ပဲရစ်မှာ အနိုင်ကန်ထားတဲ့ အသင်းက ဘာလို့ ချန်ပီယံလိဂ် ဖိုင်နယ် မရောက်နိုင်ရမလဲ လို့ ဆိုးရှား ပြော

မန်ချက်စတာ ယူနိုက်တက်ဟာ အုပ်စု အဖွင့်ပွဲ ကစားခဲ့ရတဲ့ ပဲရစ်မှာတောင် နိုင်ပွဲကြီး ယူထားနိုင်တာကြောင့် နည်းပြ ဆိုးရှားကတော့ သူ့ အသင်းအပေါ် ယုံကြည်မှု ရှိနေပြီး ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ အရောက်သွားဖို့ ပစ်မှတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

အုပ်စုကြပ် H မှာ ကျရောက်နေပေမယ့် ယူနိုက်တက်ဟာ ဘာဖြစ်လို့ ဗိုလ်လုပွဲ မရောက်နိုင်ရမလဲ လို့ လိုက်ပ်ဇစ်နဲ့ ပွဲကြိုမှာ ဆိုးရှားက ပြောဆိုခဲ့ပြီး တကယ်တော့ အုပ်စု H ဟာ တကယ့် အုပ်စုကြပ် မရဏ အုပ်စု အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

အုပ်စု အဖွင့်ပွဲမှာတော့ ယူနိုက်တက်က အင်အားကြီးကလပ် ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ယူထားခဲ့တာ ဖြစ်ပြီး ဒုတိယပွဲကတော့ အိုးထရက်ဖို့ဒ်မှာ လိုက်ပ်ဇစ်ကို ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ဆိုးရှားကတော့ ယူနိုက်တက်ဟာ အစွမ်းကုန် ကြိုးစားသွားရင် နောက်နှစ် မေ မှာ ကစားမယ့် ၂၀၂၁ ဗိုလ်လုပွဲထိ ရောက်နိုင်လိမ့်လို့ ယုံကြည်ချက် အပြည့် ရှိနေပါတယ်။

” ကျနော်တို့ ဒီပြိုင်ပွဲက ပွဲစဉ်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းသွားမှာပါ။ အသင်းက ကွာလတီကောင်းနဲ့ လူစာရင်း ရှိထားတယ်။ ဘယ်ပွဲ မဆို အနိုင် ကစားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ခံစား မိတယ်။ ဥရောပ အကောင်းဆုံး ဆိုတဲ့ အသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးပြီလေ။ ဒီတော့ ဘာဖြစ်လို့ ဖိုင်နယ်ထိ မသွားနိုင်ရမှာလဲ။

လောလောဆယ်ကတော့ အိမ်ကွင်း အဝေးကွင်း ဆိုတာ သိပ်ကြီးခြားနားမှုလည်း မရှိတော့ဘူး ပရိသတ်တွေလည်း မရှိတော့လေ။ လိုက်ပ်ဇစ် က အသင်းကောင်း ဆိုတာ သိပါတယ်။ ကျနော်တို့ကလည်း အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကန်ရမှာဆိုတော့ သက်တောင့်သက်သာ ရှိနေတယ်။ အနည်းဆုံး မကန်ခင် ခရီးမသွားရဘူးလေ။ တကယ်လို့သာ ကျနော်တို့ရဲ့ အံ့ဖွယ် ပရိသတ်တွေ ကွင်းထဲ ရှိနေနိုင်မယ် ဆိုရင် ဒီပွဲက လုံး၀ ခမ်းနားသွားမှာပါ။ ” လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိ ရောက်ခဲတဲ့ လိုက်ပ်ဇစ် အသင်းက အထင်ကြီးလောက်ဖွယ် အသင်းကောင်း ဖြစ်ကြောင်းလည်း ဆိုးရှားက ပွဲကြိုမှာ ချီးကျူး ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ အုပ္စု အဖြင့္ပြဲ ကစားခဲ့ရတဲ့ ပဲရစ္မွာေတာင္ နုိင္ပြဲၾကီး ယူထားနိုင္တာေၾကာင့္ နည္းျပ ဆိုးရွားကေတာ့ သူ႔ အသင္းအေပၚ ယံုၾကည္မႈ ရွိေနျပီး ဒီရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ အေရာက္သြားဖို႔ ပစ္မွတ္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အုပ္စုၾကပ္ H မွာ က်ေရာက္ေနေပမယ့္ ယူနိုက္တက္ဟာ ဘာျဖစ္လို႔ ဗိုလ္လုပြဲ မေရာက္နုိင္ရမလဲ လို႔ လိုက္ပ္ဇစ္နဲ႕ ပြဲၾကိဳမွာ ဆိုးရွားက ေျပာဆိုခဲ့ျပီး တကယ္ေတာ့ အုပ္စု H ဟာ တကယ့္ အုပ္စုၾကပ္ မရဏ အုပ္စု အျဖစ္ပါ သတ္မွတ္ခံထားရပါတယ္။

