နွေမှာ ယူနိုက်တက် လူခေါ်မှားခဲ့လို့ ခုဆို ဆိုးရှား နောင်တ ရနေလောက်ပြီးလို့ ဂျင်မီရက်နက် ထုတ်ဖော်

မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားဟာ ပြီးခဲ့တဲ့နွေက ဒွန်နီ ဗန်ဒါဘိခ်ကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက် မှားခဲ့ပြီလို့ ခုနေ နောင်တရနေလောက်ပြီ ဖြစ်ကြောင်း ဂျင်မီ ရက်နက်ကတော့ ထုတ်ဖော် ပြောဆိုသွားပါတယ်။ ယူနိုက်တက်ဟာ နယ်သာလန်သားကို အေဂျက်ထံကနေ ပေါင် သန်း ၄၀ သုံးကာ ခေါ်ယူခဲ့တာ ဖြစ်ပတါယ်။

အသက် ၂၃ နှစ် အရွယ် ကွင်းလယ်သမားဟာ အိုးထရက်ဖို့ဒ် ရောက် ကစားသမား ဘ၀ အစပိုင်းကတော့ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ အခုထိ ပရီးမီးယားလိဂ် ပွဲထွက် လူစာရင်းကနေ ပါဝင်ရခြင်း မရှိသေးပါဘူး။ ဆိုးရှားကတော့ ဗန်ဒီဘိခ် မကစားရသေးတာ အတွက် စိတ်မပူဖို့ နေရာပေးမှာ ဖြစ်တယ်လို့ တဖွဖွ ပြောဆိုနေပေမယ့် ကွင်းလယ်မှာ ဆိုးရှား တစ်ယောက် နေရာပေးဖို့ ခက်နေဆဲ လို့ ရက်နက်က ယူဆထားပြီး ဗန်ဒီဘိခ် အစား ခံစစ် တစ်ယောက်ယောက် ခေါ်လိုက်တာက ကောင်းမယ်လို့ တွေးနေလောက်ပြီလို့ သုံးသပ်သွားပါတယ်။

” ဗန်ဒီဘိခ်က တကယ့် ပါရမီ ရှိတဲ့ ထူးချွန် ကစားသမား တစ်ဦးဆိုတာ ကျနေ်ာတို့ သိကြပါတယ်။ ဒါကို အေဂျက်နဲ့ ဟော်လန်အသင်းတွေမှာ မြင်ခဲ့ရပြီး ဖြစ်တယ်။ ဒါပေမယ့် ဆိုးရှားက သူ့ကို နေ့စဉ်နဲ့ အမျှ မြင်တွေ့နေတာပါ။ ကစားသမား တစ်ယောက်က သူ့အသင်းမှာ ထည့်သုံးဖို့ လုံလောက် ကောင်းမွန်မှု ရှိရင် ပေးကစားမှာပါ။ အခုက ဗန်ဒီဘိခ် အသင်း အတွက် မသင့်တော်သေးဘူးထင်လို့ သူ နေရာ မပေးတာပါ။

ဖြစ်နိုင်တာက ကြံ့ခိုင်မှု မကောင်းတာ ဖြစ်ဖြစ် ထရိန်နင်မှာ ဆိုးရှား မြင်ချင်သလောက် လုပ်မပြနိုင်တာ ဖြစ်ဖြစ်ပေါ့။ ဖာဘင်ညို လီဗာပူးကို ရောက်စတုန်းက ကလော့ပ် ပေးမကစးခဲ့တာ မှတ်မိကြမှာပါ။ ဒါပေမယ့် အဲဒီတုန်းက သူတို့ဆီမှာ ဒါက ကိစ္စကြီး မဟုတ်ခဲ့ဘူး။ လီဗာပူးက တခြားကစားသမားတွေနဲ့ သူ့ဘာသာ အဆင်ပြေနေခဲ့တယ်။ လီဗာပူးက အဲဒီလို လုပ်နိုင်ခဲ့ပေမယ့် မန်ချက်စတာ ကလပ်က ဒါမျိုး လုပ်မရတဲ့ အနေအထားပါ။

