ခရာစ်နိုဒါ နဲ့ ချယ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့ ဂိုးမရှိ သရေကျထားတဲ့ ချယ်ဆီးအသင်းဟာ ကြားရက် ချန်ပီယံလိဂ် အုပ်စုပွဲမှာတော့ ရုရှားကလပ် ခရာစ်နိုဒါနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ အောက်တိုဘာ ၂၉ ရက် ကြာသပတေးနေ့ နံနက်အစော ၀၀း၂၅ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။

ဂိုးသမားသစ် မန်ဒီ လက်စွမ်းပြမှုတွေကြောင့် ပေးဂိုးတွေ ရပ်တန့်သွားပြီ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ တိုက်စစ် အစွမ်းပြဖို့သာ ဆက်လက် ရင်ခုန်ရမှာ ဖြစ်ပြီး ဒီပွဲမှာတော့ ဂိုးတွေ မြင်ရဖို့ ရှိနေပါတယ်။ ခရာစ်နိုဒါ နဲ့ ချယ်ဆီးအသင်းတို့ရဲ့ ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ်ထားပါတယ်။

အိုဝင်က – ” ချယ်ဆီးအသင်းက ဒီရာသီ သူတို့ ချန်ပီယံလိဂ် ပွဲကို မနှစ်က ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာနဲ့ ဂိုးမရှိ သရေကျပြီး စတင်ထားပါတယ်။ ဒီတစ်ပတ် ပွဲကနေတော့ အပြာရောင် တပ်သားတွေဟာ သုံးမှတ် အပြည့်ယူဖို့ ပစ်မှတ်ထားကြပါလိမ့်မယ်။ အခုဆို ခရစ္စတီယန် ပူလီဆစ်ကလည်း ကြံ့ခိုင်မှု ပြည့်နေပါပြီ။ ချယ်ဆီးအသင်းဟာ ဒီပွဲကနေ အမှတ်ပြည့် ယူပြီး အိမ်ပြန်ဖို့ လုံလောက်တာထက် ပိုတဲ့ အင်အား ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ ပေးဂိုး မရှိ ချယ်ဆီးနိုင်မှာ ဖြစ်ပြီး ခရာစ်နိုဒါ 0-2 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွာ ယူနိုက္တက္နဲ႕ ဂိုးမရွိ သေရက်ထားတဲ့ ခ်ယ္ဆီးအသင္းဟာ ၾကားရက္ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာေတာ့ ရုရွားကလပ္ ခရာစ္နိုဒါနဲ႕ ေတြ႔ဆံုေနျပီး အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရဖို႔ ရွိေနပါတယ္။ ဒီနွစ္သင္း ကစားမယ့္ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာ ၂၉ ရက္ ၾကာသပေတးေန႔ နံနက္အေစာ ၀၀း၂၅ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။

ဂိုးသမားသစ္ မန္ဒီ လက္စြမ္းျပမႈေတြေၾကာင့္ ေပးဂိုးေတြ ရပ္တန္႔သြားျပီ ျဖစ္တဲ့ ခ်ယ္ဆီးအသင္းဟာ တိုက္စစ္ အစြမ္းျပဖို႔သာ ဆက္လက္ ရင္ခုန္ရမွာ ျဖစ္ျပီး ဒီပြဲမွာေတာ့ ဂိုးေတြ ျမင္ရဖို႔ ရွိေနပါတယ္။ ခရာစ္နိုဒါ နဲ႕ ခ်ယ္ဆီးအသင္းတို႔ရဲ႕ ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ထားပါတယ္။

အို၀င္က – ” ခ်ယ္ဆီးအသင္းက ဒီရာသီ သူတို႔ ခ်န္ပီယံလိဂ္ ပြဲကို မနွစ္က ယူရိုပါလိဂ္ ခ်န္ပီယံ ဆီဗီလာနဲ႕ ဂိုးမရွိ သေရက်ျပီး စတင္ထားပါတယ္။ ဒီတစ္ပတ္ ပြဲကေနေတာ့ အျပာေရာင္ တပ္သားေတြဟာ သံုးမွတ္ အျပည့္ယူဖို႔ ပစ္မွတ္ထားၾကပါလိမ့္မယ္။ အခုဆို ခရစၥတီယန္ ပူလီဆစ္ကလည္း ၾကံ႕ခိုင္မႈ ျပည့္ေနပါျပီ။ ခ်ယ္ဆီးအသင္းဟာ ဒီပြဲကေန အမွတ္ျပည့္ ယူျပီး အိမ္ျပန္ဖို႔ လံုေလာက္တာထက္ ပိုတဲ့ အင္အား ရွိတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ေပးဂိုး မရွိ ခ်ယ္ဆီးနိုင္မွာ ျဖစ္ျပီး ခရာစ္နိုဒါ 0-2 ခ်ယ္ဆီး ျဖစ္ပါတယ္။