တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓာတ် မရှိဘဲ ယူနိုက်တက် ကွင်းလယ်မှာ ကစားနေသူ နှစ်ဦးကို ပေါစခိုးလ် ပြစ်တင်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား ပေါစခိုးလ်ကတော့ အာဆင်နယ်ကို ရှုံးနိမ့်တဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကနေ တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓာတ် ပြင်းပြမှု မရှိဘဲကစားနေခဲ့ ကြတဲ့ တော်မီနေးနဲ့ ဖရက်တို့ နှစ်ဦးကို ဝေဖန်ပြစ်တင်မှု ပြုလုပ်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ အူဘာမီးယန်းရဲ့ တစ်လုံးတည်းသော ပင်နယ်တီ ဂိုးနဲ့ အနိုင်ရရှိသွာခဲ့တာ ဖြစ်ပေမယ့် ယူနိုက်တက်ဟာ အာဆင်နယ်ကို ခြိမ်းခြောက်နိုင်ဖို့ ပွဲချိန်တွင်း ရုန်းကန်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဖရက်၊ တော်မီနေးတို့နဲ့ ကွင်းလယ်မှာ စိန်ပွင့်ပုံ ခင်းကျင်း ကစားခဲ့သော်လည်း အာတီတာရဲ့ အာဆင်နယ် အသင်းကသာ ပို လွှမ်းမိုး ကစားသွားခဲ့တာကြောင့် ဆိုးရှား ကိုယ်တိုင် သူ့ ကွင်းလယ် အခင်းအကျင်းကို ပြန်ပြင်ခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်က ရှုံးပွဲ အပြီးမှာ အသင်း ကစားသမားဟောင်းကြီးတွေက များစွာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး စခိုးလ်လည်း အပါအဝင် ဖြစ်ကာ ၎င်းက ကွင်းလယ်သမား နှစ်ဦးကို အဓိကထား ပြောဆိုခဲ့ပါတယ်။

” အိုးထရက်ဖို့ဒ်မှာ ကျေနာ် မြင်ဖူးသမျှထဲ အဆိုးဝါးဆုံး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံကို မြင်တွေ့ခဲ့ရတာပါ။ အာဆင်နယ် သိပ်ကောင်းကောင်း လုပ်ပြသွားတာကိုလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ယူနိုက်တက် ဆီကနေ ဒိထက် ပို မျှော်လင့်ခဲ့ကြတာပါ။ အထူးသဖြင့် ကွင်းလယ် နှစ်ယောက် ဆီကပေါ့။

ပထမပိုင်းပြီး နားချိန်တုန်းက ကျနော် ပြောခဲ့ပါတယ်။ အသင်းရဲ့ အကောင်းဆုံး ပုံစံကို ရဖို့ ဆိုရင် ဂိုးလည်း သွင်းနိုင် ဖန်တီးနိုင်တဲ့ ကွင်းလယ်တွေ လိုတယ်ပေါ့။ အသင်း ကွင်းလယ်က နှစ်ယောက် ဘောလုံး ပိုင်ဆိုင်မှု ရဖို့ လုပ်နိုင် ထိန်းနိုင်ပေမယ့် ခုနက ပြောတဲ့ အရည်အသွေးတွေ ပျောက်ဆုံးနေတယ်။

သူတို့က ကွင်းလယ် ဖန်တီးမှု လုပ်တာ မဟုတ်ဘူး ကွင်းလယ် အထိုင် အနေနဲ့ ကစားသွားတာ။ တိုက်ရည် ခိုက်ရည် မရှိဘူး စိတ်ဓာတ် မရှိဘူး။ ဘောလုံးကို ဧရိယာထဲ ရောက်ဖို့ ရအောင် ယူပြီး အခွင့်အရေးတွေ မျှော်လင့်ကြသလို လုပ်ပေးဖို့ စိတ်ပိုင်းဖြတ်မှု မရှိဘူး။

သူတို့က ဘယ်လို လုပ်ရမှန်းကို သိပုံ မရဘူး။ ဂိုးပေါက် တည့်တဲ့ နှစ်ကြိမ် ရှိတယ်။ တစ်ကြိမ်က မာတစ် ညာခြေနဲ့ ကန်သွားတာ။ တကယ် စိတ်ပျက်ဖို့ ကောင်းတဲ့ ညနေခင်းပါ။ ဒီပွဲကနေ သူတို့ ပြန်နိုးထဖို့ လိုပါတယ်။ ” လို့ စခိုးလ်က စိတ်ပျက်လက်ပျက် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲကလည်း ဒီရာသီ ခြေကောင်းနေတဲ့ အဲဗာတန်နဲ့ တွေ့မှာ ဖြစ်လို့ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ အိမ်ကွင်း နိုင်ပွဲ မရသေးတဲ့ ဆိုးရှား အနေနဲ့ အဖြေ ရှာဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၆ ပွဲကနေ ၇ မှတ်သာ ရရှိထားပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ဂႏၱ၀င္ ကစားသမား ေပါစခိုးလ္ကေတာ့ အာဆင္နယ္ကို ရွံဳးနိမ့္တဲ့ ပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္ကေန တိုက္ရည္ခိုက္ရည္နဲ႕ စိတ္ဓာတ္ ျပင္းျပမႈ မရွိဘဲကစားေနခဲ့ ၾကတဲ့ ေတာ္မီေနးနဲ႕ ဖရက္တို႔ နွစ္ဦးကို ေ၀ဖန္ျပစ္တင္မႈ ျပဳလုပ္သြားခဲ့ပါတယ္။

