လီဗာပူးကြယ်ပွင့်ကို ရအောင် မခေါ်နိုင်ခဲ့တာ ယူနိုက်တက်တို့ အမှားကြီး မှားတယ်လို့ ရိုက် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက်ဟာ လီဗာပူးထံ ရောက်သွားတဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးကို ရအောင် မခေါ်နိုင်ခဲ့တာက အမှားကြီး တစ်ရပ် ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း အီယန်ရိုက်က ထောက်ပြ သုံးသပ်ခဲ့ပါတယ်။

မာနေးကို ဆောက်သမ်တန်မှာ ရှိစဉ် ၂၀၁၆ က ခေါ်ယူဖို့ ယူနိုက်တက်ဟ အလေးအနက် ချိတ်ဆက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ ဆီနီဂေါသားက လီဗာပူးအသင်းထံ ရောက်ရှိသွားခဲ့ကာ အန်းဖီးလ် မှာ ရောက်တည်းက ရာသီတိုင်း တည်ငြိမ်စွာ ခြေစွမ်းပြနေပါတယ်။ မာနေးဟာ လီဗာပူးနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေ ရယူပြီးတဲ့ အပြင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ရယူထားကာ ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်လာနေပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်းကြီး ရိုက်က မာနေး ပရိသတ် တစ်ဦး ဖြစ်ပြီး ဆီနီဂေါသားဟာ ကမ္ဘာ့ အကောင်းဆုံး တစ်ဦး အဖြစ် အေးအေးဆေးဆေး ရောက်လာနေပြီလို့ ထောက်ခံလိုက်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ လေးနှစ်က မာနေးကို ယူနိုက်တက်တို့ ရအောင် မခေါ်လိုက်တာ အမှားကြီး မှားပြီလို့ ပြောဆိုခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက်က မာနေးကို အသည်းအသန် ကြိုးစားခဲ့ဖူးတာ မှတ်မိကြမယ် ထင်တယ်။ သူတို့ တော်တော် လှုပ်ရှားခဲ့ပေမယ့် သူက နိုး လို့ ငြင်းပယ်ခဲ့တယ်။ ယူနိုက်တက်က သူ့အတွက် မဟုတ်ဘူးလို့ မာနေးက ထင်ခဲ့တယ်။ ဒါပေမယ့် အခုဆို မာနေးကို ရအောင် မခေါ်လိုက်တာ ယူနိုက်တက် အမှားကြီး မှားပြီလို့ ခံစားမိနေကြပြီ မဟုတ်လား။ ဒီလို ဖြစ်လာဖို့လောက်ထိ ထင်ခဲ့ကြမှာ မဟုတ်ဘူး။

မာနေးကို ဆွဲဆောင် စည်းရုံးဖို့ မန်ချက်စတာ ယူနိုက်တက်က အသင်း တစ်သင်း အနေနဲ့ စိတ်ဝင်စားစရာ ဖလော်တွေကို ချ မပြနိုင်ခဲ့ဘူး။ အခုဆို သူက ကမ္ဘာ့ အကောင်းဆုံး စာရင်းထဲ အေးအေးဆေးဆေး ရောက်လာနေပြီ။ ” လို့ ရိုက်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ လီဗာပူးထံ ေရာက္သြားတဲ့ တိုက္စစ္မွဴး ဆာဒီယို မာေနးကို ရေအာင္ မေခၚနိုင္ခဲ့တာက အမွားၾကီး တစ္ရပ္ က်ဴးလြန္ခဲ့တာ ျဖစ္ေၾကာင္း အီယန္ရိုက္က ေထာက္ျပ သံုးသပ္ခဲ့ပါတယ္။

မာေနးကို ေဆာက္သမ္တန္မွာ ရွိစဥ္ ၂၀၁၆ က ေခၚယူဖို႔ ယူနိုက္တက္ဟ အေလးအနက္ ခ်ိတ္ဆက္ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဆီနီေဂါသားက လီဗာပူးအသင္းထံ ေရာက္ရွိသြားခဲ့ကာ အန္းဖီးလ္ မွာ ေရာက္တည္းက ရာသီတိုင္း တည္ျငိမ္စြာ ေျခစြမ္းျပေနပါတယ္။ မာေနးဟာ လီဗာပူးနဲ႕ အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြ ရယူျပီးတဲ့ အျပင္ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကိုလည္း ရယူထားကာ ဥေရာပရဲ႕ ထိပ္တန္း တိုက္စစ္မွဴး တစ္ဦး ျဖစ္လာေနပါတယ္။

အာဆင္နယ္ တိုက္စစ္မွဴးေဟာင္းၾကီး ရိုက္က မာေနး ပရိသတ္ တစ္ဦး ျဖစ္ျပီး ဆီနီေဂါသားဟာ ကမၻာ့ အေကာင္းဆံုး တစ္ဦး အျဖစ္ ေအးေအးေဆးေဆး ေရာက္လာေနျပီလို႔ ေထာက္ခံလိုက္ပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ ေလးနွစ္က မာေနးကို ယူနိုက္တက္တို႔ ရေအာင္ မေခၚလိုက္တာ အမွားၾကီး မွားျပီလို႔ ေျပာဆိုခဲ့ပါတယ္။

” မန္ခ်က္စတာ ယူနိုက္တက္က မာေနးကို အသည္းအသန္ ၾကိဳးစားခဲ့ဖူးတာ မွတ္မိၾကမယ္ ထင္တယ္။ သူတို႔ ေတာ္ေတာ္ လႈပ္ရွားခဲ့ေပမယ့္ သူက နုိး လို႔ ျငင္းပယ္ခဲ့တယ္။ ယူနိုက္တက္က သူ႔အတြက္ မဟုတ္ဘူးလို႔ မာေနးက ထင္ခဲ့တယ္။ ဒါေပမယ့္ အခုဆို မာေနးကို ရေအာင္ မေခၚလိုက္တာ ယူနုိက္တက္ အမွားၾကီး မွားျပီလို႔ ခံစားမိေနၾကျပီ မဟုတ္လား။ ဒီလို ျဖစ္လာဖို႔ေလာက္ထိ ထင္ခဲ့ၾကမွာ မဟုတ္ဘူး။

မာေနးကို ဆြဲေဆာင္ စည္းရံုးဖို႔ မန္ခ်က္စတာ ယူနိုက္တက္က အသင္း တစ္သင္း အေနနဲ႕ စိတ္၀င္စားစရာ ဖေလာ္ေတြကို ခ် မျပနုိင္ခဲ့ဘူး။ အခုဆို သူက ကမၻာ့ အေကာင္းဆံုး စာရင္းထဲ ေအးေအးေဆးေဆး ေရာက္လာေနျပီ။ ” လို႔ ရိုက္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။