာက အသင်းမှာ ရှိပြီးသား အရည်အသွေးတွေကို ထပ်ပေါင်းချင်လို့ပါ။ ဟာကင် ဇီယာက်ကလည်း ပွဲထွက်မှာ ပါဝင်ဖို့ ကြံ့ခိုင်မှု အပြည့် နီးပါး ရှိပြီး ကောင်းလာနေပြီ။ ဒီတော့ သူတို့ အတွက် စိုးရိမ်စရာ မရှိဘူး။ ယူနိုက်တက်နဲ့ ပွဲမှာ သူတို့ သိပ် အစွမ်းမပြနိုင်ခဲ့ဘူး ဆိုပေမယ့် ဒါက ပုံမှန်ပါ။ ဘောလုံးမှာ ဖြစ်တတ်တဲ့ အခြေအနေပါပဲ။ ဒီ ကစားသမားတွေနဲ့ ပတ်သတ်ပြီး ကျနော် ကျေနပ် ပျော်ရွှင်ပါတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

တိုက်စစ်သမားသစ်တွေ အနေနဲ့ တိုက်စစ်ဆင်ဖို့တင် မကဘဲ အသင်းလိုက် ပါဝင် ကစားဖို့နဲ့ လိုအပ်သလို ခံစစ်မှာ ကူညီမှုတွေပါ ပြုလုပ်ဖို့ လိုကြောင်းကိုလည်း လမ်းပတ်က ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Zawgyi – ခ်ယ္ဆီးအသင္း နည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ၄င္းရဲ႕ တိုက္စစ္မွဴးသစ္ တီမို၀ါနာရဲ႕ အေကာင္းဆံုး ဗားရွင္းကို မၾကာခင္မွာ ျမင္ေတြ႔ရမယ္လို႔ ယံုၾကည္ေၾကာင္း ယူနိုက္တက္နဲ႕ ဂိုး မရွိ သေရပြဲ အျပီးမွာ ေျပာဆိုခဲ့ပါတယ္။ ၀ါနာဟာ ကလပ္အသင္းမွာ အေျခက်လာေနျပီး ခ်ယ္ဆီးနဲ႕ အတူ ရင္ခုန္စရာ ခရီးၾကမ္းမွာ ေကာင္းစြာ ပါ၀င္ ကူညီနိုင္မယ္လို႔ လမ္းပတ္က ယံုၾကည္ထားပါတယ္။

ေပါင္ ၄၅ သန္းတန္ တိုက္စစ္မွဴးဟာ ယူနိုက္တက္နဲ႕ ဂိုး မရွိ သေရပြဲမွာ ဂိုးေပါက္ ရွာမေတြ႔ခဲ့ဘဲ ရွိခဲ့ပါတယ္။ ၀ါနာက ဒီရာသီ ပရီးမီးယားလိဂ္ ၆ ပြဲ ပါ၀င္ ကစားထားျပီး ၂ ဂိုးသြင္းယူထားပါတယ္။ လမ္းပတ္ကေတာ့ တီမို၀ါနာ တစ္ေယာက္ ဂ်ာမနီမွာ ဂိုးသြင္းၾကမ္းခဲ့သလို မၾကာခင္ ျမင္လာရေတာ့မယ္လို႔ ယူဆထားပါတယ္။ ၀ါနာဟာ ျပီးခဲ့တဲ့ ရာသီက ကလပ္အသင္းနဲ႕ နုိင္ငံအသင္းအတြက္ သြင္းဂိုး ၃၅ ဂိုးထိ ရထားခဲ့သူပါ။

လမ္းပတ္ကေတာ့ လက္ရွိ တီမို၀ါနာရဲ႕ အေျခအေနကို ေက်နပ္ေနျပီး စိုးရိမ္မႈလည္း မရွိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့တာပါ။

” က်ေနာ္က တီမိုနဲ႕ ပတ္သတ္ျပီး သိပ္ေက်နပ္ပါတယ္။ ဒီပြဲ မတိုင္ခင္ေတြကို ၾကည့္မယ္ဆိုရင္ သူက ၂ ဂိုး သြင္းတယ္၊ ကိုင္ဟာဗက္ဇ္က တစ္ဂိုး သြင္းထားတယ္။ ဒီကစားသမားေတြနဲ႕ ပတ္သတ္ျပီး က်ေနာ္ သိပ္ စိတ္ပူ မေနပါဘူး။ ကစားသမားခ်င္း ခ်ိတ္ဆက္မႈေတြ အသားက်လာဖို႔က အခ်ိန္တခ်ိဳ႕ ယူရပါတယ္။

တီမိုနဲ႕ ကိုင္ကို ဒီကလပ္အသင္းဆီ ေခၚလာတာက အသင္းမွာ ရွိျပီးသား အရည္အေသြးေတြကို ထပ္ေပါင္းခ်င္လို႔ပါ။ ဟာကင္ ဇီယာက္ကလည္း ပြဲထြက္မွာ ပါ၀င္ဖို႔ ၾကံ႕ခိုင္မႈ အျပည့္ နီးပါး ရွိျပီး ေကာင္းလာေနျပီ။ ဒီေတာ့ သူတို႔ အတြက္ စိုးရိမ္စရာ မရွိဘူး။ ယူနိုက္တက္နဲ႕ ပြဲမွာ သူတို႔ သိပ္ အစြမ္းမျပနုိင္ခဲ့ဘူး ဆိုေပမယ့္ ဒါက ပံုမွန္ပါ။ ေဘာလံုးမွာ ျဖစ္တတ္တဲ့ အေျခအေနပါပဲ။ ဒီ ကစားသမားေတြနဲ႕ ပတ္သတ္ျပီး က်ေနာ္ ေက်နပ္ ေပ်ာ္ရႊင္ပါတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

တိုက္စစ္သမားသစ္ေတြ အေနနဲ႕ တိုက္စစ္ဆင္ဖို႕တင္ မကဘဲ အသင္းလိုက္ ပါ၀င္ ကစားဖို႔နဲ႕ လိုအပ္သလို ခံစစ္မွာ ကူညီမႈေတြပါ ျပဳလုပ္ဖို႕ လိုေၾကာင္းကိုလည္း လမ္းပတ္က ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။