လိုက်ပ်ဇစ်နဲ့ ပွဲက ယူနိုက်တက် လိုချင်တဲ့ ဥရောပအောင်ပွဲတွေရဲ့ အစ လို့ မက်ဂွဲရား ကြွေးကြော်

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်မှာ ဒီရာသီ ရှုံးပွဲ မရှိသေးတဲ့ ဂျာမန်ကလပ် လိုက်ပ်ဇစ်ကို ၅-၀ နဲ့ နိုင်ပွဲ ကြီး ရခဲ့ပြီး ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရား အတွက်တော့ ဒီပွဲဟာ ပြည်တွင်းရော ဥရောပမှာပါ တကယ့် အမှတ်အသားကောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ အခွင့်အရေး အနည်းငယ်သာ ဖန်တီးနိုင်ခဲ့ပြီး ဂိုးရနိုင်ခြေ (Expected Goals) က 0.44 သာ ရှိခဲ့ကာ ယူနိုက်တက်ကတော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ခိုင်မာတဲ့နေရာ တစ်နေရာ ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

ဒီပွဲက ဥရောပ အောင်ပွဲတွေရဲ့ အစလို့ အင်္ဂလန်သား ခံစစ်မှူးက ခံယူထားပြီး ရှေ့ဆက်ပြီး အလားတူ ခြေစွမ်းကောင်းတွေနဲ့ ရှေ့ဆက်သွားဖို့ ပစ်မှတ်ထားနေပါတယ်။

“ဒါက ကျွန်တော်တို့ အောင်မြင်ချင်တဲ့ ဥရောပရာသီရဲ့အစပါ၊ ကျွန်တော်တို့ အုပ်စုအဆင့်မှာ မရပ်တန့်ချင်ပါဘူး၊ ဒါကိုဖြတ်ကျော်ပြီး ရှုံးထွက်အဆင့်မှာ အောင်မြင်ချင်ပါတယ်၊ ဒါဟာကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေပါ၊ မနှစ်က ကျွန်တော်တို့အတွက် ရလဒ်ကောင်းတွေရစေခဲ့တဲ့ ထိပ်တန်း စွမ်းဆောင်ရည်တွေကို ခင်ဗျားတို့ မြင်ခဲ့ရတယ်မလား၊ အဲ့လိုအဆင့်မျိုး ပြန်ရောက်ဖို့နဲ့ အဲ့ဒါထက် ပိုမြင့်မားတဲ့ နေရာကိုရောက်ဖို့ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာသိပါတယ်။

ဒါကြောင့် ပိုပြီးတည်ငြိမ်မှုရှိဖို့လိုတယ်၊ နိုင်ငံတကာသီတင်းပတ်ပြီးကတည်းက ဒါကို မြင်ခဲ့ရပြီးပါပြီ၊ ကျွန်တော်တို့ စိတ်ဓာတ်ကောင်းတွေနဲ့ပြန်လာခဲ့တယ်၊ အရှုံးကိုတုံ့ပြန်ဖို့ လိုအပ်ခဲ့တယ်၊ ဆိုးဝါးတဲ့ရာသီအစကို ပြောင်းလဲပစ်နိုင်ခဲ့တယ်၊ ချယ်ဆီးကိုမနိုင်ခဲ့လို့ စိတ်ပျက်ရပေမယ့် ဒီတစ်ပတ် အာဆင်နယ်နဲ့ပွဲကြီးပွဲကောင်းကစားရဦးမယ်၊ ဒီညက ခြေစွမ်းတွေလိုမျိုး အဲ့ပွဲမှာလဲ ထပ်မံပြသဖို့လိုပါတယ်” လို့ မက်ဂွဲရား က ဆိုပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာမနေ့ကပွဲမှာ အပြောင်းအလဲများစွာ လုပ်ခဲ့ပြီး ပေါလ်ပေါ့ဘာ၊ ဂရင်းဝုဒ်၊ ဗန်ဒီဘိခ်တို့ကို ပွဲထွက်စေခဲ့ကာ ရက်ရှ်ဖို့နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို အရန်ခုံမှာ ထိုင်ခိုင်း ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ စိန်ပုံသဏ္ဍာန်ကွင်းလယ်နဲ့ တိုက်စစ်နှစ်ယောက်ထားပြီး ပထမဆုံးအကြိမ် ပွဲထွက်လာခဲ့သလို ဒီရာသီမှာ လူစာရင်းအလဲအလှယ်နဲ့ အပြောင်းအလဲတွေက လိုအပ်တယ်လို့ မက်ဂွဲရားက ထောက်ခံခဲ့ပါတယ်။