အာဆင္နယ္ဟာ အူဘာမီးယန္းရဲ႕ တစ္လံုးတည္းေသာ ပင္နယ္တီ ဂိုးနဲ႕ အနုိင္ရရွိသြာခဲ့တာ ျဖစ္ေပမယ့္ ယူနိုက္တက္ဟာ အာဆင္နယ္ကို ျခိမ္းေျခာက္နုိင္ဖို႔ ပြဲခ်ိန္တြင္း ရုန္းကန္ခဲ့ရပါတယ္။ ယူနိုက္တက္ဟာ ဘရူနို ဖာနန္ဒက္စ္၊ ေပါ့ဘာ၊ ဖရက္၊ ေတာ္မီေနးတို႔နဲ႕ ကြင္းလယ္မွာ စိန္ပြင့္ပံု ခင္းက်င္း ကစားခဲ့ေသာ္လည္း အာတီတာရဲ႕ အာဆင္နယ္ အသင္းကသာ ပို လႊမ္းမိုး ကစားသြားခဲ့တာေၾကာင့္ ဆိုးရွား ကိုယ္တိုင္ သူ႔ ကြင္းလယ္ အခင္းအက်င္းကို ျပန္ျပင္ခဲ့ရပါတယ္။

ယူနိုက္တက္ရဲ႕ အိုးထရက္ဖို႔ဒ္က ရွံဳးပြဲ အျပီးမွာ အသင္း ကစားသမားေဟာင္းၾကီးေတြက မ်ားစြာ ေ၀ဖန္မႈေတြ ျပဳလုပ္ခဲ့ၾကျပီး စခိုးလ္လည္း အပါအ၀င္ ျဖစ္ကာ ၄င္းက ကြင္းလယ္သမား နွစ္ဦးကို အဓိကထား ေျပာဆိုခဲ့ပါတယ္။

” အိုးထရက္ဖို႔ဒ္မွာ ကေ်နာ္ ျမင္ဖူးသမွ်ထဲ အဆိုး၀ါးဆံုး မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ကစားပံုကို ျမင္ေတြ႔ခဲ့ရတာပါ။ အာဆင္နယ္ သိပ္ေကာင္းေကာင္း လုပ္ျပသြားတာကိုလည္း အသိအမွတ္ျပဳဖို႔ လိုပါတယ္။ ဒါေပမယ့္ တစ္ဖက္မွာလည္း ယူနိုက္တက္ ဆီကေန ဒိထက္ ပို ေမွ်ာ္လင့္ခဲ့ၾကတာပါ။ အထူးသျဖင့္ ကြင္းလယ္ နွစ္ေယာက္ ဆီကေပါ့။

ပထမပိုင္းျပီး နားခ်ိန္တုန္းက က်ေနာ္ ေျပာခဲ့ပါတယ္။ အသင္းရဲ႕ အေကာင္းဆံုး ပံုစံကို ရဖို႔ ဆိုရင္ ဂိုးလည္း သြင္းနိုင္ ဖန္တီးနုိင္တဲ့ ကြင္းလယ္ေတြ လိုတယ္ေပါ့။ အသင္း ကြင္းလယ္က နွစ္ေယာက္ ေဘာလံုး ပိုင္ဆိုင္မႈ ရဖို႔ လုပ္နုိင္ ထိန္းနုိင္ေပမယ့္ ခုနက ေျပာတဲ့ အရည္အေသြးေတြ ေပ်ာက္ဆံုးေနတယ္။

သူတို႔က ကြင္းလယ္ ဖန္တီးမႈ လုပ္တာ မဟုတ္ဘူး ကြင္းလယ္ အထိုင္ အေနနဲ႕ ကစားသြားတာ။ တိုက္ရည္ ခိုက္ရည္ မရွိဘူး စိတ္ဓာတ္ မရွိဘူး။ ေဘာလံုးကို ဧရိယာထဲ ေရာက္ဖို႔ ရေအာင္ ယူျပီး အခြင့္အေရးေတြ ေမွ်ာ္လင့္ၾကသလို လုပ္ေပးဖို႔ စိတ္ပိုင္းျဖတ္မႈ မရွိဘူး။

သူတို႔က ဘယ္လို လုပ္ရမွန္းကို သိပံု မရဘူး။ ဂိုးေပါက္ တည့္တဲ့ နွစ္ၾကိမ္ ရွိတယ္။ တစ္ၾကိမ္က မာတစ္ ညာေျခနဲ႕ ကန္သြားတာ။ တကယ္ စိတ္ပ်က္ဖို႔ ေကာင္းတဲ့ ညေနခင္းပါ။ ဒီပြဲကေန သူတို႔ ျပန္နုိးထဖို႔ လိုပါတယ္။ ” လို႔ စခိုးလ္က စိတ္ပ်က္လက္ပ်က္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ ေနာက္ထပ္ ပရီးမီးယားလိဂ္ ပြဲကလည္း ဒီရာသီ ေျခေကာင္းေနတဲ့ အဲဗာတန္နဲ႕ ေတြ႔မွာ ျဖစ္လို႔ ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ အိမ္ကြင္း နုိင္ပြဲ မရေသးတဲ့ ဆိုးရွား အေနနဲ႕ အေျဖ ရွာဖို႔ လိုအပ္ေနျပီ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ၆ ပြဲကေန ၇ မွတ္သာ ရရွိထားပါတယ္။