အုပ္စု အဖြင့္ပြဲမွာေတာ့ ယူနုိက္တက္က အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီကို အေ၀းကြင္းမွာ ၂-၁ နဲ႕ အနိုင္ယူထားခဲ့တာ ျဖစ္ျပီး ဒုတိယပြဲကေတာ့ အိုးထရက္ဖို႕ဒ္မွာ လိုက္ပ္ဇစ္ကို ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ဆိုးရွားကေတာ့ ယူနိုက္တက္ဟာ အစြမ္းကုန္ ၾကိဳးစားသြားရင္ ေနာက္နွစ္ ေမ မွာ ကစားမယ့္ ၂၀၂၁ ဗိုလ္လုပြဲထိ ေရာက္နုိင္လိမ့္လို႔ ယံုၾကည္ခ်က္ အျပည့္ ရွိေနပါတယ္။

” က်ေနာ္တို႕ ဒီျပိဳင္ပြဲက ပြဲစဥ္တိုင္းကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းသြားမွာပါ။ အသင္းက ကြာလတီေကာင္းနဲ႕ လူစာရင္း ရွိထားတယ္။ ဘယ္ပြဲ မဆို အနုိင္ ကစားနိုင္တယ္ ဆိုတဲ့ ယံုၾကည္ခ်က္ကိုလည္း ခံစား မိတယ္။ ဥေရာပ အေကာင္းဆံုး ဆိုတဲ့ အသင္းကို အေ၀းကြင္းမွာ အနုိင္ယူခဲ့ျပီးျပီေလ။ ဒီေတာ့ ဘာျဖစ္လို႔ ဖိုင္နယ္ထိ မသြားနိုင္ရမွာလဲ။

ေလာေလာဆယ္ကေတာ့ အိမ္ကြင္း အေ၀းကြင္း ဆိုတာ သိပ္ၾကီးျခားနားမႈလည္း မရွိေတာ့ဘူး ပရိသတ္ေတြလည္း မရွိေတာ့ေလ။ လိုက္ပ္ဇစ္ က အသင္းေကာင္း ဆိုတာ သိပါတယ္။ က်ေနာ္တို႔ကလည္း အိမ္ကြင္း အုိးထရက္ဖို႔ဒ္မွာ ကန္ရမွာဆိုေတာ့ သက္ေတာင့္သက္သာ ရွိေနတယ္။ အနည္းဆံုး မကန္ခင္ ခရီးမသြားရဘူးေလ။ တကယ္လို႔သာ က်ေနာ္တို႔ရဲ႕ အံ့ဖြယ္ ပရိသတ္ေတြ ကြင္းထဲ ရွိေနနုိင္မယ္ ဆိုရင္ ဒီပြဲက လံုး၀ ခမ္းနားသြားမွာပါ။ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ အထိ ေရာက္ခဲတဲ့ လိုက္ပ္ဇစ္ အသင္းက အထင္ၾကီးေလာက္ဖြယ္ အသင္းေကာင္း ျဖစ္ေၾကာင္းလည္း ဆိုးရွားက ပြဲၾကိဳမွာ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။