“၄ရက်တိုင်း ၁ပွဲကစားနေရတာက ထူးခြားတဲ့ ရာသီ ဖြစ်မှာပါ၊ ကစားသမားတွေကို အနားပေးဖို့လိုတယ်၊ နည်းပြအတွက် ရွေးချယ်စရာ လူအင်အားများစွာရှိတာ ကောင်းပါတယ်၊ သူက ဒီညမှာ လူစာရင်း၅နေရာ အပြောင်းအလဲ လုပ်ခဲ့တယ်၊ ကစားရတဲ့သူတွေရော၊ မကစားရတဲ့သူတွေရော၊ နေ့တိုင်း လေ့ကျင့်ရေးမှာ အလုပ်ကြိုးစားပြီး ကြံ့ခိုင်မှုကိုထိန်းသိမ်းပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါက အသင်းလိုက် အားထုတ်မှုပဲဖြစ်ပြီးတော့ ကျွန်တော်တို့အနေနဲ့ပွဲတွေအနိုင်လိုချင်၊ အောင်မြင်ချင်ရင် အသင်းမှာရှိတဲ့လူတိုင်းကိုလိုအပ်ပါတယ်၊ ဒါက တကယ်ကို အရေးကြီးတဲ့အရာပါ”လို့ မက်ဂွဲရား က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ခ်န္ပီယံလိဂ္ အုပ္စု ဒုတိယပြဲစဥ္မွာ ဒီရာသီ ရွံုးပြဲ မရွိေသးတဲ့ ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္ကို ၅-၀ နဲ႕ နုိင္ပြဲ ၾကီး ရခဲ့ျပီး ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရား အတြက္ေတာ့ ဒီပြဲဟာ ျပည္တြင္းေရာ ဥေရာပမွာပါ တကယ့္ အမွတ္အသားေကာင္း တစ္ခု ျဖစ္ခဲ့ပါတယ္။

လိုက္ပ္ဇစ္အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အခြင့္အေရး အနည္းငယ္သာ ဖန္တီးႏိုင္ခဲ့ၿပီး ဂိုးရႏိုင္ေျခ (Expected Goals) က 0.44 သာ ရွိခဲ့ကာ ယူႏိုက္တက္ကေတာ့ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ခိုင္မာတဲ့ေနရာ တစ္ေနရာ ရရွိခဲ့ၿပီပဲျဖစ္ပါတယ္။

ဒီပြဲက ဥေရာပ ေအာင္ပြဲေတြရဲ႕ အစလို႔ အဂၤလန္သား ခံစစ္မွဴးက ခံယူထားျပီး ေရွ႕ဆက္ျပီး အလားတူ ေျခစြမ္းေကာင္းေတြနဲ႕ ေရွ႕ဆက္သြားဖို႔ ပစ္မွတ္ထားေနပါတယ္။

“ဒါက ကြၽန္ေတာ္တို႔ ေအာင္ျမင္ခ်င္တဲ့ ဥေရာပရာသီရဲ႕အစပါ၊ ကြၽန္ေတာ္တို႔ အုပ္စုအဆင့္မွာ မရပ္တန႔္ခ်င္ပါဘူး၊ ဒါကိုျဖတ္ေက်ာ္ၿပီး ရႈံးထြက္အဆင့္မွာ ေအာင္ျမင္ခ်င္ပါတယ္၊ ဒါဟာကြၽန္ေတာ္တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြပါ၊ မႏွစ္က ကြၽန္ေတာ္တို႔အတြက္ ရလဒ္ေကာင္းေတြရေစခဲ့တဲ့ ထိပ္တန္း စြမ္းေဆာင္ရည္ေတြကို ခင္ဗ်ားတို႔ ျမင္ခဲ့ရတယ္မလား၊ အဲ့လိုအဆင့္မ်ိဳး ျပန္ေရာက္ဖို႔နဲ႔ အဲ့ဒါထက္ ပိုျမင့္မားတဲ့ ေနရာကိုေရာက္ဖို႔ ကြၽန္ေတာ္တို႔ လုပ္ႏိုင္တယ္ဆိုတာသိပါတယ္။

