ဘန်လေ Vs ချယ်ဆီး ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ဘန်လေ အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ အောက်တိုဘာ ၃၁ ရက် (စနေနေ့) ည ၉း၃၀ နာရီ မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ် အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် က သုံးသပ် ခန့်မှန်းမှုတွေ အခုလို ပြုလုပ်ထားပါတယ်။

အိုဝင် က – ” ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ အပတ်က စပါးကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်အပြီးမှာ နောက်ထပ် လန်ဒန် တစ်သင်း ဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ ဒီအပတ် ထိပ်တိုက်တွေ့နေပြန်ပါတယ်။ သူတို့က ဂိုးပေါက်ရှေ့ ဒီရာသီမှာ သိပ်ရောက်လေ့ မရှိသေးဘဲ ရှိနေတာပါ။ ချယ်ဆီးအသင်းကတော့ ကောင်းတဲ့ လက္ခဏာတွေ စတင် မြင်နေရပြီ ဖြစ်ပါတယ်။

ကြားရက်က ခရက်စ်နိုဒါနဲ့ ပွဲမှာလည်း ချယ်ဆီးက အကောင်းဆုံး အစွမ်းပြခဲ့ပါတယ် အဲဒီပွဲကနေ ယုံကြည်မှုတွေ သူတို့ တော်တော် ရလာမယ် ထင်ပါတယ်။ ချယ်ဆီးကသာ စိတ်ခံစားချက် ကောင်းကောင်းနဲ့ စတင်လိုက်ရင် သူတို့က နှစ်ဂိုးလောက် အသာနဲ့ နိုင်သွားဖို့ ရှိပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ ပေးဂိုး မရှိ ချယ်ဆီး အနိုင် (သို့မဟုတ်) ဘန်လေ 0-2 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ဘန္ေလ အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ ကစားရဖို႔ ရွိေနပါတယ္။ ပြဲခ်ိန္ကေတာ့ ေအာက္တိုဘာ ၃၁ ရက္ (စေနေန႔) ည ၉း၃၀ နာရီ မွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ က သံုးသပ္ ခန္႔မွန္းမႈေတြ အခုလို ျပဳလုပ္ထားပါတယ္။

အို၀င္ က – ” ဘန္ေလအသင္းဟာ ျပီးခဲ့တဲ့ အပတ္က စပါးကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႕ ရွံဳးနိမ့္အျပီးမွာ ေနာက္ထပ္ လန္ဒန္ တစ္သင္း ျဖစ္တဲ့ ခ်ယ္ဆီးအသင္းနဲ႕ ဒီအပတ္ ထိပ္တိုက္ေတြ႔ေနျပန္ပါတယ္။ သူတို႔က ဂိုးေပါက္ေရွ႕ ဒီရာသီမွာ သိပ္ေရာက္ေလ့ မရွိေသးဘဲ ရွိေနတာပါ။ ခ်ယ္ဆီးအသင္းကေတာ့ ေကာင္းတဲ့ လကၡဏာေတြ စတင္ ျမင္ေနရျပီ ျဖစ္ပါတယ္။

ၾကားရက္က ခရက္စ္နိုဒါနဲ႕ ပြဲမွာလည္း ခ်ယ္ဆီးက အေကာင္းဆံုး အစြမ္းျပခဲ့ပါတယ္ အဲဒီပြဲကေန ယံုၾကည္မႈေတြ သူတို႔ ေတာ္ေတာ္ ရလာမယ္ ထင္ပါတယ္။ ခ်ယ္ဆီးကသာ စိတ္ခံစားခ်က္ ေကာင္းေကာင္းနဲ႕ စတင္လိုက္ရင္ သူတို႔က နွစ္ဂိုးေလာက္ အသာနဲ႕ နိုင္သြားဖို႔ ရွိပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ေပးဂိုး မရွိ ခ်ယ္ဆီး အနုိင္ (သို႔မဟုတ္) ဘန္ေလ 0-2 ခ်ယ္ဆီး ျဖစ္ပါတယ္။