ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ ခရက်စ်နိုဒါကို ၄-၀ နဲ့ နိုင်တဲ့ပွဲမှာ ဟာကင် ဇီယက်က သူ့ရဲ့ ထူးချွန်တဲ့ အရည်အသွေးတွေ ကို မေ့မထားဖို့ တပ်လှန့် သတိပေးသလို ဖြစ်ခဲ့ပြီလို့ ပွဲ အပြီးမှာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
မိုရိုကိုသား တောင်ပံတိုက်စစ်သမား ဇီယက်ဟာ ရုရှားမှာ ကစားခဲ့တဲ့ ပွဲမှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပြီး ချယ်ဆီးကလည်း ဂိုးပြတ်နိုင်ပွဲ ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေက အေဂျက်ကနေ ပေါင် သန်း ၄၀ သုံး ခေါ်ခဲ့တဲ့ ဇီယက်ဟာ မတ်လ နောက်ပိုင်း ဒူးဒဏ်ရာကြောင့် ပွဲတွေနဲ့ ဝေးနေရတာ ဖြစ်ကာ အခုမှာ ပထမဆုံးပွဲထွက် ပြန်လည် ပါဝင် ကစားတာ ဖြစ်ပါတယ်။
လမ်းပတ်ကတော့ အသက် ၂၇ နှစ်အရွယ် တောင်ပံတိုက်စစ်သမားဟာ ထိပ်တန်းအဆင့် ခြေစွမ်းကို ဆက်လက် ထိန်းထားနိုင်ဖို့ မျှော်လင့်နေပြီး ဇီယက်ရဲ့ သတိပေးမှုကိုလည်း မြင်ခဲ့ရပြီလို့ ဆိုခဲ့ပါတယ်။
” ဟာကင်ဇီယက်က ကြံ့ခိုင်မှု ပြည့်လာဖို့ လုံး၀ ကြိုးစား အလုပ်လုပ်ခဲ့တာပါ။ သူ့ အရည်အသွေးတွေကို အသင်း အင်အားထဲ ထပ်ပေါင်းဖို့ ကျနော့်မှာ ရင်ခုန်နေရပါပြီ။ သူက တကယ်ကို အရည်အချင်းကောင်းတွေ ရှိတဲ့ ကစားသမား ဖြစ်ပြီး ကွင်းထဲမှာလည်း သွေးအေးအေးနဲ့ သူ့အလုပ်သူ လုပ်နိုင်သူပါ။ ထိုက်တန်တဲ့ သွင်းဂိုးလည်း ဒီနေ့ မြင်ခဲ့ရတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်က တကယ် တကယ်ကို ကောင်းပါပေတယ်။
မတ်လတည်းက သူ ပွဲ မကစားရသေးဘူး ဆိုတာ တွေးမိရင် ဘယ်လောက် ကောင်းလဲ ပိုမြင်သာမှာပါ။ အဲဒီကာလတွေကတော့ ဒဏ်ရာကြောင့် မကစားနိုင်တာက သူ့အတွက်ရော ကျနော်တို့ အတွက်ပါ စိတ်ပျက်စရာ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် အခု ထရိန်နင်မှာ မြင်ရတာတွေကြောင့် ဘယ်လောက် အရည်အသွေးကောင်းတဲ့ ကစားသမားကို ကျနော် ရထားလဲ သိလာရပါပြီ။ သူက ဘောလုံး လက်ခံတာ ကောင်းမွန်တဲ့ အပြင် သွင်းဂိုးတွေရောက် ထောက်ပံ့မှုတွေပါ လုပ်နိုင်သူပါ။
ဒီပွဲမှာလည်း သူ့ တောက်ပမှုတွေ မြင်ခဲ့ရတယ်။ သူက ပိုတောင် ကောင်းလာဦးမှာပါ။ ကျနေ်ာတို့က သူ့ကို တာဝန်တွေ ပေးအပ်ဖို့ ခေါ်ခဲ့တာ ဖြစ်တယ်။ ဇန်နဝါရီတည်းက ကြို သဘောတူ လက်မှတ်ထိုး ခေါ်ခဲ့ရတဲ့သူ ဖြစ်ပြီး ဒီရာသီ အစကို ဒဏ်ရာကြောင့်သာ လွဲခဲ့ရတာပါ။ အခု သူ ဘာကြောင့် ဒီကို ရောက်လာရသလဲ လုပ်ပြနေပြီ။ ” လို့ လမ်းပတ်က ဝမ်းသာအားရ ချီးကျူးသုံးသပ်ခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ခရက္စ္နိုဒါကို ၄-၀ နဲ႕ နုိင္တဲ့ပြဲမွာ ဟာကင္ ဇီယက္က သူ႔ရဲ႕ ထူးခၽြန္တဲ့ အရည္အေသြးေတြ ကို ေမ့မထားဖို႔ တပ္လွန္႔ သတိေပးသလို ျဖစ္ခဲ့ျပီလို႔ ပြဲ အျပီးမွာ ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။