ဒါေၾကာင့္ ပိုၿပီးတည္ၿငိမ္မႈရွိဖို႔လိုတယ္၊ ႏိုင္ငံတကာသီတင္းပတ္ၿပီးကတည္းက ဒါကို ျမင္ခဲ့ရၿပီးပါၿပီ၊ ကြၽန္ေတာ္တို႔ စိတ္ဓာတ္ေကာင္းေတြနဲ႔ျပန္လာခဲ့တယ္၊ အရႈံးကိုတုံ႔ျပန္ဖို႔ လိုအပ္ခဲ့တယ္၊ ဆိုးဝါးတဲ့ရာသီအစကို ေျပာင္းလဲပစ္ႏိုင္ခဲ့တယ္၊ ခ်ယ္ဆီးကိုမႏိုင္ခဲ့လို႔ စိတ္ပ်က္ရေပမယ့္ ဒီတစ္ပတ္ အာဆင္နယ္နဲ႔ပြဲႀကီးပြဲေကာင္းကစားရဦးမယ္၊ ဒီညက ေျခစြမ္းေတြလိုမ်ိဳး အဲ့ပြဲမွာလဲ ထပ္မံျပသဖို႔လိုပါတယ္” လို႔ မက္ဂြဲရား က ဆိုပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာမေန႔ကပြဲမွာ အေျပာင္းအလဲမ်ားစြာ လုပ္ခဲ့ၿပီး ေပါလ္ေပါ့ဘာ၊ ဂရင္းဝုဒ္၊ ဗန္ဒီဘိခ္တို႔ကို ပြဲထြက္ေစခဲ့ကာ ရက္ရွ္ဖို႔နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကို အရန္ခုံမွာ ထိုင္ခိုင္း ခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ စိန္ပုံသ႑ာန္ကြင္းလယ္နဲ႔ တိုက္စစ္ႏွစ္ေယာက္ထားၿပီး ပထမဆုံးအႀကိမ္ ပြဲထြက္လာခဲ့သလို ဒီရာသီမွာ လူစာရင္းအလဲအလွယ္နဲ႔ အေျပာင္းအလဲေတြက လိုအပ္တယ္လို႔ မက္ဂြဲရားက ေထာက္ခံခဲ့ပါတယ္။

“၄ရက္တိုင္း ၁ပြဲကစားေနရတာက ထူးျခားတဲ့ ရာသီ ျဖစ္မွာပါ၊ ကစားသမားေတြကို အနားေပးဖို႔လိုတယ္၊ နည္းျပအတြက္ ေ႐ြးခ်ယ္စရာ လူအင္အားမ်ားစြာရွိတာ ေကာင္းပါတယ္၊ သူက ဒီညမွာ လူစာရင္း၅ေနရာ အေျပာင္းအလဲ လုပ္ခဲ့တယ္၊ ကစားရတဲ့သူေတြေရာ၊ မကစားရတဲ့သူေတြေရာ၊ ေန႔တိုင္း ေလ့က်င့္ေရးမွာ အလုပ္ႀကိဳးစားၿပီး ႀကံ့ခိုင္မႈကိုထိန္းသိမ္းေပးလို႔ ေက်းဇူးတင္ပါတယ္၊ ဒါက အသင္းလိုက္ အားထုတ္မႈပဲျဖစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ပြဲေတြအႏိုင္လိုခ်င္၊ ေအာင္ျမင္ခ်င္ရင္ အသင္းမွာရွိတဲ့လူတိုင္းကိုလိုအပ္ပါတယ္၊ ဒါက တကယ္ကို အေရးႀကီးတဲ့အရာပါ”လို႔ မက္ဂြဲရား က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။