ဗန်ဒီဘိခ်က လီဗာပူးမှာဆို ခုလို ပွဲမကစားရတာ ပြသနာကြီး မဟုတ်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်မှာတော့ ကိစ္စကြီးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းက ရုန်းကန်နေရပြီး အားလုံးက ဗန်ဒီဘိခ် ကစားတာ မြင်ချင်နေကြပြီ။ အဲဒီမှာလည်း ပြသနာက သူ့ကို ဘယ်မှာ ဘယ်လို ထားကစားမလဲ ဆိုတာပါ။ ဆိုးရှားအတွက် ဆုံးဖြတ်က ဒါက သိပ်ခက်ပါတယ်။ သူ့အနေနဲ့ ဗန်ဒီဘိခ်ကို ထည့် မကစားတဲ့ လမ်းကို ရွေးဖြစ်မှာပါ။ သူသာ ပွင့်ပွင့်လင်းလင်း သဘောထား ပြသခွင့်ရရင် ဗန်ဒီဘိခ် ဝယ်ခဲ့တဲ့ ပေါင် သန်း ၄၀ ကို တခြား အသင်းမှာ လိုအပ်နေတဲ့ တစ်နေရာ ဝယ်ဖြည့်ချင်နေပါလိမ့်မယ်။ ” လို့ ရက်နက်က သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဗန်ဒီဘိခ်ဟာ အသင်း အစီအစဉ်တွေထဲ ကြီးမားတဲ့ အစိတ်အပိုင်း အဖြစ် ပါဝင်နေပြီး စိုးရိမ်ဖို့ မလိုကြောင်း ဒီအပတ်ထဲမှာ ပြောဆိုထားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ျပီးခဲ့တဲ့ေႏြက ဒြန္နီ ဗန္ဒါဘိခ္ကို ေခၚယူခဲ့တဲ့ ဆံုးျဖတ္ခ်က္ မွားခဲ့ျပီလို႔ ခုေန ေနာင္တရေနေလာက္ျပီ ျဖစ္ေၾကာင္း ဂ်င္မီ ရက္နက္ကေတာ့ ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။ ယူနိုက္တက္ဟာ နယ္သာလန္သားကို ေအဂ်က္ထံကေန ေပါင္ သန္း ၄၀ သံုးကာ ေခၚယူခဲ့တာ ျဖစ္ပတါယ္။

အသက္ ၂၃ နွစ္ အရြယ္ ကြင္းလယ္သမားဟာ အိုးထရက္ဖို႔ဒ္ ေရာက္ ကစားသမား ဘ၀ အစပိုင္းကေတာ့ ေမွ်ာ္မွန္းထားသလို ျဖစ္မလာခဲ့ဘဲ အခုထိ ပရီးမီးယားလိဂ္ ပြဲထြက္ လူစာရင္းကေန ပါ၀င္ရျခင္း မရွိေသးပါဘူး။ ဆိုးရွားကေတာ့ ဗန္ဒီဘိခ္ မကစားရေသးတာ အတြက္ စိတ္မပူဖို႔ ေနရာေပးမွာ ျဖစ္တယ္လို႔ တဖြဖြ ေျပာဆိုေနေပမယ့္ ကြင္းလယ္မွာ ဆုိးရွား တစ္ေယာက္ ေနရာေပးဖို႔ ခက္ေနဆဲ လို႔ ရက္နက္က ယူဆထားျပီး ဗန္ဒီဘိခ္ အစား ခံစစ္ တစ္ေယာက္ေယာက္ ေခၚလိုက္တာက ေကာင္းမယ္လို႔ ေတြးေနေလာက္ျပီလို႔ သံုးသပ္သြားပါတယ္။

