ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ပေမယ့် သရေကျသွားခဲ့ပြီး နိုင်ပွဲ မရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ် ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။
ယခင်အပတ် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ပီအက်စ်ဂျီကို အနိုင်ယူထားတဲ့ ယူနိုက်တက်က ဒီတစ်ပတ် ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ပွဲချိန်ကတော့ အောက်တိုဘာ ၂၉ ရက် ကြာသပတေးနေ့ နံနက် အစော ၂း၃၀ နာရီမှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ လိုက်ပ်ဇစ်တို့ ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက် ထွက်ပေါ်နေပြီ ဖြစ်ပြီး ယူနိုက်တက် ပရိသတ်တွေတော့ အကြိုက်တေ့ွမှာ မဟုတ်ပါဘူး။
အိုဝင်က – ” ပြီးခဲ့တဲ့ အပတ်က ပဲရစ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ တကယ့် ရလဒ်ကောင်း ရယူခဲ့တာပါ။ အိုလေ ဂန်နာ ဆိုးရှားက သူ့ရဲ့ ပွဲ အစီအမံကို ပြီးပြည့်စုံအောင် ပြင်ဆင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လိုက်ပ်ဇစ် အသင်းမှာလည်း ထပ်ပြီး လုပ်ပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီ ဆီမီးဖိုင်နယ်ထိ ရောက်ခဲ့တဲ့ အသင်းက ခပ်လျော့လျော့တော့ မဟုတ်ပါဘူး။ လိုက်ပ်ဇစ်ကလည်း အိုးထရက်ဖို့ဒ်ကနေ အမှတ်ယူသွားဖို့ လုံလောက် တောင့်တင်းမှု ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကတော့ ဒီပွဲ သရေပဲ လို့ ယူချင်တယ်။ ” လို့ သုံးသပ်ထားပါတယ်။
မိုက်ကယ် အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် 1-1 လိုက်ပ်ဇစ် ဖြစ်ပါတယ်။
Zawgyi – ျပီးခဲ့တဲ့ ခ်ယ္ဆီးနဲ႕ ပရီးမီးယားလိဂ္ပြဲမွာ အိမ္ကြင္း အိုးထရက္ဖို႕ဒ္မွာ ကစားခဲ့ေပမယ့္ သေရက်သြားခဲ့ျပီး နုိင္ပြဲ မရခဲ့တဲ့ ယူနိုက္တက္ဟာ ဒီတစ္ပတ္ ခ်န္ပီယံလိဂ္မွာ လိုက္ပ္ဇစ္ အသင္းနဲ႕ ရင္ဆိုင္ ကစားရဖို႔ ရွိေနပါတယ္။
ယခင္အပတ္ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပဲြမွာ ပီအက္စ္ဂ်ီကို အနိုင္ယူထားတဲ့ ယူနိုက္တက္က ဒီတစ္ပတ္ ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္ အသင္းကို အိမ္ကြင္း အိုးထရက္ဖို႕ဒ္မွာပဲ ဧည့္ခံ ကစားရမွာ ျဖစ္ျပီး ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာ ၂၉ ရက္ ၾကာသပေတးေန႔ နံနက္ အေစာ ၂း၃၀ နာရီမွာ ျဖစ္ပါတယ္။
ယူနိုက္တက္နဲ႕ လိုက္ပ္ဇစ္တို႔ ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္ ထြက္ေပၚေနျပီ ျဖစ္ျပီး ယူနိုက္တက္ ပရိသတ္ေတြေတာ့ အၾကိဳက္ေတ႔ြမွာ မဟုတ္ပါဘူး။
အို၀င္က – ” ျပီးခဲ့တဲ့ အပတ္က ပဲရစ္မွာ မန္ခ်က္စတာ ယူနိုက္တက္ဟာ တကယ့္ ရလဒ္ေကာင္း ရယူခဲ့တာပါ။ အိုေလ ဂန္နာ ဆိုးရွားက သူ႔ရဲ႕ ပြဲ အစီအမံကို ျပီးျပည့္စံုေအာင္ ျပင္ဆင္ အေကာင္အထည္ ေဖာ္နုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ လိုက္ပ္ဇစ္ အသင္းမွာလည္း ထပ္ျပီး လုပ္ျပနို္င္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ရာသီ ဆီမီးဖုိင္နယ္ထိ ေရာက္ခဲ့တဲ့ အသင္းက ခပ္ေလ်ာ့ေလ်ာ့ေတာ့ မဟုတ္ပါဘူး။ လိုက္ပ္ဇစ္ကလည္း အိုးထရက္ဖို႕ဒ္ကေန အမွတ္ယူသြားဖို႔ လံုေလာက္ ေတာင့္တင္းမႈ ရွိေနတယ္လို႔ က်ေနာ္ထင္ပါတယ္။ က်ေနာ္ကေတာ့ ဒီပြဲ သေရပဲ လို႔ ယူခ်င္တယ္။ ” လို႔ သံုးသပ္ထားပါတယ္။
မိုက္ကယ္ အို၀င္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ 1-1 လိုက္ပ္ဇစ္ ျဖစ္ပါတယ္။