မိုရိုကိုသား ေတာင္ပံတိုက္စစ္သမား ဇီယက္ဟာ ရုရွားမွာ ကစားခဲ့တဲ့ ပြဲမွာ ပြဲခ်ိန္ျပည့္ ပါ၀င္ ကစားခဲ့ျပီး ခ်ယ္ဆီးကလည္း ဂိုးျပတ္နုိင္ပြဲ ရခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ေႏြက ေအဂ်က္ကေန ေပါင္ သန္း ၄၀ သံုး ေခၚခဲ့တဲ့ ဇီယက္ဟာ မတ္လ ေနာက္ပိုင္း ဒူးဒဏ္ရာေၾကာင့္ ပြဲေတြနဲ႕ ေ၀းေနရတာ ျဖစ္ကာ အခုမွာ ပထမဆံုးပြဲထြက္ ျပန္လည္ ပါ၀င္ ကစားတာ ျဖစ္ပါတယ္။
လမ္းပတ္ကေတာ့ အသက္ ၂၇ နွစ္အရြယ္ ေတာင္ပံတိုက္စစ္သမားဟာ ထိပ္တန္းအဆင့္ ေျခစြမ္းကို ဆက္လက္ ထိန္းထားနုိင္ဖို႔ ေမွ်ာ္လင့္ေနျပီး ဇီယက္ရဲ႕ သတိေပးမႈကိုလည္း ျမင္ခဲ့ရျပီလို႔ ဆိုခဲ့ပါတယ္။
” ဟာကင္ဇီယက္က ၾကံ႕ခိုင္မႈ ျပည့္လာဖို႔ လံုး၀ ၾကိဳးစား အလုပ္လုပ္ခဲ့တာပါ။ သူ႔ အရည္အေသြးေတြကို အသင္း အင္အားထဲ ထပ္ေပါင္းဖို႔ က်ေနာ့္မွာ ရင္ခုန္ေနရပါျပီ။ သူက တကယ္ကို အရည္အခ်င္းေကာင္းေတြ ရွိတဲ့ ကစားသမား ျဖစ္ျပီး ကြင္းထဲမွာလည္း ေသြးေအးေအးနဲ႕ သူ႔အလုပ္သူ လုပ္နိုင္သူပါ။ ထိုက္တန္တဲ့ သြင္းဂိုးလည္း ဒီေန႔ ျမင္ခဲ့ရတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္က တကယ္ တကယ္ကို ေကာင္းပါေပတယ္။
မတ္လတည္းက သူ ပြဲ မကစားရေသးဘူး ဆိုတာ ေတြးမိရင္ ဘယ္ေလာက္ ေကာင္းလဲ ပိုျမင္သာမွာပါ။ အဲဒီကာလေတြကေတာ့ ဒဏ္ရာေၾကာင့္ မကစားနိုင္တာက သူ႔အတြက္ေရာ က်ေနာ္တို႔ အတြက္ပါ စိတ္ပ်က္စရာ ျဖစ္ခဲ့ရတယ္။ ဒါေပမယ့္ အခု ထရိန္နင္မွာ ျမင္ရတာေတြေၾကာင့္ ဘယ္ေလာက္ အရည္အေသြးေကာင္းတဲ့ ကစားသမားကို က်ေနာ္ ရထားလဲ သိလာရပါျပီ။ သူက ေဘာလံုး လက္ခံတာ ေကာင္းမြန္တဲ့ အျပင္ သြင္းဂိုးေတြေရာက္ ေထာက္ပံ့မႈေတြပါ လုပ္နုိင္သူပါ။
ဒီပြဲမွာလည္း သူ႔ ေတာက္ပမႈေတြ ျမင္ခဲ့ရတယ္။ သူက ပိုေတာင္ ေကာင္းလာဦးမွာပါ။ က်ေန္ာတို႔က သူ႔ကို တာ၀န္ေတြ ေပးအပ္ဖို႔ ေခၚခဲ့တာ ျဖစ္တယ္။ ဇန္န၀ါရီတည္းက ၾကိဳ သေဘာတူ လက္မွတ္ထိုး ေခၚခဲ့ရတဲ့သူ ျဖစ္ျပီး ဒီရာသီ အစကို ဒဏ္ရာေၾကာင့္သာ လြဲခဲ့ရတာပါ။ အခု သူ ဘာေၾကာင့္ ဒီကို ေရာက္လာရသလဲ လုပ္ျပေနျပီ။ ” လို႔ လမ္းပတ္က ၀မ္းသာအားရ ခ်ီးက်ဴးသံုးသပ္ခဲ့ပါတယ္။