” ဗန္ဒီဘိခ္က တကယ့္ ပါရမီ ရွိတဲ့ ထူးခၽြန္ ကစားသမား တစ္ဦးဆိုတာ က်ေန္ာတို႔ သိၾကပါတယ္။ ဒါကို ေအဂ်က္နဲ႕ ေဟာ္လန္အသင္းေတြမွာ ျမင္ခဲ့ရျပီး ျဖစ္တယ္။ ဒါေပမယ့္ ဆိုးရွားက သူ႔ကို ေန႔စဥ္နဲ႕ အမွ် ျမင္ေတြ႔ေနတာပါ။ ကစားသမား တစ္ေယာက္က သူ႔အသင္းမွာ ထည့္သံုးဖို႔ လံုေလာက္ ေကာင္းမြန္မႈ ရွိရင္ ေပးကစားမွာပါ။ အခုက ဗန္ဒီဘိခ္ အသင္း အတြက္ မသင့္ေတာ္ေသးဘူးထင္လို႔ သူ ေနရာ မေပးတာပါ။

ျဖစ္နုိင္တာက ၾကံ႕ခိုင္မႈ မေကာင္းတာ ျဖစ္ျဖစ္ ထရိန္နင္မွာ ဆိုးရွား ျမင္ခ်င္သေလာက္ လုပ္မျပနိုင္တာ ျဖစ္ျဖစ္ေပါ့။ ဖာဘင္ညိဳ လီဗာပူးကို ေရာက္စတုန္းက ကေလာ့ပ္ ေပးမကစးခဲ့တာ မွတ္မိၾကမွာပါ။ ဒါေပမယ့္ အဲဒီတုန္းက သူတို႔ဆီမွာ ဒါက ကိစၥၾကီး မဟုတ္ခဲ့ဘူး။ လီဗာပူးက တျခားကစားသမားေတြနဲ႕ သူ႔ဘာသာ အဆင္ေျပေနခဲ့တယ္။ လီဗာပူးက အဲဒီလို လုပ္နုိင္ခဲ့ေပမယ့္ မန္ခ်က္စတာ ကလပ္က ဒါမ်ိဳး လုပ္မရတဲ့ အေနအထားပါ။

ဗန္ဒီဘိခ္က လီဗာပူးမွာဆို ခုလုိ ပြဲမကစားရတာ ျပသနာၾကီး မဟုတ္ပါဘူး။ ဒါေပမယ့္ ယူနိုက္တက္မွာေတာ့ ကိစၥၾကီးပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အသင္းက ရုန္းကန္ေနရျပီး အားလံုးက ဗန္ဒီဘိခ္ ကစားတာ ျမင္ခ်င္ေနၾကျပီ။ အဲဒီမွာလည္း ျပသနာက သူ႔ကို ဘယ္မွာ ဘယ္လို ထားကစားမလဲ ဆိုတာပါ။ ဆိုးရွားအတြက္ ဆံုးျဖတ္က ဒါက သိပ္ခက္ပါတယ္။ သူ႔အေနနဲ႕ ဗန္ဒီဘိခ္ကို ထည့္ မကစားတဲ့ လမ္းကို ေရြးျဖစ္မွာပါ။ သူသာ ပြင့္ပြင့္လင္းလင္း သေဘာထား ျပသခြင့္ရရင္ ဗန္ဒီဘိခ္ ၀ယ္ခဲ့တဲ့ ေပါင္ သန္း ၄၀ ကို တျခား အသင္းမွာ လိုအပ္ေနတဲ့ တစ္ေနရာ ၀ယ္ျဖည့္ခ်င္ေနပါလိမ့္မယ္။ ” လို႔ ရက္နက္က သံုးသပ္ ေထာက္ျပသြားခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဗန္ဒီဘိခ္ဟာ အသင္း အစီအစဥ္ေတြထဲ ၾကီးမားတဲ့ အစိတ္အပိုင္း အျဖစ္ ပါ၀င္ေနျပီး စိုးရိမ္ဖို႔ မလိုေၾကာင္း ဒီအပတ္ထဲမွာ ေျပာဆိုထားခဲ့ပါတယ္။